တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေး
ခဲ့၍ ဖုန်းအသုံးပြုနိုင်သူဦးရေ ပိုမိုများပြားလာသဖြင့် အများသုံးတယ်လီဖုန်းများကို အသုံးပြုသူများ
လျော့ နည်းလာသည်ကို တွေ့ရသည်။ သို့သော် အများသုံးတယ်လီဖုန်းများ မကြာမီ အနာဂတ်
တွင် ပျောက်ကွယ်သွားတော့မည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။
"အရင်ကထက်စာရင်တော့ ဖုန်းလာဆက်တဲ့သူတွေ နည်းသွားတယ်။ ကျပ် ၁,၅၀၀ ဆင်းကတ်
တွေထွက်တဲ့ အချိန်ကစပြီး အများသုံးတယ်လီဖုန်း ဆိုင်မှာ ဖုန်းဆက်တဲ့သူတွေ နည်းသွား ပြီ"
ဟု ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ပေါ်နှင့် ၃၉ လမ်းထောင့်ရှိ အများသုံး တယ်လီဖုန်းဆိုင်တွင်
တာဝန်ကျနေသူ ဦးမင်းမင်းက ပြောသည်။ ဖုန်းဆက်မည့်သူများ နည်းလာပါ က အများသုံး
ဆက်သွယ်ရေးစခန်း များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပိတ်သိမ်းသွားနိုင်သည်ဟု ၎င်းက
ပြောသည်။
ယခုအခါတွင် အကြောင်းအမျိုးမျိုး ကြောင့် ၎င်းတို့မိုဘိုင်းဖုန်းများဖြင့် ဆက်သွယ်၍မရသောသူများ
အများ သုံး တယ်လီဖုန်းများကို လာရောက်အသုံးပြုကြသည်ဟု အနော်ရထာလမ်းနှင့် ဗိုလ်အောင်
ကျော်လမ်းရှိ အများသုံးတယ်လီဖုန်းဆိုင်တွင် တာဝန်ကျနေသူတစ်ဦးက ပြောသည်။
"ဖုန်းတွေ အရင်ကလောက်တော့ လာမဆက်ကြတော့ဘူး။ အခုလာတဲ့ သူတွေကတော့ လိုင်းမမိ
လို ့လာဆက် ကြတယ်။ တချို့တွေကလည်းဖုန်းထဲမှာ ငွေမရှိတော့လို လာဆက်တဲ့သူတွေပဲရှိပါ
တယ်။ ဒီအများသုံးတယ်လီဖုန်း တွေကတော့ ရှိနေဦးမှာပဲလို့တော့ ထင်တယ်။ ဘာဖြစ်လို့လဲဆို
တော့ လမ်းသွားလမ်းလာတွေ အရေးပေါ်လိုအပ်လာရင်၊ မိုဘိုင်းဖုန်းဘက်ထရီမရှိတာမျိုးဆိုရင်
ဒီအများသုံးတယ်လီဖုန်းက အသုံးဝင်ပါတယ်" ဟု ၎င်းကပြောသည်။ တန်ဖိုးနည်းဖုန်းများကို
ရောင်းချပေးနေသော်လည်း မဲစနစ်ဖြင့်ပေးသောကြောင့် ပြည်သူများအားလုံး မိုဘိုင်းဖုန်း မသုံးစွဲနိုင်
သေးသည့်အတွက် အများသုံး တယ်လီဖုန်းကို အားကိုးဆက်သွယ်နေကြရသည့် လူနည်းစုရှိနေ
သေးကြောင်း Mr. Fone Teleom Center မှအထွေထွေမန်နေဂျာ ဦးထက်လင်းကျော်က
ပြောသည်။
"လမ်းထဲမှာပဲဖြစ်စေ၊ အစိုးရဖွင့်ထားတဲ့ ဖုန်းဆိုင်လေးတွေမှာပဲ ဖြစ်စေ၊ အိမ်ဆိုင်လေးတွေကဖွင့်
ထားတဲ့ ဖုန်းတွေမှာပဲဖြစ်စေဖုန်းပြောနေတဲ့သူတွေ တွေ့နေရတုန်းပဲ" ဟု ဦးထက်လင်းကျော်က
ပြောသည်။

















