MOBA လို့ဆိုလိုက်ရင် တော်တော်များများက Dota2 ကို ပြေးမြင်မှာဖြစ်ပေမဲ့ တကယ်တမ်းလူဆော့အများဆုံး အွန်လိုင်း မာလ်တီပလေယာဂိမ်းကတော့League of Legends ဖြစ်ပါတယ်။
Free to Playအမျိုးအစား - Strategy, Simulationထုတ်လုပ်သူ - Underdog Codersပလက်ဖောင်း - iOS, Android (Beta)
MOBA လို့ဆိုလိုက်ရင် တော်တော်များများက Dota2 ကို ပြေးမြင်မှာဖြစ်ပေမဲ့ တကယ်တမ်းလူဆော့အများဆုံး အွန်လိုင်း မာလ်တီပလေယာဂိမ်းကတော့League of Legends ဖြစ်ပါတယ်။
LOLလို့လူသိများတဲ့ အဆိုပါဂိမ်းရဲ့ မူပိုင်ဒီဇိုင်းတွေကို မိုဘိုင်းဂိမ်းတွေထဲမှာ သုံးစွဲခြင်းခံရမှု အများဆုံးလို့ ဆိုရမှာပါ။
ယခုအသစ်ထွက်လာတဲ့LOL Champion Manager ဂိမ်းကတော့ တုပထားတာမဟုတ်ဘဲLOL ဂိမ်းကြီးတစ်ခုလုံးကို အခြေခံထားလိုက်တဲ့ Simulation ဂိမ်းဖြစ်ပါတယ်။ LOL champion တွေကို ကတ်ဂိမ်းတွေလို စုဆောင်းဝယ်ယူပြီး အကွက်ချကစားရမယ့် ဂိမ်းဖြစ်ပါတယ်။
LOL ချန်ပီယံဆိုတာက ဒိုတာဟီးရိုးတွေလိုပဲ ထိန်းချုပ်ကစားရမယ့် ကာရိုက်တာတွေဖြစ်ပြီး ၁၃၇ ကောင်ထိရှိပါတယ်။ တစ်ကောင်ချင်းဆီမှာ မတူညီတဲ့စွမ်းရည်နဲ့ အားသာချက်တွေ၊ အားနည်းချက်တွေရှိပါတယ်။ ကစားသူက ကိုယ်ရွေးချယ်ထားတဲ့ ချန်ပီယံငါးကောင်နဲ့ ပြိုင်ဘက်ကစားသမားတွေကို အနိုင်ယူရမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ကစားသူအတွက် ရွေးချယ်ဖို့ ချန်ပီယံအနည်းငယ်ကို စပေးမှာဖြစ်ပြီး အသန်မာဆုံးငါးယောက်နဲ့ အရန်ငါးယောက်ကို Teamာ ဆိုတဲ့နေရာမှာ ရွေးချယ်ရမှာပါ။UI က တော်တော်ရှင်းလင်းပြီး သုံးရတာလွယ်ကူတယ်။ ကိုယ့်ဗျူဟာကို ဒုက္ခပေးနိုင်မယ့် ချန်ပီယံတွေကို ပြိုင်ဘက်က မရွေးချယ်နိုင်အောင် ပွဲမစခင်ထဲက Ban ထားလို့ရပါတယ်။
ကစားပုံကတော့ Battle ကိုနှိပ်လိုက်ပြီး ပြိုင်ဘက်ကို ရှာဖွေရုံပါပဲ။ ပြိုင်ဘက်ကိုတွေ့တာနဲ့ ကိုယ်စီစဉ်ထားတဲ့အတိုင်း ကိုယ့်အသင်းမှာထည့်ဖို့ ငါးကောင်ကို ရွေးချယ်ရမှာဖြစ်တယ်။
ရွေးချယ်ရမယ့် role တွေကတော့ Top, Jungle, Mid, ADC, Support တို့ပဲဖြစ်ပါတယ်။ ADC, Support နှစ်ယောက်က တစ်လမ်းသွားရမှာဖြစ်ပြီး အချင်းချင်းထောက်ပံ့ပေးနိုင်တဲ့ ချန်ပီယံတွေကို ရွေးထားရင် နှစ်ယောက်စလုံးရဲ့ OP တက်လာမှာဖြစ်တယ်။
ပြီးရင်တော့ ကစားသူက နှစ်မိနစ်သာကြာမယ့် ကစားပွဲလေးကို ထိုင်ကြည့်ရုံပါပဲ။ မိုဘိုင်းSimulation ဂိမ်းဖြစ်တာကြောင့် သရီးဒီပုံရိပ်တွေနဲ့ တိုက်ခိုက်တာကိုတော့ လောလောဆယ် မြင်ရဦးမှာမဟုတ်ပါဘူး။ တစ်လမ်းချင်းစီ ယှဉ်ပြိုင်ရာကနေ အရှိန်ရလာတဲ့အခါ Team fight တွေပုံစံ ပြောင်းလဲသွားတာကို ထိုင်ကြည့်နေရမှာပါ။ ပွဲစဉ်အတွင်းမှာ ပြောင်းလဲမှုလည်း ဘာမှလုပ်လို့ မရသေးပါဘူး။
ဒီဂိမ်းက အခြေခံအားဖြင့်တော့ ချန်ပီယံတွေကို in-game purchase ကနေ များများဝယ်၊ တစ်ဖက်လူရဲ့ ရွေးချယ်မှုကို ကောင်တာပြန်ပြီး အနိုင်ယူရမယ့် ပုံစံနဲ့ တည်ဆောက်ထားတာပါ။ ခက်တာက OP ပိုမြင့်တဲ့ဘက်ကပဲ အနိုင်ရမှာမို့ ချန်ပီယံတွေကို ငွေပေးပြီး upgrade တင်ဖို့ လိုအပ်ပါတယ်။
ကြာကြာကစားရင် ပျင်းလာနိုင်ပေမဲ့ LOL ကစားသူတွေသာမကဘဲ MOBA ကစားသမားဘယ်သူမဆို အလွယ်တကူ ကစားနိုင်ပြီး သပ်သပ်ရပ်ရပ်ဖန်တီးထားတဲ့ဂိမ်းလည်း ဖြစ်ပါတယ်။
Simulation, strategy အမျိုးအစားနှစ်သက်တဲ့ မိုဘိုင်းဂိမ်းကစားသူတွေလည်း စမ်းသပ်ဆော့ကြည့်နိုင်ပြီး LOL လုံးဝ မဆော့ဖူးတဲ့သူတွေလည်း ကစားနိုင်ပါတယ်။ လောလောဆယ် အန်းဒရွိုက်မှာတော့ ဘီတာစမ်းသပ်အဆင့်ပဲရှိသေးပြီး နောက်ထပ် update တွေမှာ အများကြီးတိုးတက်လာနိုင်တဲ့ မိုဘိုင်းဂိမ်းကောင်းလေးတစ်ခုပါ။

















