တန်းဖိုးနည်း မိုဘိုင်းဆင်းကတ်များချထားပေး သည့်အချိန်ကာလအတွင်း ဟန်းဆက်ဈေးကွက်
အနည်းငယ်လှုပ်ရှားမှုရှိခဲ့သော် လည်း နောက်ပိုင်းရက်အနည်းငယ်တွင် ဟန်းဆက်ဈေးကွက်မှာ
ပြန်လည်တည်ငြိမ်သွားလေ့ရှိကြောင်း မိုဘိုင်းဖုန်းဟန်းဆက်အရောင်းဆိုင်ကြီးများမှ တာဝန်ရှိသူ
များက ပြောသည်။
ကျပ်နှစ်သိန်းတန် ဖုန်းဆင်းကတ်များချထားပေးသည့်အချိန်က ရောင်းအားကောင်း ခဲ့သော် ဟန်း
ဆက်ဈေးကွက်မှာ ယခုတန်ဖိုး နည်း ဆင်းကတ်များ ချထားပေးသည့် အချိန်တွင်မူ ရောင်းအား
အနည်းငယ်သာရှိသည်ဟုဆိုသည်။
"တန်ဖိုးနည်းဆင်းကတ်တွေ ထုတ်ပေးတဲ့အချိန်ဆိုရင် ပုံမှန်လေးထက် နည်းနည်းပိုရောင်းရတယ်။
ဒါပေမဲ့ နှစ်သိန်းတန်ဖုန်း တွေ ထွက်တုန်းကလိုတော့ မရောင်းရပါ ဘူး။ ဟန်းဆက်ဈေးကွက်ကတော့
မှန်းလို့တော့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်းကတ်တွေ ကို ဘယ်ရပ်ကွက်မှာ ဘယ်လောက်
ချပေးမယ် မှန်းလို့ မရဘူး။ နှစ်သိန်းတန်တုန်းကတော့ မထင်မှတ်ပဲ ဟန်းဆက်တွေ တော်တော်
လေးရောင်းလိုက်ရတယ်"ဟု Mobile Country မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တန်ဖိုးနည်းဆင်းကတ်များချထားခဲ့ခြင်းကြောင့် ကျပ်တစ်သိန်းဝန်ကျင် အန်းဒရိုက်စနစ်သုံး
ဟန်းဆက်များ ပိုပြီးရောင်းအားကောင်းလာကြောင်း လူကြီးမင်း မိုဘိုင်းဆိုင်မှ အထွေထွေမန်နေဂျာ
ဒေါ်ဇာခြည်လင်းကပြောသည်။
"အခုဈေးကွက်အရဆိုရင် ဆင်းကတ်တွေချပေးတဲ့ အချိန်လောက်ပဲ ဟန်းဆက်တွေ နည်းနည်း
အရောင်းသွက်တယ်။ ဆင်းကတ်တွေချပေးပြီး အချိန်တော်တော် ကြာသွားရင်တော့ ရောင်းအား
ကပြန်ငြိမ်သွားတယ်။ တချို့ ကလည်း ရှိပြီးသာဟန်းဆက်အဟောင်းကိုပြန်သုံးကြတယ်။
Keypad ထက်စာရင် အန်းဒရိုက် စနစ်သုံးဟန်းဆက်တွေက ပိုရောင်းအားကောင်း လာနိုင်ပါတယ်။
အန်းဒရိုက်ဟန်းဆက်မှာ လည်း ကျပ်တစ်သိန်းဝန်ကျင်လောက်ဈေးရှိတဲ့ ဟန်းဆက်တွေပိုရောင်းရ
လာ နိုင်ပါတယ်" ဟု ၎င်းကပြောသည်။
KKA မိုဘိုင်းဆိုင်မှမပပက "လက်ရှိဟန်းဆက်ဈေးကွက်က အေးနေပါတယ်။ အရင်တုန်း
စီဒီအမ်အေဆင်းကတ်တွေချပေးတုန်းကဆို ရင် ဟန်းဆက်တွေ အရမ်းရောင်းရတယ်။ ဂျီအက်စ်
အမ် ဆင်းကတ်တွေချပေးတဲ့အချိန်က စပြီးတော့ ဟန်းဆက်တွေရောင်းအား နည်းလာပါတယ်"ဟု
ပြောသည်။
















