ပြည်တွင်းအင်တာနက်သုံးစွဲသူများအတွက် အရည်အသွေးနှင့် ဈေးနှုန်းအဓိကကျနေ

ပြည်တွင်းအင်တာနက်သုံးစွဲသူများအတွက် အရည်အသွေးနှင့် ဈေးနှုန်းအဓိကကျနေ

လာမည့်အနာဂတ်တွင် မြန်မာနိုင်ငံ ၏ အင်တာနက်သုံးစွဲသူများအတွက် ကောင်းမွန်သောကွန်ရက်
ကို ကောင်းမွန်သောဈေးနှုန်းဖြင့် ရရှိရန်အရေးပါ လာကြောင်း သက်ဆိုင်ရာကုမ္ပဏီများ က နေပြည်
တော်၌ ကျင်းပခဲ့သည့် My-anmar Connect 2013 အခမ်းအနား ဒုတိယနေ့ဖြစ်သည့် စက်တင်
ဘာလ ၁၁ ရက်နေ့တွင် ဆွေးနွေးခဲ့ကြသည်။

"မြို့ပြတွေမှာ အင်တာနက်သုံးနိုင် ဖို ့၃ွ စနစ်ကို စပြီးသုံးနိုင်ဖို့လိုလာလိမ့် မယ် ။အနာဂတ်မှာလည်း
4G ကို သုံး လာနိုင်မှာပါ။ နောက်ပြီး တစ်နေရာနဲ့ တစ်နေရာ ချိတ်ဆက်လာနိုင်မှာပါ။ တတ်နိုင်တဲ့
ဈေးနှုန်းလည်း ဖြစ်ရမယ်" ဟု Fortune International မှ Chairman and CEO မှ ဖြစ်သူ
ဦးမြဟန် က ဆွေးနွေးခဲ့သည်။

အင်တာနက်သုံးစွဲနိုင်ရန် အရည် အသွေးနှင့် ကုန်ကျစရိတ်ကအရေးပါသည်ဟုဆိုသည်။ "မြန်မာနိုင်
ငံက ပြည်သူတွေ မိုဘိုင်းဖုန်းသုံးလာနိုင်ပြီဆိုရင် ဈေး နှုန်းကို ကြည့်ရတော့မှာဖြစ်ပါတယ်" ဟု
ဦးမြဟန်က ပြောသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ကွန်ရက်သည် လာမည့်အနာဂတ်တွင် အိမ်နီးချင်းနိုင်ငံများ၏ ကွန်
ရက်ထက် ပိုမိုကောင်းလာနိုင်မည်ဟု မျှော်လင့် ကြောင်း ERICSSON Myanmarမှ CTP ဖြစ်သူ
Anders Larsson ကလည်း အဆိုပါနေ့တွင် ၀င်ရောက် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် လာ
ရောက်ရင်နှီး မြှုပ်နှံမည့် အော်ရီဒိုနှင့် တယ်လီနော ကုမ္ပဏီများကလည်း နည်းပညာသစ် များနှင့်
ဆောင်ရွက်သွားလျှင် အနာဂတ်တွင် ကောင်းမွန်သည့် ပုံရိပ်တစ်ခုထင်ကျန်ခဲ့မည်ဟု BICS မှ
အာရှပစိဖိတ်ဆိုင်ရာ Head of Capacity Sales တာဝန်ယူထားသူ Newton Perera ကလည်း
ပြောကြားသည်။

ကွန်ရက်တည်ဆောက်မည့် အဖွဲ့ အစည်းများအနေဖြင့် နည်းပညာဖွံ့ဖြိုး တိုးတတ်မှုကအဓိ
ကဖြစ်ပြီး လိုအပ် ချက်များ ဖြေရှင်းနိုင်ရန် ပြည်ပမှ နည်း လမ်းများ ရယူရန်လိုအပ်ကြောင်း ၎င်း
ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်