ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဂိတ် တွင် အသစ်ဖွင့်လှစ်လိုက်သည့် အဝေးပြေးကားများ
ဆိုက်ရောက် အဆောက်အအုံအတွင်း ခရီးသည်များ ၀ိုင်ဖိုင်စနစ်ဖြင့် အင်တာနက် အသုံးပြုနိုင်
ရန် စီစဉ်ပေးထားသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အောင်မင်္ဂလာစခန်း၊
အခွန်ဌာနမှ ဒုတိယဌာနမှူး ဦးဉာဏ်ထွန်းအောင်က ပြောသည်။
"အဆောက်အအုံထဲမှာ ၀ိုင်ဖိုင်အခမဲ့အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Password
မထားပါဘူး" ဟု ၎င်းကပြောသည်။ အဆိုပါ အဝေးပြေးကားများ ဆိုက်ရောက် အဆောက်အအုံ
စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် 'မြင့်နှင့်ပိုင်' ကုမ္ပဏီတို့ ပူးပေါင်း
ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့လည်း ဒီအဆောက် အအုံကို နိုင်ငံတကာအဆင့်မှီအောင် လုပ်ပေး နေတာ
ဆိုတော့ ဆက်သွယ်ရေးစနစ်တွေပါ အဆင့်မြင့်မြင့်သုံးနိုင်အောင် လို့ပါ" ဟု မြင့်နှင့်ပိုင်ကုမ္ပဏီမှ
ဒါရိုက်တာဦးသော်ဇင် အောင်က ပြောသည်။ "ဆီးဂိမ်းလည်း ရှိတယ်ဆိုတော့ နိုင်ငံခြား ခရီးသွား
တွေအတွက်လည်း အဆင်ပြေစေ မယ်။ ခရီးသည်လာကြိုတဲ့လူတွေလည်း ခရီးသည်စောင့်ရင်း
အသုံးပြုနိုင်မယ်။ ခရီးသည်တွေအနေနဲ့လည်း ဒီကိုရောက်တာနဲ့ ဘယ်နေရာမှာ ဘာတွေဖြစ်နေ
လဲဆိုတာ အင်တာနက်မှာ ကြည့်နိုင်ပါတယ်" ဟု ဦးသော်ဇင်အောင်က ပြောသည်။
လက်ရှိ လူစည်ကားသောနေရာများတွင် ျွသကအနမ များဖြင့် ၀ုိင်ဖိုင် လွှင့်ထားပေးကာ ADSL
လိုင်းလည်း လျှောက်ထားပြီး နှစ်လ အတွင်း အသုံးပြုနိုင်မည်ဟုဆိုသည်။
















