ကဏ္ဍစုံအရောင်းအဝယ်ကို အွန်လိုင်း ပေါ်တွင် အခမဲ့လုပ်ဆောင်နိုင်ရန် အတွက် axiØm ကုမ္ပဏီ
က eZay Myanmar's Online Marketplace ၀က်ဘ်ဆိုက်ကို လွင့်တင်လိုက် ကြောင်း axiØm
ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ ၀က်ဘ်ဆိုက်ကို အင်္ဂလိပ် နှင့် မြန်မာဘာသာ
နှစ်မျိုးဖြင့် မိမိကြိုက် နှစ်သက်သည့် ဘာသာကို ရွေးချယ် အသုံးပြုနိုင်ကြောင်း ကုမ္ပဏီ အထွေထွေ
မန်နေဂျာ ဦးစိုင်းခမ်းထွန်း အုံက ပြောသည်။
၎င်းဝက်ဘ်ဆိုက်မှတစ်ဆင့် အမျိုးမျိုး သော ပစ္စည်းများ၊ အိမ်ခြံမြေအစသော ကဏ္ဍစုံများကို
ရောင်းခြင်း၊ ၀ယ်ခြင်း များပြုလုပ်နိုင်သည့်အပြင် ကြော်ငြာ ကဏ္ဍ၊ ၀န်ဆောင်မှုနှင့် အလုပ်အကိုင်
ကဏ္ဍများကိုလည်း ၀င်ရောက်ကြည့်ရှု နိုင်မည်ဖြစ်သည်။ ၀က်ဘ်ဆိုက်ကို သုံးစွဲရလွယ်ကူ အောင်
ရိုးရှင်းသော ဒီဇိုင်းဖြင့် လုပ် ဆောင်ထားသည်ဟု ဦးစိုင်းခမ်း ထွန်းအုံကပြောသည် ။
"ကျွန်တော်တို့ ၀က်ဘ်ဆိုက်ရဲ့ အားသာချက်ကတော့ မြန်မာဘာသာ နဲ့ ရေးဆွဲထားတာဖြစ်ပါ
တယ်။ ဒါ အတွက်ကြောင့် ကျွန်တော်တို့ မြန်မာ လူမျိုးတွေ ကွန်ပျူတာ ကျွမ်းကျင် စရာ မလို
ပါဘူး။ ကလစ်တစ်ချက်နှိပ် တတ်ရုံနဲ့တင် ကျွန်တော်တို့ ၀က်ဘ် ဆိုက်ကို အသုံးပြုလို့ရပါတယ်"
ဟု ၎င်းကပြောသည်။
eZay Myanmar's Online Marketplace ကို ၀င်ရောက်ကြည့်ရှု လိုပါက www.ezay.com.
mm ၌ ၀င်ရာက်ကြည့်ရှုနိုင်သည်။
"တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအနှံ ့အပြားမှာရှိနေတဲ့ ပြည်သူလူထု
အားလုံးကို ဈေး တစ်ခုပုံစံသဖွယ် ကျွန်တော်တို့ ၀န်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်" ဟု ဦးစိုင်း
ခမ်းထွန်းအုံကပြောသည်။ ၎င်းဝက်ဘ်ဆိုက်တွင် ရောင်းသူ အနေဖြင့် မိမိရောင်းလိုသော ပစ္စည်း
သည် ၀က်ဘ်ဆိုက်၌ရက် ၉၀ အထိ တည်ရှိနေမည်ဖြစ်သည်။ မိမိရောင်းလိုသော ပစ္စည်းအား
၀င်ရောက် ကြည့်ရှုသူအရေအတွက်ကို လည်း ထိုဝက်ဘ်ဆိုက်တွင် ၀င်ရောက် ကြည့်ရှုနိုင်မည်
ဖြစ်သည်။
လက်ရှိတွင် ၀န်ဆောင်ခပေးစရာ မလိုကြောင်းလည်း ဦးစိုင်းခမ်းထွန်း အုံကပြောသည်။
"ကျွန်တော်တို့ ဒီ ၂၀၁၃ အကုန် အထိ စီးပွားရေးကြော်ငြာတွေကို အခမဲ့ ၀က်ဘ်ဆိုက်တွင်
ကြော်ငြာခွင့်ပေးမှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ စတင်ကာ ကြော်ငြာကဏ္ဍအတွက် အလွန် သက်
သာတဲ့ဈေးနှုန်း ကောက်ခံသွား ပါမယ်"ဟု ဦးစိုင်းခမ်းထွန်းအုံက ပြောသည်။
















