ခွေးအိုကြီးတွေကိုတော့ အကွက်အသစ်တွေ သင်ပေးလို့ ရချင်လည်းရမယ်။ မရတာလည်း
ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ အေအက်ဖ်ပီက ခွေးကလေးကိုတော့ အိုင်ပက်တ် ဘယ်လိုသုံးရ မလဲ
သင်ပေးလို့ရခဲ့ပါတယ်။
နယူးယော့ခ်က ခွေးတွေကို လေ့ကျင့်ပေးနေတဲ့ အန်နာဂျိန်းဂရော့စ်မန်းက ခွေးတွေကို အိုင်ပက်တ်
အသုံးပြုနည်း သင်ပေးခဲ့ရာမှာ အောင်မြင်စွာ သင်ယူနိုင်တာကို တွေ့ခဲ့ရပေ မယ့် သူတို့အတွက်
အက်ပလီကေးရှင်းကတော့ သိပ်များများစားစား မရှိပါဘူးတဲ့။
"ဒါက ထူးခြားပါတယ်။ သူတို့ကို အိုင်ပက်တ် အသုံးပြုနည်း သင်ပေးရတာ ပျော်စရာတစ်ခုခု ကို
ကစားနေရသလိုပါပဲ" လို့ ဂရော့စ်မန်းက အေအက်ဖ်ပီကို ပြောပါတယ်။ သူကတော့ မန်ဟက်တန်
က ယူနီယံစကွဲအနီးမှာ မိတ်ဆွေ ုအေန ှနညငျင နဲ့အတူ ခွေးလေ့ကျင့်ရေးကျောင်းတစ်ခုကို ဖွင့်
ထားပါတယ်။
"ကျွန်မခွေးကို အိုင်ပက်တ်သုံးနည်း သင်ပေးတာက တခြားရည်ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။
ဒါပေမဲ့ ကျွန်မတို့တွေ အိုင်ပက်တ်ကို သုံးပြီး တစ်ချိန်လုံး ကစားနေကြတယ်လေ။ ကျွန်မတို့ခွေး
တွေနဲ့လည်း ကစားသင့်တယ်လို့ တွေးမိသွားပါတယ်။ ဒါကြောင့် ခုလို သင်ပေး ဖြစ်သွားတာပါ"
ခွေးကို သင့်တော်တဲ့ တက်ဘလက်နည်းပညာတချို့ သင်ကြားပေးနေတဲ့ ဘွဲ့ရကျောင်းသားတစ်
ယောက်အကြောင်း စိတ်ကူးယဉ်ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိပြီးတဲ့ နောက်မှာ ခွေးချစ်သူတစ်ဦးဖြစ်
သလို အလွတ်တန်း စာရေးဆရာမ တစ်ယောက်လည်း ဖြစ်တဲ့ နယူးယော့ခ် မြို့သူ ဂရော့စ်မန်းဟာ
သူ့ခွေးကို အိုင်ပက်တ် သုံးနည်း သင်ပေးဖို့ စိတ်ကူးရသွားပါတယ်။
အိုင်ပက်တ်ကို စပြီး အသုံးပြုတတ်တဲ့ ခွေးကတော့ ဂရော့စ်မန်းရဲ့ Poodle နဲ့ Yorkie နှစ်မျိုးစပ်
ရှစ်နှစ်အရွယ် ခွေးလေး Amos ပဲ ဖြစ်ပါတယ်။ သူကတော့ တော်တော့ကို သွက်တဲ့ ခွေးလေးပါ။
'ဒိုင်း ဒိုင်း' လို့ ပြောလိုက် တာနဲ့ သေပြီဆိုပြီး လှဲချလိုက်တာမျိုးလို ရယ်စရာအတတ်ကောင်း ေ
တာ်တော်များများ လုပ်ပြတတ်ပါတယ်။ ခွေးကို အိုင်ပက်တ်သုံးနည်းသင်ပေးလို့ ရတာ သေချာ
