မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအား လာရောက်အားပေးကြ မည့် နိုင်ငံအသီးသီးမှ ဧည့်သည်များအတွက်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်များ အဆင်ပြေစေရန် သက်ဆိုင်ရာအဖွဲ့အစည်း
များက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
အားကစားပွဲကျင်းပမည့် အချိန်မတိုင်မီမှ စတင်ကာ အားကစားပွဲများကျင်းပမည့် နေရာ ခြောက်
နေရာတွင် အင်တာနက်ကို ၀ိုင်ဖိုင်စနစ်ဖြင့် အခမဲ့သုံးနိုင်ရန် ဆောင်ရွက်နေကြောင်း Redlink
ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ ထိုသို့ အသုံးပြုနိုင်မည့်နေရာများမှာ သုဝဏ္ဏ လူငယ်
လေ့ကျင်းရေးအားကစားကွင်း၊ သုဝဏ္ဏ အားကစားရုံ၊ သိမ်ဖြုအားကစားကွင်း၊ မြောက် ဒဂုံသေနတ်
ပစ်ကွင်း၊ MCC (Myanmar Convention Center)နှင့် ငွေဆောင်ကမ်းခြေ တို့တွင်ဖြစ်သည်။
"ကျွန်တော်တို့ အများသုံးဖို့အတွက် ဦးတည် ပြီးတော့ပေးတယ်။ ကျွန်တော်တို့ ဒီဝိုင်ဖိုင်အခမဲ့ ၀န်
ဆောင်မှုပေးရတဲ့ ရည်ရွယ်ချက်ကလည်း သတင်းတွေကို ကြည့်မယ်။ သတင်းတွေကိုတင်မယ်။
အဲဒီအတွက်ပေးတာပါ။ သုံးစွဲသူတွေ အနေနဲ့ ဗီဒီယိုတွေကြည့်နေမယ်။ ဗီဒီယိုဖိုင်တွေကို
download လုပ်နေမယ် ဆိုရင်တော့ အင်တာနက်အမြန်နှုန်းအခြေအနေက သိပ်အဆင်ပြေမှာ
မဟုတ်ဘူး။ သတင်းတွေဖတ်တာတို့ တင်တာတို့ဆိုရင်တော့အဆင်ပြေပါတယ်" ဟု Redlink
ကုမ္ပဏီမှ လက်ထောက်အထွေထွေမန်နေဂျာဦးမျိုးမြင့်ညွန့်ကပြောသည်။
"ကျွန်တော်တို့ ၀ိုင်ဖိုင်အခမဲ့ ၀န်ဆောင်မှု ကို အားကစားပွဲတွေကျင်းပတဲ့အချိန်တွေမှာတော့
အသုံးပြုလို့ ရနိုင်ပါတယ်။ ၂၄ နာရီ ၀န်ဆောင်မှုပေးမလားဆိုတာကိုတော့ ကျွန်တော်တို့ လူကြီး
တွေနဲ့ ညှိနှိုင်းနေတုန်းပါ ပဲ" ဟု ၎င်းကပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း နိုင်ငံ
ခြားဧည့်သည်များ ဆက်သွယ်ရေး အဆင်ပြေစေရန် မြန်မာငွေဖြင့် ၀ယ်ယူနိုင် မည့် သက်တမ်း
ကန့်သတ်ထားသည့် မိုဘိုင်းဖုန်း ဆင်းကတ်များကို ရောင်းချပေးနိုင်ရန် စီစဉ်နေသည်ဟု မြန်မာ့
ဆက်သွယ်ရးလုပ်ငန်း Online Billing System မှ အင်ဂျင်နီရာမှူး ဦးအောင်ကျော်သက်က ပြော
သည်။
"အခုလောလောဆယ်တော့ စမ်းသပ်ထား တာကတော့ ကျပ်နှစ်သောင်းတန်၊ သုံးသောင်း တန်၊
ငါးသောင်းတန်လို့တော့ သတ်မှတ်ထား တာပဲ။ ဒါပေမဲ့ အဲ့ဒါကတော့ မသေချာသေး ဘူး"ဟု ၎င်း
ကပြောသည်။
















