လက်ဗွေရာအာရုံခံကိရိယာဖြင့် အိုင်ဖုန်းက ခေတ်သစ်ကိုဖွင့်လှစ်

လက်ဗွေရာအာရုံခံကိရိယာဖြင့် အိုင်ဖုန်းက ခေတ်သစ်ကိုဖွင့်လှစ်

လက်ဗွေရာအာရုံခံစနစ်ပါ အိုင်ဖုန်းမော်ဒယ်အသစ်ကို ထုတ်လုပ်ပေးလိုက်ခြင်းနဲ့ အက်ပဲလ် ဟာ
စမတ်ဖုန်းလုံခြံုရေးအတွက် ခေတ်သစ် တစ်ခုကို ဖွင့်လှစ်ပေး လိုက်နိုင်သလို မိုဘိုင်း ပစ္စည်းတွေ
သုံးပြီး ဘဏ်လုပ်ငန်းနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရာမှာ ခံစားနေရတဲ့ စိုးရိမ်သောက
တွေကိုလည်း ဖြေဖျောက် ပေး လိုက်နိုင်ပါပြီ။

စက်တင်ဘာလ ၂၀ ရက်နေ့ကစပြီး ဈေးကွက်ထဲရောက်လာဖို့ အဆင်သင့်ဖြစ်နေတဲ့ လက်ဗွေရာ
ကို မှတ်မိသိရှိနိုင်တဲ့နည်းပညာပါ အိုင်ဖုန်း ၅ အက်စ် f (iPhone 5S)ကို ကွန်ပျူတာလုံခြံု ရေး
ကျွမ်းကျင်သူတွေက ပြိုင်ဘက်တွေ အပြိုင် အဆိုင်လိုက်ပြီး ကြိုးပမ်းလာကြဖွယ်ရာရှိတဲ့ ၀မ်းသာ
စရာ အပြောင်းအလဲတစ်ခုအဖြစ် ထုတ်ဖော်ပြောဆိုထားကြပါတယ်။

"ဒါက တကယ့်ကို အံ့အားသင့်စရာ ကောင်းပါတယ်" လို့ LOOKout စီးပွားရေးဆိုင်ရာ လုံခြံုရေး
သုတေသနကုမ္ပဏီမှ သုတေသီ မာ့ခ်ရော်ဂျာက အေအက်ဖ်ပီကို စက်တင်ဘာလ ၁၁ ရက်နေ့က
ပြောကြားခဲ့ပါတယ်။

"ဘာတွေထပ်ဖြစ်လာမလဲဆိုတာ အက်ပဲလ် ရဲ့ အကောင်အထည်ဖော်ဆောင်မှုပေါ်မှာပဲ မူတည်
ပါတယ်။ အက်ပဲလ်ဟာ လျှို့ဝှက်တဲ့ နည်းပညာတွေနဲ့ သူ့ရဲ့ ထုတ်ကုန်တွေကို လူတွေ စိတ်ဝင်စား
အောင် လုပ်တတ်တာ ကျွန်တော်တို့အားလုံး သိထားကြပြီးသားပါ" လို့ သူက ပြောပါတယ်။
အက်ပဲလ်ဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မှာ အိုင်ဖုန်းမော်ဒယ်သစ်နှစ်ခုကို ပွဲထုတ်ပြသ ခဲ့ပါ
တယ်။ တစ်ခုကတော့လုံခြံုရေးအစီအမံအဖြစ် စကားဝှက်ကုတ်အစား စီစဉ်ပေးထားတဲ့ လက်ဗွေ
အာရုံခံစနစ်အပါအဝင် ဆန်းသစ်ထား တဲ့ နည်းပညာတွေပါ၀င်တဲ့ နောက်ဆုံးပေါ် အိုင်ဖုန်း ၅
အက်စ်ပါ။ "ကိုယ့်ဖုန်းကို ဖွင့်ချင်တယ်ဆိုရင် home button ကို နှိပ်လိုက်ရုံပါပဲ။ iTunes ၀ယ်ယူ
မှုတွေမှာလည်း ဒါကို သုံးလို့ရပါတယ်" လို့ အက် ပဲလ် ဒုတိယဥက္ကဋ္ဌ ဖီးလ်ရှစ်လာက ကုမ္ပဏီရုံးချုပ်
မှာ ကျင်းပတဲ့ ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေ၊ တက် ဘလက်တွေမှာ ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ အချက်
အလက်တွေ အများကြီး ထည့်သိမ်း ထားတတ်ကြပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ သွားလေရာ
အတူပါနေတဲ့အတွက် ဒါတွေကို ကာကွယ်ဖို့ လိုပါတယ်" လို့လည်း သူက ပြော ကြားခဲ့ပါတယ်။
Reticle သုတေသနကုမ္ပဏီက ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ရော့စ်ရူဘင်ကတော့ Touch ID ကို
သုံးစွဲသူတော်တော်များများ တစ်နေ့မှာ အကြိမ်ပေါင်းများစွာ တွေ့နေရတဲ့ လိုအပ်တဲ့ စိတ်အနှောင့်
အယှက်ဖြစ်စရာတစ်ခုလို့ ညွှန်းထားပါတယ်။ စမတ်ဖုန်းနဲ့ တက်ဘလက်တွေအတွက် ဟက်ကာ
ရန် ကာကွယ်ရေးကို အထူးအလေးထားပြီး အက်ပဲလ်နဲ့ Lookout က လေ့လာမှု တွေ ပြုလုပ်ခဲ့
ရာမှာ စမတ်ဖုန်း ပိုင်ရှင် ထက်ဝက်နီးပါးလောက်ပဲ ကုတ်တွေနဲ့ အကာ အကွယ်ယူထားတာကို
တွေ့ရှိခဲ့ပါတယ်။

