နည်းပညာကျွမ်းကျင်သူတွေ အမျိုးမျိုး ခန့်မှန်း ပြောဆိုနေကြတဲ့ ဆမ်ဆောင်းရဲ့ စမတ်လက်ပတ်နာရီ

နည်းပညာကျွမ်းကျင်သူတွေ အမျိုးမျိုး ခန့်မှန်း ပြောဆိုနေကြတဲ့ ဆမ်ဆောင်းရဲ့ စမတ်လက်ပတ်နာရီ

နည်းပညာအသိုင်းအဝိုင်းအတွင်းမှာ အလွန် အမင်း စန်းတင်ပြောဆိုနေတဲ့ စမတ်လက်ပတ်နာရီ
မှာ ဘာတွေပါမယ်ဆိုတာကိုပါ ခန့်မှန်းပြောဆိုလာကြတဲ့အတွက် ဆမ်ဆောင်းဟာ နောက်လမှာ
စမတ်နာရီတစ်မျိုးကို ပွဲထုတ်ပေးလိမ့်မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်တဲ့ ကောလာဟလဟာ ပိုပြီး
အရှိန်ကောင်းကောင်း နဲ့ ထွက်ပေါ်နေပါတယ်။

ဂူးဂဲလ်ရဲ့ စမတ်မျက်မှန်အပါအဝင် ၀တ်ဆင်လို့ရတဲ ကွန်ပျူတာသုံးစွဲခြင်းကို စမတ်ဖုန်းနောက်ပိုင်း
လူသုံးအီလက်ထရွန်းနစ်ပစ္စည်းသစ်တစ်ခုအဖြစ် သတ်မှတ်လာကြပါပြီ။ အက်ပဲလ်ဟာ iWatch
ကို ထုတ်လုပ်ဖို့ ကြိုစားနေတယ်လို့ ကောလာဟလတွေ ထွက်နေ ချိန်မှာ ဆမ်ဆောင်းဟာ သူ့ရဲ့
ပြိုင်ဘက်ထက် ဦးအောင် ပစ္စည်းသစ်ကိုထုတ်ပြီး အခွင့်အရေးရဖို့အတွက် ဘာလင်မှာ စက်တင်
ဘာလ ပထမ ရက်သတ္တပတ်အတွင်း ကျင်းပမယ့် အိုင်အက်ဖ် အေ ကုန်စည်ပြပွဲမှာ သူ့ရဲ့ ဂလက်
ဆီဂီယာ စမတ်နာရီကို ပွဲထုတ်ပြသဖို့ ကြိုးစားနေတယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။

ဆမ်ဆောင်းကတော့ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပြောနေကြတာကို ငြင်းပယ်ပြောဆိုတာ
မျိုး မရှိသလို အတည်ပြုပြောကြားတာမျိုးလည်း မရှိပါဘူး။ ဒါ့ပြင် ပစ္စည်းသစ်ရဲ့ ပုံစံနဲ့ နည်းပညာ
တွေနဲ့ ပတ်သက်ပြီးတော့ လည်း ဘာမှမပြောပြပါဘူး။

ဒါပေမဲ့လည်း နည်းပညာနဲ့ပတ်သက်ပြီး အဓိကဖော်ပြတဲ့ဝက်ဘ်ဆိုက်တွေမှာ ခန့်မှန်း ပြောဆို
နေကြတာတွေ မရပ်သွားတဲ့အပြင် ပစ္စည်းနမူနာပုံစံရထားတဲ့ အက်ပလီကေးရှင်းကုမ္ပဏီတွေက
သတင်းပေးတွေရဲ့ ပြောကြား ချက်ကို အခြေခံပြီး ပစ္စည်းသစ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို
ဖော်ပြထားကြပါတယ်။

အစောပိုင်း သတင်းတွေမှာတော့ စမတ်နာရီဟာ ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ပြီး အီးမေးလ်ပေးပို့ဖတ်ရှု
တာနဲ့ အင်တာနက်အသုံးပြုတာတွေလည်း ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

The Verge ၀က်ဘ်ဆိုက်မှာတော့ စမတ်နာရီ ဟာ ဆင်းကတ်၊ ဆဲလ်လူလာ ရေဒီယိုနဲ့ အချက်
အလက်ဆိုင်ရာ အဆက်အသွယ်တွေပါ၀င် တဲ့ စနစ်တစ်မျိုးနဲ့ ထိန်းချုပ်ထားတဲ့ ဖုန်း နာရီမျိုးတော့
မဟုတ်ပါဘူးလို့ အတွင်းသိ တစ်ဦးက ပြောပြတာကို ကိုးကားဖော်ပြထား ပါတယ်။

အဲဒါတွေအပြင် Bluetooth နည်းပညာကို အသုံးပြုပြီး သုံးစွဲသူရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံး
ပြုတာမျိုးတွေလည်း ပြုလုပ်လို့ရပါတယ်လို့ သတင်းပေးက ပြောပါတယ်။ GigaOM ၀က်ဘ်ဆိုက်
မှာလည်း ဆမ်ဆောင်းစမတ်လက်ပတ်နာရီရဲ့ လက်ပတ်ကြိုးမှာ ကင်မရာတစ်ခုနဲ့ နာရီလက်ပတ်
ကြိုး က ချိတ်မှာ စပီကာသေးသေးလေး တစ်ခု တပ်ဆင်ထားဖွယ်ရာရှိတယ်လို့ သတင်းရင်းမြစ်
တော်တော်များများရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။

