မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးလာကြသဖြင့် အင်တာနက်ဆိုင်များ အခက်တွေ့နေရ

မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးလာကြသဖြင့် အင်တာနက်ဆိုင်များ အခက်တွေ့နေရ

မိုဘိုင်းဖုန်းများဖြင့် အင်တာနက်သုံးစွဲသူများပြားလာသည့်အတွက် ယခုအခါ အင်တာနက်ဆိုင်
များတွင် အင်တာနက် လာရောက်သုံးစွဲသူများနည်းပါးလာကြောင်း အင်တာနက်ဆိုင်များမှ တာ
၀န်ရှိသူများကပြောသည်။

"ကျွန်တော်တို့ဆိုင်မှာကတော့ အင်တာနက် သုံးတဲ့သူတွေ လျော့ကျသွားတယ်။ ဒီ ၁,၅၀၀ တန်
ဆင်းကတ်တွေထွက်ပြီးတဲ့အချိန်ကစပြီး တော့ သုံးစွဲသူတွေ လျော့ကျသွားတယ်။ ဒါပေ မဲ့ ဂိမ်း
ဆော့တဲ့သူတွေတော့ ရှိသေးတယ်" ဟု 8 Mile အင်တာနက်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးကပြော
သည်။

မိုဘိုင်းအင်တာနက်လိုင်းများကို စာတိုပို့ စနစ်ဖြင့် အလွယ်တကူလျှောက်နိုင်သည့် အတွက်လည်း
မိုဘိုင်းဖုန်းများဖြင့် အင်တာ နက် သုံးစွဲသူအရေအတွက် ပိုတိုးလာခြင်း ဖြစ်သည်။ သို့သော်လည်း
မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲမှု အဆင်မပြေနိုင်သည့်သူများမှာမူ အင်တာနက်ဆိုင်များသို့
လာရောက်ကြသေးကြောင်း Best Solution အင်တာနက်ဆိုင်မှ ဦးခင်မောင်ဦးက ပြောသည်။

"အခု အင်တာနက်သုံးစွဲသူတွေကလည်း သနားပါတယ်ဗျာ။ ဖုန်းထဲမှာကျပ် ၁၀,၀၀၀ ထည့်ပြီး
တော့ အင်တာနက်လျှောက်ကြလိုက် တာ။ ကျွန်တော်တွေ့တာကတော့ တစ်ပတ်လောက်ဘဲ
ကောင်းကောင်းသုံးလို့ရတယ်။ ပြီးရင် အရင်အတိုင်း ပြန်ဖြစ်သွားတာပဲ။ အခု အင်တာနက်ကိုဖုန်း
တွေနဲ့ အသုံးပြုကြတော့ ဖုန်းတွေနဲ့ အသုံးပြုနိုင်ပေမယ့်လည်း connection မကောင်းတဲ့အချိန်
ကျတော့ ဒီ အင်တာနက်ဆိုင်တွေကို ပြေးလာကြတာပဲ" ဟု ၎င်းကပြောသည်။

ဆိုင်တွင် အင်တာနက်လာရောက်အသုံးပြုသူ နည်းလာသဖြင့် အခြားစီးပွားရေးပြောင်းလုပ်ရန်
စီစဉ်နေသည်ဟု Cyber Shine အင်တာနက်ဆိုင်မှ ဦးအောင်ဝင်းသူကပြောသည်။

"အရင်ထက်စာရင်တော့ သုံးသူလျော့သွား တယ်။ ဖုန်းနဲ့ သုံးတာများပေမယ့်လည်း တချို့ အဆင်
မပြေတာတွေလည်းရှိတယ်။ တချို့လိုင်းလေးတာတွေလည်း ရှိတယ်။ အဲဒီအချိန်ကျရင် ဆိုင်မှာ
လာသုံးကြတယ်။ ဂိမ်းဆော့တဲ့သူတွေလည်း လျော့သွားတယ်။ ဂိမ်းဆော့တဲ့သူတွေ အရင်က ရ၀
ရာခိုင်နှုန်းလောက်ရှိတယ်ဆိုရင် အခု ၅၀ ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်။ အင်တာနက်သုံးတာ
ကတော့ တော်တော် လေးကို လျော့သွားတယ်။

အရင်တုန်းက အင်တာနက်သုံးတဲ့သူ ၈၀ ရာခိုင်နှုန်းလောက် ရှိမယ်ဆိုရင် အခု ၃၀ ရာခိုင်နှုန်း
လောက်ပဲ ရှိတော့တယ်။ နောက်ပိုင်းအသုံးပြုသူတွေ ကျွန်တော်တို့ဆိုင်မှာ နည်းနေမယ်ဆိုရင်
တော့ ကျွန်တော်တို့ တခြားစီးပွားရေးပြောင်းလုပ်ရ တော့မှာပေါ့" ဟု ၎င်းကပြောသည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ ကိုကျော်မျိုးထွဋ်က "ကျွန်တော်အရင်တုန်းက ဆိုရင်
တော့ သူငယ်ချင်းတွေနဲ့ အင်တာနက်ဆိုင် မှာ ဂိမ်းတွေချိန်းဆော့ဖြစ်တယ်။ အခုတော့ ကျွန်တော့်
ဖုန်းထဲမှာ အင်တာနက်ချိတ်ပြီးပြီးဆို တော့ ကျွန်တော့်အိမ်က ကိုယ်ပိုင်ကွန်ပျူတာနဲ့ ချိတ်ပြီး
အင်တာနက်သုံးတယ်။

အင်တာနက်ဆိုင် သွားရင် ပိုက်ဆံကုန်တယ်။ အင်တာနက်ဆိုင်မှာ ဆိုရင် အင်တာနက်သုံးလို့
ဗိုက်ဆာရင် မုန့်က ၀ယ်စားရသေးတယ်။ အဲဒီတော့ အင်တာနက် ဖိုးအပြင် မုန့်စားတဲ့ဖိုးပါ ကုန်
တယ်။ ဒါကြောင့် ကျွန်တော်ဖုန်းထဲမှာ အင်တာနက်ချိတ်ပြီး အိမ် မှာပဲသုံးတော့တယ်။
အင်တာနက်ဆိုင်ကို မသွားဖြစ်တော့ဘူး"ဟု ပြောသည်။

သို့သော် ဆိုင်တွင် အင်တာနက်သွားရောက် သုံးစွဲဆဲဖြစ်သူ ကိုအောင်ထက်ကမူ အင်တာနက်
ဆိုင်သို့ မသွားမဖြစ်သွားရသည်ဟုဆိုသည်။ "ကျွန်တော်က အင်တာနက်က Facebook အသုံး
များတယ်။ နောက် နိုင်ငံခြားက သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရတယ်။ တကယ်လို့ သူငယ်ချင်း
တွေနဲ့ လိုင်းမှာ တွေ့ရတော့မယ်ဆိုရင် connection ကောင်းမယ့်ညလောက်ကို ချိန်း
လိုက်တယ်။ ဒါမှမဟုတ် သူက အခုတွေ့မှ ဖြစ်မယ်ဆိုရင် အင်တာနက်ဆိုင်မှာသွားပြီး
သုံးတယ်"ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်