လက်ဗွေအာရုံခံစနစ်ဖြင့် အိုင်ဖုန်းသစ်အား သုံးစွဲသူတစ်ဦးက လက်ဗွေနှိပ်ကာဖွင့်လှစ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

စမတ်ဖုန်းရဲ့ အောက်ပိုင်းမှာ တပ်ဆင်ပေး ထားတဲ့အိုင်ဖုန်း ၅ အက်စ် home button ရဲ့ အာရုံခံ
ကင်မရာဟာ လက်ဗွေရာရဲ့ အရစ် အကြောင်းတွေကို အသေအချာ စိစစ်ဖို့ အရေပြားရဲ့ အနက်
ဆုံးအပိုင်းအထိ အာရုံခံ နိုင်ပါတယ်။ လက်ချောင်းပိုင်ရှင်ရဲ့ အချက်အလက်တွေကို စမတ်ဖုန်း
အတွက် အက်ပဲလ်က ထုတ်လုပ်ထားတဲ့ အထူးချစ်ဖ်ပြားလေးမှာ သီးသန့် သိမ်းထားပေးပြီး
Touch ID ကိုအသုံးပြုပြီးတိုင်း ပြောင်းလဲမှုတွေပြုလုပ်ပေးနေပါတယ်လို့ ရှစ်လာက ပြောပြ
ပါတယ်။

"လက်ဗွေရာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကုတ်ရေးပြီး သွင်းထားတာဖြစ်ပြီး ဒီ အချက်
အလက်တွေကို ကုမ္ပဏီရဲ့ဆာဗာ၊ ဒါမှမဟုတ် အင်န်အက်စ်အေလို တခြားဆာဗာတွေဆီ ပေးပို့တာ
မျိုး မရှိဘူးလို့ အက်ပဲလ်က ပြောပါတယ်" လို့ အချက်အလက် လုံခြံုရေး ဆိုင်ရာသုတေသီ
ဂရေဟမ်ကလူးလေးက သူ့ရဲ့ ဘလော့ စာမျက်နှာမှာ ရေးထားပါတယ်။

အင်တာနက်ကို အမေရိကန်က စောင့်ကြည့်တဲ့ သတင်းတွေကို ကိုးကားပြီး သူက ရေးသား
ဖော်ပြထားတာဖြစ်ပါတယ်။ စမတ်ဖုန်းကို သုံးစွဲသူရဲ့ မိသားစုဝင် ဒါမှ မဟုတ် ယုံကြည်ရသူတွေ
ကလည်း အသုံးပြု လို့ရအောင် Touch ID မှာ လူငါးဦးရဲ့လက်ဗွေတွေကို သိမ်းထားလို့ရအောင်
စီစဉ် ပေးထားပါသေးတယ်။

'ဒုတိယသက်သေအထောက်အထား'တွေ ဖြစ်တဲ့ ကုတ်စာသားတွေနဲ့ လက်ဗွေရာအမှတ် အသား
ပေါင်းစပ်ပေးလိုက်တဲ့အတွက် စမတ် ဖုန်းရဲ့ လုံခြံုရေးကို ပိုကောင်းလာစေပါတယ်လို့ ရော်ဂျာက
ပြောပါတယ်။