တောင်ကိုရီးယား မူပိုင်ခွင့်ရုံးက မေလမှာ အတည်ပြုပေးခဲ့တဲ့ ဆမ်ဆောင်းဂီယာအတွက် မူပိုင်ခွင့်
နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ၀က်ဘ်ဆိုက်က ပေးထားတဲ့ အချက်အလက် တွေလည်း
ဒီဝက်ဘ်ဆိုက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

မူပိုင်ခွင့်မှာ ဖော်ပြထားတဲ့ ပုံစံအရ ဆမ်ဆောင်းရဲ့ ပစ္စည်းသစ်ဟာ မိုက်ခရိုဖုန်းအသေးစား ဒါမှ
မဟုတ် စပီကာအသေးစာလေးနဲ့တူသလို နာရီလက်ပတ်ကြိုးချိတ်မှာ မန်မိုရီ စတစ်ထိုးတဲ့နေရာ
လည်း ပါတယ်လို့ သိရ ပါတယ်။ ပြီးတော့ နာရီရဲ့ အဓိက မျက်နှာပြင် အတွက် မှန်အခွက်မျိုးကို
သုံးဖွယ်ရာရှိတယ်လို့ ဆိုထားပါတယ်။

ဆမ်ဆောင်းဟာ ဒီနာရီအတွက် ဒီဇိုင်းကို အသေအချာ ဆန်ခါတင်ရွေးချယ်ထားတာ ဖြစ်ပေမယ့်
၂ ဒသမ ၅ လက်မ အိုအယ်လ်အီးဒီ စကရင်အပါအဝင် တခြားသာမန် ပစ္စည်းအစိတ်အပိုင်းတွေ
လည်း ပါ၀င်တယ်လို့ GigaOM ၀က်ဘ်ဆိုက်ကို သတင်းပေးတဲ့သူက ပြောပါတယ်။

ဒါ့ပြင် မျက်လုံးရဲ့ လှုပ်ရှားမှုကို အာရုံခံပြီး အဖွင့်အပိတ်လုပ်ပေးနိုင်မယ့် 'လှုပ်ရှားမှုအာရုံခံပစ္စည်း'
လည်း ပါ၀င်ပါ တယ်။ စကရင်ကလည်း ထုံးစံအတိုင်း ထိတွေ့ တာ၊ ပွတ်ဆွဲတာနဲ့ လှုပ်ရှားမှုပုံစံ
အမျိုးမျိုး ကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ စကရင်ရဲ့ အရွယ်အစားအရ စာသားထည့်ရိုက်တာတော့
လုပ်လို့မရပါဘူး။

အက်ပလီကေးရှင်းထုတ်လုပ်တဲ့ evernote ကုမ္ပဏီရဲ့ စီအီးအို Phil Libin က စမတ်နာရီ နည်း
ပညာဟာ တိုးတက်မှုရှိလာပေမယ့် စမ်းသပ်လေ့လာဆဲအဆင့်မှာပဲ ရှိသေးတယ်လို့ GigaOM
၀က်ဘ်ဆိုက်ကို ပြောပါတယ်။

"ခြောက်လ တစ်နှစ်အတွင်းမှာတော့ ဘယ်သူကမှ အပြည့်စုံဆုံး ဖြစ်မလာနိုင်သေးပါဘူး။ ဒါပေမဲ့
နောက်နှစ်နှစ် သုံးနှစ်မှာဆိုရင်တော့ အပြည့်စုံဆုံး ဖြစ်လာနိုင်ပါတယ်။ဒီပစ္စည်းကတော့ လူတွေ
မှန်းထားတာထက် ပိုစောပြီးထွက်လာမှာပါ" လို့ Libin က ပြော ပါတယ်။ အီလက်ထရွန်းနစ်
ပစ္စည်းတစ်ခုနဲ့တစ်ခု ဆက်သွယ်အသုံးပြုလို့ရတဲ့ လက်ပတ်နာရီမျိုး ထုတ်လုပ်မယ့် စိတ်ကူးရခဲ့တာ
ကတော့ အနည်းဆုံး ဆယ်နှစ်လောက် ရှိပါပြီ။ ၂၀၀၃ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်က တစ်ခု ပြုလုပ်ခဲ့ပါ
သေးတယ်။

ဆိုနီ၊ Pebble နဲ့ အီတလီအခြေစိုက်ကုမ္ပဏီ i'm watch အပါအဝင် ကုမ္ပဏီတချို့က ထုတ်လုပ်
ထားတဲ့ ပစ္စည်းတွေကို ဈေးကွက်ထဲမှာ တွေ့နိုင်ပါသေးတယ်။ အခုအချိန်အထိကတော့ စမတ်
လက်ပတ်နာရီတွေကို သုံးစွဲသူရဲ့ ဖုန်းနဲ့ ကြိုးမဲ့ ချိတ်ဆက်ထားပြီး မက်ဆေ့ချ်အသစ်ဝင်ရင် အချက်
ပေးတာမျိုးနဲ့ ၀က်ဘ်ဆိုက်တချို့နဲ့ ချိတ်ဆက်လို့ ရတာမျိုးပဲ အသုံးပြုနိုင်ပါသေးတယ်။

ဒါပေမဲ့ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး လက်ရှိအသုံးပြုနေတဲ့ ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင် ရေးဆိုင်
ရာ စက်တွေကို အခြေခံပြီး အာရုံစိုက် လုပ်ကြမယ်ဆိုရင် အက်ပလီကေးရှင်းကုမ္ပဏီ တွေဟာ
လုပ်ဆောင်ချက်အသစ်တွေကို ဖန်တီး ထုတ်လုပ်လာနိုင်မှာပါလို့ ကျွမ်းကျင်သူတွေ က သုံးသပ်
ထားပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်