စီဘီဘဏ်များ၏ အေတီအမ်စက် အချို့တွင် ငွေထုတ်ရာ၌ မကြာခဏ ကြုံတွေ့ရလေ့ရှိသော
၀န်ဆောင်မှု မရရှိနိုင်ခြင်းသည် ဘဏ်မှ အသုံးပြု လျက်ရှိသည့် အင်တာနက်စနစ် ကျဆင်းမှု
ကြောင့်ဖြစ်ပြီး သုံးစွဲသူများ ၏ မှားယွင်းမှုများကြောင့်လည်း ဖြစ်နိုင် ကြောင်း အိုင်တီဌာနမှ
လက်ထောက် အထွေထွေ မန်နေဂျာဦးဇေယျာအောင် က ပြောကြားသည်။
"ဘဏ်ရဲ့ လက်ရှိအသုံးပြုနေတဲ့ စနစ်က ဂြိုဟ်တုစနစ်ကို အဓိက အသုံးပြုထားပါတယ်၊ တခြား
စနစ်တွေ လည်း ပါ၀င်ပါတယ်။ အေတီအမ်စက်တွေကို အွန်လိုင်းကနေ ဗဟို ထိန်းချုပ်မှုစနစ်နဲ့
ထိန်းထားတာဆို တော့ ရာသီဥတုကြောင့်ဖြစ်စေ အခက် အခဲလေးတွေ ရှိတယ်။ ဂြိုဟ်တုဆက်
သွယ်ရေးတွေ လိုင်းကျဆင်းတာ၊ ပြတ်တောက်တာတွေ ကျွန်တော်တို့ လည်း ကြုံနေရတယ်။
အဲဒီအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်း လိုင်းကျဆင်းမှုတွေကို တင်ပြထား တယ်။
အသုံးပြုနေတဲ့ ကေယူဘန်းမ်(KU Band)တွေ၊ စီဘန်းမ် (C Band) တွေဆို လက်ရှိရာသီဥတု
ဒဏ်ကို မခံ နိုင်ဘူး" ဟု ၎င်းကပြောကြားသည်။
"ငွေထုတ်စက်တွေမှာ ကတ်ပြန်ထုတ်မရတာတွေကတော့ သုံးစွဲသူတွေရဲ့ ပင်နံပါတ်ကုဒ်(PIN
Code)တွေ မှားယွင်းမှုကြောင့်။ စက်က ကုဒ် နံပါတ်မှားယွင်းမှုကို သုံးကြိမ်ထိပဲ လက်ခံတယ်။
ဆက်မှားနေရင် ကတ်ကို လုံခြံုရေးအတွက် ထိန်းထားလိုက် တယ်။ အဲသလိုဖြစ်ရင် ရုံးချုပ်ကို
မှတ်ပုံ တင်ပြပြီး ပြန်သွားထုတ်ရတယ်၊ ဒါမှ မဟုတ် ခိုးယူခံရတဲ့ကတ်တွေ၊ ပျောက် ဆုံးကြောင်း
သတင်းပို့ထားတဲ့သူရဲ့ ကတ်တွေ များလား၊ စက်ကနေ မှားယွင်း မှုဖြစ်တာတော့ ရှားပါတယ်။
တကယ်လို့ ဖြစ်ရင်လည်း အသုံးပြုတဲ့ စက်ဌာန ကို ဖုန်းဆက်အကြောင်းကြားရင် ချက်ချင်းလာ
ရောက် ဆောင်ရွက်ပေး ပါတယ်။ "ပြီးတော့အခုနောက်ပိုင်း MPU ကတ်တွေ ပိုမိုအသုံးပြုလာတာ
ကို တွေ့ရတယ်။ အဲဒီတော့ အခက်အခဲကြုံတွေ့မှုကို ဖုန်းဆက်အကြောင်း ကြားလာတာတွေကို
လည်း ပိုမိုကြုံတွေ့ ရပါတယ်"ဟု ဦးဇေယျာအောင်က ပြောသည်။
"ဒီမှာဆောင်ရွက်ရတဲ့ အခြေခံ အဆောက်အအုံတွေက လိုအပ်ချက် တွေ ရှိပါတယ်။ စင်ကာပူနိုင်
ငံလို ပစ္စည်းပြည့်စုံလို့ ဆောင်ရွက်နေရ တာတော့ မဟုတ်ဘူး။ အဲဒီအတွက် မှားယွင်းမှုတွေ မဖြစ်