"ဘဏ်ကငွေထုတ်တဲ့ကိစ္စကိုပဲ စဉ်းစား ကြည့်လိုက်ပါ။ အရင်ဆုံး လက်ဗွေအာရုံခံစနစ် ကို ဖြတ်
သန်းပြီး အစစ်အမှန်ဖြစ်ကြောင်း သက်သေပြရတယ်။ပြီးတော့ ငွေလွှဲဖို့အတွက် ကုတ်လေးလုံး
ထပ်ပေးရသေးတယ်။ ဒါက မိုဘိုင်း ပစ္စည်းတွေကို ဒက်စတော့ ကွန်ပျူတာတွေထက်ပိုပြီး လုံခြံု
မှုရှိစေပါတယ်" လို့ရော်ဂျာက ပြောပါတယ်။ ကွန်ပျူတာလုံခြံုရေးဆိုင်ရာ ကျွမ်းကျင်သူ တွေက
တော့ လက်ဗွေရာသုံးလုံခြံုရေးစနစ်က လုံးဝ အားနည်းချက် မရှိတာတော့ မဟုတ်နိုင် ကြောင်းနဲ့
ကြံရည်ဖန်ရည်ရှိတဲ့ ဟက်ကာတွေက လည်း ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး ကလိန်ဉာဏ်ဆင်
ကြဦးမှာပဲလို့ မှတ်ချက်ပေး ကြပါတယ်။

"လက်ဗွေရာဆိုတာက လျှို့ဝှက်ထားလို့ မရ ပါဘူး။ လက်နဲ့ ထိလိုက်တဲ့ နေရာတိုင်းမှာ လက်ဗွေ
ရာတွေက ကျန်ခဲ့မှာပဲ" လို့ လုံခြံုရေး ဆိုင်ရာ ကျွမ်းကျင်သူ ဘရုစ်ရှီးနီးယားက ပြောပါတယ်။
"ရော်ဘာလက်ချောင်းနဲ့ လက်ဗွေရာ ဆင်ဆာကို လှည့်စားဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်
ခြေတော့ ရှိတယ်" လို့ သူက ပြော ပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ သုတေသီတစ်ဦး ကတော့ Gummi bears လုပ်တဲ့ ဂျယ်လီသကြားလုံးအစေး
တွေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က စမ်းကြည့်ခဲ့ဖူးတာကို သူက ပြောပြပါတယ်။

"ကျွန်တော်မြင်ဖူးသမျှ အကောင်းဆုံးစနစ် ကတော့ အစိုးရအဆောက်အအုံတွေရဲ့ ၀င် ပေါက်တွေ
က လုံခြံုရေးအစောင့်တွေပါပဲ" လို့ သူက ပြောပါတယ်။ "အာရုံခံစက်တွေကို လက်ချောင်းအတုနဲ့
လှည့်စားလို့ ရကောင်းရမယ်။ ဒါပေမဲ့ သေနတ်အကြီးကြီးနဲ့ ဂိတ်ဝမှာ စောင့်နေတဲ့ လုံခြံုရေးအစောင့်
ကတော့ ဒီလို လက်ချောင်းအတုနဲ့ လှည့်စားနေတာကို ခွင့်ပြုမှာတော့ မဟုတ်ပါဘူး"လို့ သူက
ပြောပါတယ်။

လက်ဗွေရာကို လိုချင်တဲ့အတွက် အိုင်ဖုန်း ၅ အက်စ် ပိုင်ရှင်ရဲ့ လက်ချောင်းတွေကို ဖြတ်ယူတာမျိုး
တွေ ရှိလာနိုင်တယ်လို့ Touch ID နဲ့ ပတ်သက်ပြီး တချို့က ဇာတ်လမ်းဆန်ဆန် ခန့်မှန်းပြောဆို
နေကြပါတယ်။

အထူးသဖြင့် လက်ဗွေရာဖတ်တဲ့စက်မှာ တစ်ခုခုမှားနေပြီဆိုရင် စမတ်ဖုန်းကိုဖွင့်တဲ့ နည်းလမ်း
တစ်ခုအဖြစ် ကိုယ်ပိုင်ကုတ်နံပါတ်နဲ့ ၀င်ရတာမျိုးတွေလည်း ပါတဲ့အတွက် ဒီလို ထိတ်လန့်တုန်
လှုပ်စရာကောင်းတဲ့ နည်းလမ်းမျိုးကတော့ ဖြစ်နိုင်ဖွယ်ရာမရှိပါဘူးလို့ ကွန်ပျူတာ လုံခြံုရေးဆိုင်
ရာ ကျွမ်းကျင်သူတွေ က ပြောပါတယ်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်