ထိုင်ဝမ်အခြေစိုက် အိပ်ချ်တီစီ (HTC) ကုမ္ပဏီက အသစ်ထပ်မံထုတ်လုပ်လိုက်သည့်
HTC 10Evo နှင့် HTC U Play စမတ်ဖုန်းအသစ်ကို ပြည်တွင်းစျေးကွက်တွင် ဇူလိုင် ၂၆
ရက်က စတင်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း HTC ၏ Authorize Distributor ဖြစ်သော
KMD က ထုတ်ပြန်သည်။
အဆိုပါ HTC 10 Evo စမတ်ဖုန်းတွင် ရေစိုဒဏ်ခံနိုင်မှု IP 57 Dust and Water Resistant
စနစ်ကိုအသုံးပြုထားပြီး Octa Core 1.5 GHz Processer Qualcomm Snapdragon 810
Chipset အမျိုးအစား CPU ကို အသုံးပြုထားသည်။
၅ ဒသမ ၅ လက်မအရွယ် မျက်နှာပြင်ရှိပြီးLCD 3 Capacitive Touchscreen အမျိုး
အစားကို အသုံးပြုထားသည်။
ထို့ပြင် ရှေ့ကင်မရာ ရှစ်မဂ္ဂါပစ်ဇယ်နှင့် နောက်ကင်မရာ (အဓိကကင်မရာ) ၁၆ မဂ္ဂါပစ်ဇယ်
ကိုအသုံးပြုထားကာ ကင်မရာနှစ်ခုစလုံးတွင် Aperture f/2.0 ထိပါဝင်သည်။ Dual LED
Flash ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ဖုန်းရှေ့ဘက်တွင် Fingerprint ပါရှိ၍ Talk Time
အသုံးပြုမည်ဆိုလျှင် ၂၃ နာရီ ကြာမြင့်အောင်အသုံးပြုနိုင်မည့် Li-lon 3200 mAh
ဘက်ထရီကိုအသုံးပြုထားသည်။
4G ကွန်ရက်ကိုအသုံးပြုနိုင်ပြီး Single sim ဖုန်းအမျိုးအစားဖြစ်သည့်အပြင် RAM 3G နှင့်
Internal Storage 32GB အထိ အသုံးပြုနိုင်သည်။
Micro SD ကတ်ကိုအသုံးပြု၍ 2TB အထိ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အတူ HTC U Play စမတ်ဖုန်းတွင်လည်း စွမ်းဆောင်ရည်မြင့် Mediatek Helio P10
Chipset နှင့် 2.0GHz မြန်နှုန်းရှိ Octa- Core Processer CPU ကို အသုံးပြုထားပြီး
မျက်နှာပြင် ၅ ဒသမ ၂ လက်မ အရွယ်အစားရှိသည်။
အဆိုပါဖုန်း၏ ထူးခြားချက်မှာ ရှေ့၊ နောက်ကင်မရာနှစ်မျိုးစလုံးကို ၁၆ မဂ္ဂါပစ်ဇယ်
အသုံးပြုထားပြီး Li-lon 2500 mAh ဘက်ထရီ ထည့်သွင်းအသုံးပြုထားသည်။
4G ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်ပြီး 3GB RAM နှင့် Internal Storage
32 GB ထည့်သွင်းထားသည်။
Micro SD ကတ်အသုံးပြုကာ 2TB အထိ ထပ်တိုးအသုံးပြုနိုင်မည်ဖြစ်သည်။
HTC 10Evo ကို အမဲရောင်နှင့် ငွေရောင်ဖြင့်လည်းကောင်း၊ HTC U Play ကို
အပြာရောင်နှင့် ငွေရောင်ဖြင့်လည်းကောင်း ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
စျေးကွက်တွင် တစ်နှစ်အာမခံဖြင့် HTC 10Evo ကို ၃၇၉,ဝဝဝ ကျပ်၊ HTC U Play ကို
၅ဝ၉,ဝဝဝ ကျပ်တို့ဖြင့် KMD အရောင်းစင်တာများတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။
HTC စမတ်ဖုန်းများသည် ၂ဝ၁၃ ဇန်နဝါရီလကစတင်ကာ မြန်မာစာ စနစ်သုံး အန်းဒရွိုက်
စမတ်ဖုန်းများဖြင့် ပြည်တွင်းစျေးကွက်သို့ ပထမဦးဆုံးဝင်ရောက်လာခြင်းဖြစ်သည်။

















