တန်ဖိုးနည်း ဖုန်းဆင်းကတ်များပေါ်ပေါက်လာသောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
၌ နိုင်ငံခြားသားများအား ဖုန်းငှားရမ်းမှုလုပ်ငန်းသည် ပျောက်ကွယ်လာနိုင်ဖွယ်ရှိကြောင်း Blue
Ocean မှ အထွေထွေမန်နေဂျာ ဦးတင်ကိုကိုဝင်းက ပြောသည်။
လေဆိပ်၌ ဖုန်းများငှာရမ်းမှုကို ရတနာပုံတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Blue
Ocean ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ ခြင်းဖြစ်သည်။ ယခင်က ငှားရမ်းခမှာ တစ်ရက်လျှင်
အမေရိကန်နှစ်ဒေါ်ဖြစ် သော်လည်း ယခုနှစ်တွင် တစ်ရက် ၁၀ ဒေါ်လာဖြင့် ပြောင်းလဲကောက်ခံ
ခဲ့ ကြောင်း ဦးတင်ကိုကိုဝင်းက ပြော သည်။
"ကျွန်တော်တို့ ဘာလို့တိုးကောက်ရလဲဆိုတော့ ပျက်စီသွားတာမျိုးတို့၊ ပြန်အပ်ခြင်း မရှိတာမျိုး
တို့ဆိုရင် ကျွန်တော်တို့က ပြန်လျော်ကြေးပေး ရပါတယ်"ဟု ၎င်းကပြောသည်။ ထိုသို့ငှားရမ်းရာ
တွင် Keypad စနစ် သုံး ဟန်းဆက်များဖြင့်တွဲ၍ ငှားရမ်း ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"ဒီဆင်းကတ်တွေက နံပါတ် ပြောင်းလဲခြင်း မရှိပါဘူး။ နံပါတ် အသေပဲဖြစ်ပါတယ်" ဟု ၎င်းက
ပြော သည်။ "ကျွန်တော်တို့က ပြည်ပက လာ ရောက်တဲ့ စီးပွားရေးသမားတွေနဲ့ မြန်မာနိုင်ငံကို
ခဏလာရောက် လည်ပတ်တဲ့ သူတွေအတွက် ရည်ရွယ်ပြီးလုပ်တာပါ"ဟု ၎င်းကပြောသည်။
သို့သော် လက်ရှိတွင် ဖုန်းငှားရမ်း သုံးစွဲသူ အနည်းငယ်သာရှိတော့ ကြောင်း ဦးတင်ကိုကိုဝင်းက
ပြော သည်။
















