ဆက်သွယ်ရေးကဏ္ဍလုံခြံုမှုရှိအောင် ဘရာဇီးလ်ကြိုးပမ်းနေ

ဆက်သွယ်ရေးကဏ္ဍလုံခြံုမှုရှိအောင် ဘရာဇီးလ်ကြိုးပမ်းနေ

ဒေသတွင်း အီလက်ထရွန်းနစ်အချက်အလက် များကို စောင့်ကြည့်ရယူနေသည်ဟု စွပ်စွဲခံ ထား
ရသည့် အမေရိကန်နိုင်ငံအပေါ် ဘရာဇီးလ်နိုင်ငံက အီလက်ထရွန်းနစ် ဆက်သွယ်ရေးနှင့် ပတ်
သက်ပြီး မှီခိုအားထားနေမှုကို အဆုံးသတ်ရန် ၎င်း၏ ကိုယ်ပိုင်ဂြိုဟ်တု နှင့် ဒစ်ဂျစ်တယ်ကွန်ရက်
ကို အသုံးပြုခြင်း အားဖြင့် နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ လုံခြံုရေး အတွက် ဆောင်ရွက်နေသည်
ဟု ဘရာဇီးလ် အစိုးရက ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြော ကြားခဲ့သည်။

"အင်တာနက်စနစ်သုံး အုပ်ချုပ်ရေးတွင် အဖွဲ့ပေါင်းစုံနှင့် ကဏ္ဍစုံပါ၀င်သော ပိုမိုကျယ်ပြန့်သည့်
ပုံစံမျိုးဖြစ်သည့် အထက်မှအောက် အဆင့်ဆင့် ခွဲဝေအုပ်ချုပ်သည့်စနစ် ကို ဘရာဇီးလ်အစိုးရ
က လိုလားသည်"ဟု ဆက်သွယ်ရေးဝန်ကြီး ပေါ်လိုဘာနာဒိုက လွှတ်တော်နာယကအဖွဲ့ကို
ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ အီလက်ထရွန်းနစ်အချက်အလက်များ ကြားဖြတ်ယူခြင်းသည် အမေရိကန်
နှင့် ဘရာဇီးလ် နှစ်နိုင်ငံအကြား အယုံအကြည်ကင်းမဲ့မှုကို ဖြစ်ပေါ်စေသည်ဟု ဘရာဇီးလ် နိုင်ငံ
ခြားရေးဝန်ကြီး အန်တိုနီယိုပက်ထရီအိုတာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို
ဩဂုတ်လ ၁၃ ရက်နေ့တွင် သတိပေးပြောကြားခဲ့သည်။

ဂျွန်ကယ်ရီကလည်း ၀ါရှင်တန်အစိုးရသည် ဘရာဇီးလ်ကို တစ်စုံတစ်ရာဖြေရှင်းချက် ပေးရန် တာ
၀န်ရှိကြောင်းနှင့် အမေရိကန် အစိုးရ၏ စောင့်ကြည့်မှုအစီအစဉ်များသည် အမေရိကန် နိုင်ငံသား
များ၏ လုံခြံုရေးအတွက် သာမက ဘရာဇီးလ် ပြည်သူများနှင့် ကမ္ဘာ ပေါ်ရှိ လူသားအားလုံး
အတွက်ပါ ဖြစ်သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

သို့သော် အမေရိကန် ကုမ္ပဏီများက ၀န်ဆောင်မှုပေးထားသည့် အင်တာနက်ကိုသာ အသုံးပြုနေ
ကြခြင်းနှင့်ပတ်သက်ပြီး ဆက်သွယ် ရေးဝန်ကြီး ဘာနာဒိုက ဝေဖန်ပြစ်တင်ထား သည်။ အမေရိ
ကန် အစိုးရ၏ အီလက်ထရွန်းနစ် အချက်အလက်ကြားဖြတ်ရယူခြင်း အစီအစဉ် များကို အမေရိ
ကန်နိုင်ငံ၏ ထောက်လှမ်းရေး ဆိုင်ရာ သတင်းများကို ပေါက်ကြားစေခဲ့သူ အက်ဒွပ်စနိုးဒန်က
ဖော်ထုတ်ပြောကြားခဲ့ သည့်အတွက် ဘရာဇီးလ်နှင့် အခြား လက်တင်အမေရိကနိုင်ငံများကို စိုး
ရိမ်ပူပန်မှုများ ဖြစ်သွားစေသည်။

