ဆမ်ဆောင်းစမတ်ဖုန်းများတွင် မြန်မာဘာသာစနစ် ထည့်သွင်းပေးပြီ

ဆမ်ဆောင်းစမတ်ဖုန်းများတွင် မြန်မာဘာသာစနစ် ထည့်သွင်းပေးပြီ

ဆမ်ဆောင်းဖုန်းများတွင် မြန်မာဘာသာစကား အဆင်သင့်အသုံးပြု နိုင်ရန် GALAXY S4၊
GALAXY Grand Duos (Dual GSM SIM) ESifh Samsung GALAXY Grand Duos(CDMA
+ GSM Dual) စမတ်ဖုန်းများတွင် မြန်မာဘာသာစနစ်ကို ထည့်သွင်းပေးလိုက်သည်။

"ကျွန်တော်တို့ ဆမ်ဆောင်းမြန်မာစာစနစ်က ဘာထူးခြားလဲဆိုတော့ မြန်မာစာဖောင့်သွင်းလိုက်
ပြီဆိုတာနဲ့ မြန်မာစာဖောင့်ပဲ ပါတယ်မဟုတ်ပါဘူး။ ုနပစေိ လည်း ပါမယ်။ အီးမေးလ်တွေ၊ ၀က်ဘ်
ဆိုက်တွေကြည့်တဲ့အခါမှာ လည်း မြန်မာစာကို အမှားအယွင်းမရှိ ပြတ်ပြတ်သားသားတွေ့နိုင်မှာ
ဖြစ်ပါတယ်" ဟု ဆမ်ဆောင်း၏ Head of Channel Management ဖြစ်သူ ဦးဇာနည်ဝင်းထက်
က ပြောသည်။

"နောက်ပိုင်းထွက်ရှိလာမယ့် ဆမ်ဆောင်းဟန်းဆက်များမှာလည်း မြန်မာဘာသာစနစ်ကို ထည့်
သွင်း ပေးသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ ဆမ်ဆောင်းဖုန်းများကို မြန်မာ ဘာသာဖြင့်
လွယ်လွယ်ကူကူ ထိထိရောက်ရောက်အသုံးပြုနိုင်ရန်၊ တစ်ဦး နှင့် တစ်ဦး ဆက်သွယ်နိုင်ရန်၊
စာတို များ ပို့နိုင်ရန်နှင့် သတင်းအချက် အလက်များပေးနိုင်ရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့သည်ဟု
ဆမ်ဆောင်း ၏ Retail Manager ဦးဇော်မိုးအောင် က ပြောသည်။

ယခင်ဝယ်ယူပြီးသူများအနေဖြင့် လည်း ဆမ်ဆောင်းအမှတ်တံဆိပ်ကို ဆိုင်များတွင် အခမဲ့သွား
ရောက်ထည့်သွင်းနိုင်မည်ဖြစ်သည်။ "ကျွန်တော်တို ့ကုမ္ပဏီကတင်သွင်း တာမဟုတ်ဘဲ အပြင်
ကသွင်းလာတဲ့ဖုန်းတွေကို Firmware ဩဂုတ်လ ၁ ရက်ကစပြီးတော့ ကျွန်တော်တို့ ပိတ်လိုက်
ပါပြီ။ ကျွန်တော်တို့ ဒီ မနါငသညေူ မှာ Update လုပ်လို့မရအောင် ပိတ်ထားပါတယ်။ အပြင်က
၀ယ်လာတဲ့ အလုံးတွေ၊ ကျွန်တော်တို့ ကုမ္ပဏီ က တင်သွင်းတာ မဟုတ် တဲ့ အလုံးတွေကို ပြည်
တွင်းမှာ Firmware တွေကို Update လုပ်လို့ မရ တော့ပါဘူး။ တကယ်လို့ Firmware တွေကို
Update လုပ်ချင်တယ်ဆိုရင်တော့ ဃကျအသာနမ ှနမလငခန ဃနညအနမ မှာ လုပ်ခွင့်ပေးပါ
တယ်။Firmware Update တစ်ခုကိုကျပ် ၃၀,၀၀၀ ယူမှာဖြစ်ပါတယ်"ဟု ဦးဇော်မိုးအောင်က
ပြောသည်။

"အရင်က ၀ယ်ထားတဲ့သူဆိုတာ ကျွန်မတို့  Main Brand Shops တွေမှာ ၀ယ်ထားတဲ့သူတွေ၊
ကျွန်မတို့ ကုမ္ပဏီက သွင်းတဲ့ဟန်းဆက်ဆိုရင်တော့ အခမဲ့ Firmware Update လုပ် ပေးမှာပါ"
ဟု Senior Officer ဒေါ်သီရိကိုကိုဇော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်