ABC Mart များတွင် မိုဘိုင်းဟန်းဆက် ဆော့ဖ်ဝဲ အယ်ရာများ ပြုပြင်နိုင်တော့မည်

ABC Mart များတွင် မိုဘိုင်းဟန်းဆက် ဆော့ဖ်ဝဲ အယ်ရာများ ပြုပြင်နိုင်တော့မည်

ရွှေ Mobile and Accessories နှင့် ABC Convenience store တို့ပူးပေါင်း ကာ မိုဘိုင်းဖုန်းများ
ရှိ ဆော့ဖ်ဝဲ နမမသမ များကို အချိန်ကုန်သက်သာစွာ ဖြင့် ပြင်ဆင်နိုင်ရန် Service One Click
အမည်ဖြင့် ABC Convenience store များတွင် ဖွင့်လှစ်သွားရန်စီစဉ်လျက်ရှိကြောင်း ရွှေ
Mobile and Accessories ဆိုင်ပိုင်ရှင် ဒေါ်ဖြူသဇင်ကပြောသည်။

ထိုအစီအစဉ်ကို အောက်တိုဘာ လ ၁ ရက်နေ့မှ စတင်မည်ဖြစ်ပြီး စတင်ချိန်တွင် တာမွေ၊
စမ်းချောင်းနှင့် အလုံမြို့နယ်များရှိ ABC Convenience store များတွင် စတင် ၀န်ဆောင်မှု
ပေးမည်ဖြစ်ကြောင်း ဒေါ်ဖြူသဇင်က ပြောသည်။

"ကျွန်မတို့ ABC နဲ့ ဒီလ ၁၅ ရက်နေ့ မှာ စာချုပ်ချုပ်မှာဖြစ်ပါတယ်။ လုပ်ငန်းစမှာကတော့
အောက်တိုဘာ လ ၁ ရက်နေ့မှာ စတင်လုပ်ဆောင် သွားမှာပါ"ဟု ဒေါ်ဖြူသဇင်က ပြော
သည်။

ဆော့ဖ်ဝဲလ် ဆားဗစ်အလုံးစုံကို အချိန်ကုန် သက်သာသည့်အပြင် ဈေးနှုန်းများကိုလည်း သက်
သက်သာသာဖြင့် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်