မန္တလေးမြို့Swan Hotel ၌ စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပမည့် IT Mobile
and Network အခွင့် အလမ်းပြပွဲကြီးတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် စီစဉ်ပေး
သွားမည်ဖြစ်ပြီး ပစ္စည်းများကိုလည်း စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ
အထိ အထူး ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဟု အဆိုပါပြပွဲကို ဦးဆောင်ပြုလုပ် သည့်
ပြပွဲတာဝန်ခံ Neo Tech မှ ဦးကျော်စွာဦးက ပြောသည်။
မန္တလေးတွင် ယခင်ကကျင်းပ သွားခဲ့သည့်ပြပွဲများသည် အိုင်တီနှင့် မိုဘိုင်းဖုန်းများကိုသာ အဓိက
ထား ရောင်းချလေ့ရှိပြီး ယခုကျင်းပမည် အိုင်တီအခွင့်အလမ်း ပြပွဲကြီးသည် ယခင်နှင့် မတူညီသည့်
Network ပိုင်း ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောကြားသွားမည်ဖြစ်သလို အိုင်တီနှင့်
ပတ်သက်ပြီး ချိတ်ဆက် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများကိုလည်း ထည့်သွင်းပြောကြားပေး
သွားမည်ဟု ၎င်းက ပြောကြားသည်။
"အိုင်တီနဲ့ Network အကြောင်း ကို ဆွေးနွေးပြောပြတဲ့ စကားဝိုင်း တွေ၊ အိုင်တီကုမ္ပဏီတွေကို
ဘယ်လိုချိတ်ဆက်ပြီး အလုပ်ရရှိစေရုံသာမက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေ နိုင်တာကို
ပြောပြပေးသွားမှာဖြစ် သလို အလုပ်လျှောက်လွှာတွေကို တစ်ပါတည်း လက်ခံပေးသွားမှာ ဖြစ်ပါ
တယ်"ဟု ဦးကျော်စွာဦးက ပြောသည်။
