ထို့ကြောင့် ဘရာဇီးလ် အစိုးရသည် ကာကွယ်ရေးနှင့် မဟာဗျူဟာမြောက်ဆက်သွယ်ရေးဆိုင်ရာ
ကိုယ်ပိုင်ဂြိုဟ်တုတစ်လုံး ဆောက်လုပ်လွှတ်တင်ရေး တာဝန်ကို ကုမ္ပဏီ တစ်ခုအား လုပ်ပိုင်ခွင့်
ပေးရန် နောက်ဆုံး အဆင့်ရွေးချယ်ခြင်းကို ပြုလုပ်ခဲ့သည်ဟု ဘာနာဒိုက ပြောသည်။

ဘရာဇီးလ်နိုင်ငံ၏ ဖွံ့ဖြိုးဆဲ အာကာသစီမံကိန်း တစ်ခုအတွက် ဂြိုဟ်တုတစ်လုံးဆောက်လုပ်ရန်
ဒေါ်လာသန်း ၄၀၀ တန် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ပြင်သစ် အီတလီ ကုမ္ပဏီ
Thales Alenia Space (တီအေအက်စ်)က ဩဂုတ် ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အရပ်ဘက်သုံးနှင့်စစ်တပ်သုံး ကိုယ်ပိုင် ဂြိုဟ်တုတစ်လုံး ဆောက်လုပ်ပေးရန် ဘရာဇီးလ်
လေယာဉ်ကုမ္ပဏီ Embraer နှင့် ဆက်သွယ်ရေးကုမ္ပဏီ Telebras တို့ ပူးတွဲပိုင်ဆိုင်သည့်
 Visionau ထံမှ အော်ဒါမှာထားသည်။

အဆိုပါ ကိုယ်ပိုင်ဂြိုဟ်တုကြောင့် တစ်နိုင်ငံ လုံးအတွက် မြန်နှုန်းမြင့် အင်တာနက်လိုင်း တိုးချဲ့
ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက်သုံး ဆက်သွယ်ရေးတွင်လည်း လုံခြံုစိတ်ချ
ရမှု ရှိသွားမည်ဟု Telebras က ပြောသည်။

၂၀၁၅ ခုနှစ်တွင် အဆိုပါ ဂြိုဟ်တုကို လွှတ်တင်ရန် ဗမငညေနျစခေန ဂြိုဟ်တု လွှတ်တင်ရေး
၀န်ဆောင်မှုကုမ္ပဏီကို ရွေးချယ် ထားသည်။ သဘောတူညီချက်တွင် တီအေအက်စ်နှင့် ဘရာ
ဇီးလ်အစိုးရအကြား နည်းပညာ လွှဲပြောင်းပေးရန်လည်း ခွင့်ပြုပေးခဲ့သည့်အတွက် ဘရာဇီးလ်
အာကာသ စီမံကိန်း အဆင့်ဆင့် အကောင်အထည်ဖော်ရာတွင် တီအေအက်စ်ကို လုပ်ငန်း
ပါတနာအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားလုံခြံုရေးဌာန (အင်န်အက်စ်အေ)သည် ဖုန်းခေါ်ဆိုချိန်၊ဖုန်းခေါ်ဆိုသူနှင့်တစ်ဖက်မှ
ဖုန်းလက်ခံနားထောင်သူ စသည့် အချက်အလက်များကို ကြားဖြတ်ရယူစုဆောင်း နေသည့်
အပြင် ပိုမိုအတွင်းကျသည့် စောင့် ကြည့်မှုများလည်း ပြုလုပ်နေသည်ဟု ဘာနာဒိုက ပြောကြား
ခဲ့သည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်