အောင် အေအက်ဖ်ပီကလည်း ဂရော့စ်မန်းဆီ သုံးနှစ်အရွယ် ဒက်ရှန်းခွေးလေး Bandit ကို ခေါ်
သွားပါတယ်။
အစမှာတော့ ရိုးရိုးလေးသင်ပေးပါတယ်။ဂရော့စ်မန်းက သူ့ရဲ့လက်ကို ခွေးလေးရဲ့ နှာခေါင်းထိပ်
လေးတဲ့ တို့ထိတတ်အောင် သင် ပေးပါတယ်။ ခိုင်းတဲ့အတိုင်း လုပ်တာမှန်ရင် သူ့ကို အရသာရှိ
တဲ့စားစရာတစ်ခုခုကျွေးပြီး ဆုချလေ့ရှိပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ယင်ရိုက်တံကို တို့ထိ
တတ်အောင် သင်ပေးပါတယ်။ နောက် တစ်ဆင့်ကတော့ နုတ်ပက်တ်စာရွက်လေးကို သူ့ရဲ့
နှုတ်သီးလေးနဲ့ တို့တတ်အောင် သင်ပေးပါတယ်။
ခွေးရဲ့နှာခေါင်းနဲ့ တို့ထိတတ်အောင် သင်ပေးရာမှာ ခွေးရဲ့ စိတ်ကို ဆွဲဆောင်နိုင်အောင် မြေပဲ
ထောပတ် တစ်ခါတလေ သုတ်ပေးထားလိုက်ပါတယ်။ စာရွက်ကလေးကို တို့ထိလို့ တတ်လာ
ပြီဆိုရင်တော့ အိုင်ဖုန်းနဲ့ အိုင်ပက်တ်သုံးပြီး သင်ပေးပါတယ်။ ခွေးလေးရဲ့ နှာခေါင်းစိုစိုလေးနဲ့
အသာလေး တို့ထိလိုက်တာနဲ့ ချက်ချင်းပဲ တုံ့ပြန် မှုတွေ ရပါတယ်။ ဒါကတော့ ပစ္စည်းတွေ အလုပ်ကောင်းကောင်းလုပ်တာကြောင့်လည်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
"ကျွန်မတို့ စကရင်သန့်ဆေးကတော့ အများကြီး သုံးရပါတယ်" လို့ ဂရော့စ်မန်းက ပြောပါတယ်။
တစ်နာရီအတွင်းမှာပဲ ြညေိငအ ဟာ သူ့ ဘာသာသူ ဓာတ်ပုံရိုက်တတ်သွားပါတယ်။မျက်နှာပြင်ကို
ထိလိုက်တာနဲ့ ကင်မရာပွင့် သွားစေတဲ့Big Camera Button အက်ပလီ ကေးရှင်းကို ဖွင့်ပေးထား
တာပါ။ (ထွက်လာ တဲ့ပုံကတော့ သူ့ရဲ့ မျက်လုံးနဲ့ နဖူးကို အနီးကပ်ကြီး ရိုက်ထားတဲ့ပုံပါ။)
"အိုင်ပက်တ်၊ ဒါမှမဟုတ် အိုင်ဖုန်း ဒါမှမဟုတ် ကိုယ်အသုံးပြုနေတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး
ကောင်းတဲ့အချက်ကတော့ ခွေးက တို့ထိလိုက်တာကိုလည်း ပြန်လည်တုံ့ပြန်နိုင်တာပါ" လို့
ဂရော့စ်မန်းက ရှင်းပြပါတယ်။ ဟုတ်တယ်ဆိုတဲ့အဖြေအတွက် အစိမ်းရောင် ခလုတ်နဲ့ မဟုတ်ဘူး
ဆိုတဲ့အဖြေအတွက် အနီရောင်ခလုတ်စီစဉ်ပေးထားတဲ့ yes, No ဆိုတဲ့ အက်ပလီကေးရှင်းကို
အသုံးပြုပြီး Amos ကို မေးခွန်းတချို့ မေးကြည့်ခဲ့ကြပါ တယ်။
