စာတိုပို့ကာ အင်တာနက်ဖွင့်ခြင်း အခက်တွေ့ပါက မေးမြန်းနိုင်

စာတိုပို့ကာ အင်တာနက်ဖွင့်ခြင်း အခက်တွေ့ပါက မေးမြန်းနိုင်

မိုဘိုင်းဖုန်းများတွင် အင်တာနက်လိုင်းဖွင့်ခြင်း အား စာတိုပို့စနစ် (အက်စ်အမ်အက်စ်) ဖြင့်
ဖွင့်လှစ်ရာတွင် အခက်အခဲများရှိပါက Call Center နံပါတ် ၁၈၇၆ သို့ မေးမြန်းနိုင်သည်။

အက်စ်အမ်အက်စ်ပို့ရာတွင် ပို့ရမည့်စာသား စာလုံးပေါင်းမှား၍ဖြစ်စေ အင်တာနက်လိုင်းမပွင့်ခြင်း
ကဲ့သို့အခက်အခဲများကို မေးမြန်း စုံစမ်းပါက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ကို ပြန်လည်ဖြေ
ကြားပေးမည်ဖြစ်သည်။

"ကျွန်မတို့စင်တာကို အင်တာနက်လိုင်း လျှောက်ချင်လို ့ဘယ်လို လုပ်ရမလဲလို ့မေးတဲ့သူတွေ
ရှိပါတယ်။ အဲဒီလူတွေကို ကျွန်မတို့ကနေ အက်စ်အမ်အက်စ်နဲ့ အင်တာနက်လိုင်း ဖွင့်နည်းကို
တစ်ဆင့်ချင်းစီပြောပြပေးပါတယ်။ လျှောက်လို့ မရတာကတော့ စာလုံးပေါင်းမှားတာတို့ အပိုစာ
သားတွေ ပါသွားတာမျိုးတို့ စာလုံးပေါင်းမှန်အောင်လို့ ပြန်ပြောပြပေးပါတယ်" ဟု တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

အက်စ်အမ်အက်စ် ပို့ရာတွင် စာလုံးပေါင်း အမှန်အတိုင်း Order data service ဟု ပေးပို့သော်
လည်း တစ်ခါတစ်ရံ ပို့မရတာမျိုးလည်း ရှိကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Online Billing System မှ အင်ဂျင်နီယာမှူးဦးအောင် ကျော်သက်
က "ပို့ရမယ့်စာလုံးပေါင်း အရမ်း လွယ်တာကို တမင် မပေးထားပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့
ကလေးတွေလက်ဆော့မှာစိုးလို့ပါ။ Call Center တွေကိုလည်း မေးလို့ ရပါတယ်။ ၁၈၇၆ တို့
၁၂၁၂ တွေကို မေးမြန်း နိုင်ပါတယ်" ဟုပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်