ချောကလက်ဝေဖာ နာမည်နဲ့ အသစ် ထွက်လာတဲ့ အန်းဒရွိုက် ဗားရှင်းသစ်

ချောကလက်ဝေဖာ နာမည်နဲ့ အသစ် ထွက်လာတဲ့ အန်းဒရွိုက် ဗားရှင်းသစ်

မိုဘိုင်းပစ္စည်းတွေအများစုမှာ အသုံးပြုတဲ့ အန်းဒရွိုက်ဆော့ဖ်ဝဲတွေကို စားချင်စရာ အရသာရှိတဲ့
မုန့်နာမည်တွေ ပေးရတာနှစ်သက်တဲ့အတွက် ဂူးဂဲလ်ဟာ သူ့ရဲ့ နောက်ဆုံးပေါ် ဆော့ဖ်ဝဲကို
KitKat လို့ အမည်ပေးထားတယ်လို့ စက်တင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ဒီပစ္စည်းတွေက ကျွန်တော်တို့ဘဝကို နေ ချင့်စဖွယ် သာသာယာယာဖြစ်စေတဲ့အတွက် အန်း
ဒရွိုက်ဗားရှင်းတွေကိုလည်း အချိုပွဲတွေရဲ့ အမည်တွေပဲ ပေးထားပါတယ်" လို့ ကယ်လီဖိုးနီးယား
အခြေစိုက် နည်းပညာကုမ္ပဏီကြီး ဂူးဂဲလ်က ဘလော့ဂ်ပို့စ်ချောကလက်မှာ ဖော်ပြထားပါတယ်။

"လူတိုင်းဟာ ချောကလက်မရှိဘဲ မနေနိုင်တဲ့အတွက် အန်းဒရွိုက်ဗားရှင်းအသစ်ကိုလည်း ချော
ကလက်ပါတဲ့ မုန့်တစ်ခုခုရဲ့ အမည်ကိုပဲပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။"

ပြီးခဲ့တဲ့ နှစ်တွေမှာ ထုတ်ခဲ့တဲ့ အန်းဒရွိုက်ဆော့ဖ်ဝဲတွေထဲမှာ Cupcake၊ ဒိုးနတ်၊ အိုက်စကရင်မ်၊
ဆင်းဝှစ်ချ် နဲ့ ဂျယ်လီဘီးန် တို့လည်း ပါ၀င်ပါတယ်။ ရောင်းအားမြှင့်တင်ရေး အစီအစဉ်တစ်ရပ်
အရ KitKat ချောကလက်ဝေဖာရဲ့ စက္ကူပတ်အတွင်းပိုင်းက ကုတ်နံပါတ်နဲ့ဝင်ပြီး Nexus 7 ကို
ရယူနိုင်တဲ့ ကံစမ်းမဲအစီအစဉ်တစ်ရပ် ကို ဂူးဂဲလ်က စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် ဂူးဂဲလ်ရဲ့
အွန်လိုင်းပလေးစတိုးမှာ ၅ ဒေါ်လာ ဖိုး ခရက်ဒစ်နဲ့ KitKat ချောကလက်ထုပ် တွေလည်း ကံစမ်း
မဲမှာ ထည့်ပေးထားပါတယ်။

တစ်ကမ္ဘာလုံးက စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက် သန်းတစ်ထောင်ကျော်မှာ အန်းဒရွိုက်
ဆော့ဖ်ဝဲကို အသုံးပြုနေကြပါတယ်လို့ ဂူးဂဲလ်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လမှာInternational Data Corporation က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ အရ ဈေးကွက်
ထဲမှာ အက်ပဲလ်က ထုတ်တဲ့ ပစ္စည်းသစ် မရှိတဲ့အတွက် ဂူးဂဲလ်ရဲ့ အန်း ဒရွိုက် ဆော့ဖ်ဝဲသုံး
စမတ်ဖုန်းတွေ ကမ္ဘာ့ ဈေးကွက်ထဲ ဈေးကွက်ဝေစု ပိုရလာနေတယ်လို့ သိရပါတယ်။

စမတ်ဖုန်းဈေးကွက်အတွင်း အန်းဒရွိုက်ရဲ့ ဈေးကွက်ဝေစုဟာ ဒုတိယသုံးလပတ်မှာ ရ၉ ဒသမ ၃
ရာခိုင်နှုန်း ရှိလာခဲ့ပြီး အိုင်ဖုန်းက တော့ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်မှာ ၁၆ ဒသမ ၆ ရာခိုင်နှုန်း
ရှိရာကနေ ၁၃ ဒသမ ၂ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ပါတယ်လို့ အိုင်ဒီစီက ဖော်ပြထားပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်