နှစ်နဲ့နှစ်ပေါင်းရင် အဖြေငါးထွက်တာ မှန်လားလို့ မေးတော့ သူက အနီရောင်ခလုတ် ကို တို့ပေး
ပါတယ်။ ပုံနှိပ်မီဒီယာ ခေတ်ကုန် သွားပြီလားဆိုတဲ့မေးခွန်ကိုလည်း သူက နိုးဆိုတဲ့အဖြေကိုပဲ
တို့ထိဖြေပေးထားပါတယ်။ စကားမပြောနိုင်တဲ့ ကလေးတွေ တခြား လူတွေနဲ့ ဆက်သွယ်လို့ရ
အောင် စီစဉ်ပေးထားတဲ့ ့နျယ သြ အက်ပလီကေးရှင်းကတော့ ဂရော့စ်မန်းတွေ့ရှိထားတဲ့ ခွေး
တွေအတွက် အဆင်ပြေတဲ့ ဆော့ဖ်ဝဲ သုံးလေးခုထဲက တစ်ခုပါ။
"ခွေးတွေ ကျွမ်းကျွမ်းကျင်ကျင် အိုင်ပတ်တ် သုံးနိုင်တာနဲ့ ပတ်သက်ပြီး ပြဿနာသိပ်မရှိပါဘူး။
ခွေးတွေ သူတို့နှာခေါင်းနဲ့ တို့ထိလို့ ရအောင် ကြီးတဲ့ ဆော့ဖ်ဝဲမျိုးနဲ့ မီးဖွင့်တာ၊ တံခါးဖွင့်တာလိုမျိုး
လက်တွေ့အသုံးဝင်တဲ့ လုပ်ငန်းမျိုးအတွက် ကိုက်ညီတဲ့ ဆော့ဖ်ဝဲမျိုးတွေ အများကြီးမရှိပါဘူး"
လို့ ဂရော့စ်မန်းက ပြောပါတယ်။
ဂရော့စ်မန်းဟာ audioenabled app ကို အသုံးပြုပြီး ခွေးတွေ ခြေအိတ်အရောင် အနုအရင့်ကို
ခွဲခြားနိုင်အောင် စမ်းသပ်မှု တွေ ပြုလုပ်နေပါတယ်။ ဒါသာ အောင်မြင် ရင် သခင်အဝတ်အစားလဲ
ရာမှာ ခွေးတွေက အကူအညီပေးနိုင်မှာပါ။ ခွေးလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ခွေး ကို
အိုင်ပက်တ်သုံးနည်းသင်ပေးဖို့ သင်တန်းလာအပ်သူ တစ်ဦးကတော့ လေယာဉ်မှူး တစ်ဦးပါ။
သူက သူ့ခွေးကို လေယာဉ်ပျံသန်း စဉ် မိုးလေဝသသတင်းကို ဖွင့်ခိုင်းဖို့အတွက် ခုလို သင်တန်း
လာအပ်တာပါ။ ဒါပေမဲ့ ခွေးတွေ အိုင်ပက်တ်သုံးတာကိုလူတွေ ပိုပိုပြီး သိလာကြတဲ့အခါ လူတိုင်း
က အ့ံဩစရာတစ်ခုလို မခံစားရကြတော့ပါဘူး။ "ခွေးတွေကို သင်ကြားလေ့ကျင့်ပေးနေ တဲ့
အသိုင်းအဝိုင်းမှာတော့ လူတွေက 'တော်လိုက်တာ' ဆိုတာမျိုး ပြောကြပါတယ်" လို့ ဂရော့စ်မန်း
က ပြောပါတယ်။
သူ့ခွေးသင်တန်း မှာ 'အိုင်ဒေါ့' ဆွေးနွေးပွဲတွေလည်း ကျင်းပ ပေးနေပါတယ်။ "ဒါပေမဲ့ ဒေါသထွက်
နေတဲ့သူတွေဆီက အီးမေးလ်တွေလည်း ကျွန်မလက်ခံရရှိထားပါတယ်။တချို့ကတော့ 'စတိဗ်ဂျော့
သာ ခုချိန် မှာ အသက်ရှင်နေသေးရင် တော်တော်လေး ဒေါသထွက်နေမှာပဲ"လို့ ရေးထားလေရဲ့
လို့ သူက ပြောပြပါတယ်။
(အေအက်ဖ်ပီ)

