ရအောင် တပ်ဆင် ထားတဲ့ ပစ္စည်းတွေကို ပြန်လည် အဆင့်မြင့် ပြင်ဆင်ဖို့အတွက် နိုင်ငံခြား က
နေ ပစ္စည်းတွေ မှာယူဖို့အတွက် ပြင်ဆင်နေပါတယ်။ သက်ဆိုင်ရာ ၀န်ကြီး ဌာနကိုလည်း ပစ္စည်း
တွေ တင်သွင်းဖို့အတွက် ခွင့်ပြုမိန့်တောင်းခံထားပါတယ်" ဟု ၎င်းက ထပ်မံပြောပြသည်။
"အေတီအမ်စက်တွေမှာ ဆားဗစ်မရတာမျိုးတွေက အင်တာနက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာ
တွေဆိုတော့ လိုင်းကျတာမျိုးတွေ ရှိတတ်ပါ တယ်။ ဆားဗစ်မရလည်း ခဏပါပဲ။ မြန်မာ့ဆက်သွယ်
ရေးလိုင်းတွေရဲ့ လိုင်းကျဆင်းမှုတွေကြောင့်ပါ။ "ကနဦးတုန်းကတော့ IP Star လိုင်း တစ်ခုတည်းနဲ့
ဆောင်ရွက်ခဲ့ရတုန်းက အခက်အခဲတွေ ရှိတယ်။ အခုနောက် ပိုင်း ဗှီူလိုင်းတွေ၊ ြွှ ဖုန်းလိုင်း တွေနဲ့
တိုးချဲ့ဆောင်ရွက်တဲ့အခါကျ တော့ ပိုအဆင်ပြေသွားတယ်" ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးရေဘဏ်၏
အေတီအမ် အိုင်တီဌာနမှ ဦးစိုးမင်းမင်းက ပြော ကြားသည်။
"ငွေထုတ်စက်တွေမှာ မကြာခဏ ဆားဗစ်မရတာတွေ၊ ဆက်သွယ်ရေး လိုင်း ကျဆင်းမှုတွေအတွက်
အဖြေရှာ ပြီး အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေပါ တယ်။ အခုနောက်ပိုင်း တင်ဒါအောင် ပြီးဝင်လာမယ့်
ဆက်သွယ်ရေး ကုမ္ပဏီ တွေနဲ့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက် ဖို့အတွက်လည်း ညှိနှိုင်းဆောင်ရွက်
နေပါတယ်။ နည်းပညာပိုင်းကိုလည်း အဆင့်မြှင့်တင်ဖို့အတွက် ပြုလုပ်နေ ပါတယ်။
"ပြီးတော့ အခုလာမယ့် ၂၀၁၃ ဆီးဂိမ်းမှာ ၀င်လာမယ့် ခရီးသည်တွေ အသုံးပြုနိုင်မယ့် Master၊
Visa Card တွေအပြင် CPU Card တွေပါ အဆင်ပြေဖို့အတွက် ပြည်ပဘဏ်တွေနဲ့ ချိတ်ဆက်
ဆောင်ရွက်ဖို့ ပြုလုပ် နေပါတယ်။ တချို့လည်း စတင် အသုံးပြုနေပါပြီ။ အေတီအမ်ငွေထုတ်စက်
တွေကိုလည်း ဆီးဂိမ်းကျင်းပမည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ နဲ့ တခြားနေရာတွေမှာလည်း
အလုံး အရေအတွက် ထပ်မံတိုးမြှင့်ချထားဖို့ စီစဉ်ထားပါတယ်"ဟု အထွေထွေမန်နေ ဂျာ ဦးနိုင်လင်း
ကပြောကြားသည်။

















