ဆီးဂိမ်းကာလ၌ လအကန့်အသတ်ဖြင့် သုံးနိုင်မည့် မိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချပေးဖွယ်ရှိ

ဆီးဂိမ်းကာလ၌ လအကန့်အသတ်ဖြင့် သုံးနိုင်မည့် မိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချပေးဖွယ်ရှိ

ဒီဇင်ဘာလတွင် ကျင်းပမည့် အရှေ့ တောင် အာရှ အားကစားပြိုင်ပွဲကာလ အတွင်း နိုင်ငံခြားသား
ဧည့်သည်များ အတွက် လအကန့်အသတ်ဖြင့်အသုံး ပြုနိုင်မည့် မိုးဘိုင်းဖုန်းဆင်းကတ်များ ရောင်း
ချနိုင်ဖွယ်ရှိကြောင်း မြန်မာဆက်သွယ်ရေးလုပ်ငန်း  Online Billing System မှ အင်ဂျင်နီယာမှူး
ဦးအောင်ကျော်သက်ကပြောသည်။

အဆိုပါဆင်းကတ်များကို မြန်မာ ငွေဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး မြန်မာ ငွေဖြည့်ကတ်များဖြင့် အသုံး
ပြုရမည် ဖြစ်ကြောင်းသိရသည်။

"ထုတ်ပေးမယ့် ဆင်းကတ်တွေက မြန်မာငွေနဲ့ ၀ယ်ရပြီး မြန်မာငွေဖြည့် ကတ်တွေကိုပဲ သုံးရမှာပါ။
ဥပမာ ဆင်းကတ်တွေကို ကျပ် ၁,၅၀၀ နဲ့ ၀ယ်နိုင် ပြီး အဲဒီဆင်းကတ်တွေအတွက် မြန်မာ ငွေဖြည့်
ကတ်ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆင်းကတ်တွေက အမြဲသုံးစွဲခွင့်မရှိဘဲ လကန့်သတ်
ထားမှာဖြစ်ပါတယ်။ သက်မှတ်ထားတဲ့ လထက် ပိုသုံးခွင့်မရှိပါဘူး"ဟု ဦးအောင်ကျော်သက်
ကပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ သို့ ခေတ္တလာရောက်သည့် နိုင်ငံခြား သားများသည် အမေရိကန်
ဒေါ်လာ ၂၀ တန် တစ်ခါသုံးဆင်းကတ်များကိုသာ အသုံးပြုနိုင်မည် ဖြစ်သည်။

"ကျွန်မတို့ အရင်တုန်းကတော့ ဒီတစ်ခါသုံးဆင်းကတ်တွေကိုရောင်း တယ်။ ၁,၅၀၀ တန်ဆင်း
ကတ်တွေ ချပေးတဲ့အချိန်ကနေစပြီး အရောင်းပါး သွားတယ်။ အခုတော့ ကျွန်မတို့ မရောင်း
တော့ဘူး။ ဒါပေမဲ့ အခုထိတော့ တစ်ခါသုံးကတ်တွေကို လာရောက် မေးမြန်းနေတဲ့ နိုင်ငံခြား
သားတွေ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ တစ်လလုံးနေမှ သုံးယောက်လောက် ပဲ လာမေးကြ
တယ်" ဟု KKA မိုဘိုင်း အရောင်းဆိုင်မှ မပပကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်