ဘီလျံနာ ကားလော့စ်ဆလင်းမ်လို သူကြွယ်တွေ ပိုင်ဆိုင်တဲ့ နည်းပညာဝန်ဆောင်မှုကုမ္ပဏီတွေ
က လုပ်ငန်းဝန်ဆောင်မှုပေးဖို့ စိတ်ဝင်စားမှုမရှိတဲ့ ဝေးလံခေါင်ဖျား ဒေသက မက္ကဆီကန်တောင်
ပေါ်ရွာလေးတစ်ရွာမှာ အခုတော့ ပြင်ပ ကမ္ဘာနဲ့ ဆက်သွယ်ဖို့ ကိုယ်ပိုင်မိုဘိုင်းဖုန်း ကွန်ရက်ကို
စတင်ချိတ်ဆက်ပေးနေပါပြီ။
မက္ကဆီကန်နိုင်ငံက Oaxaca မြို့တောင်ပိုင်း က စိမ်းလန်းစိုပြည်နေတဲ့ သစ်တောအုပ်ထဲမှာနေကြ
တဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ရွာဖြစ် တဲ့ Villa Talea de Castro ဟာ လူဦးရေ ၂,၅၀၀
လောက်ပဲ ရှိတဲ့အတွက် ဆလင်းမ်ရဲ့America Movil လို နည်းပညာဝန်ဆောင်မှု ကုမ္ပဏီတွေက
အမြတ်အစွန်း မရှိတဲ့ နေရာလို့ မြင်ကြပါတယ်။ ဒါကြောင့် ဒေသခံတိုင်းရင်းသားအဖွဲ့တွေ၊ လူမှု
ရေးအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်တွေပူးပေါင်းပြီး လုပ်ကိုင်တဲ့စမ်းသပ်အစီအစဉ် တစ်ခုအရ
ဒီကျေးရွာလေးမှာ ငါးရိုးပုံအင်တာနာကို အိမ်ခေါင်မိုးထိပ်မှာထောင်၊ ရေဒီယိုအသံဖမ်းစက်နဲ့
ကွန်ပျူတာတွေ တပ်ဆင်ပြီး ဒေသတွင်းအင်တာနက်ဝန်ဆောင်မှုကို ဒီနှစ် မှာ စတင်ခဲ့ကြပါတယ်။
အခုတော့ ပန်းရောင်နဲ့ အဝါရောင် ဆေးသုတ် ထားတဲ့ အိမ်သေးသေးလေးတွေ တည်ရှိရာ ဒီရွာ
ကလေးမှာ စားသောက်ဆိုင် မန်နေဂျာ Ramiro Perez ဟာ တခြားရွာမှာ ရောက်နေတဲ့ သူ့က
လေးတွေဆီ ဈေးသက်သက်သာသာ နဲ့ ဖုန်းဆက်လို့ ရသွားပြီဖြစ်သလို သူ့ဆိုင်က အစားအစာ
တွေကိုလည်း လူတွေက ဖုန်းခ သက်သက်သာသာနဲ့ အော်ဒါမှာစားလို့ ရသွား ပါပြီ။ ဒီရွာလေး
က လူတော်တော်များများ အလုပ်သွားလုပ်ကြတဲ့ အမေရိကန်နိုင်ငံကို ဖုန်းခေါ်ရင် တစ်မိနစ်ကို
သုံးလေးပဲနိပေးရပေမယ့် ဒေသတွင်းဖုန်းခေါ်ဆိုမှုအတွက် ၀န်ဆောင်ခ ဟာ တစ်လကို ၁၅ ပီဆို
( ၁ ဒသမ ၂ ဒေါ်လာ) ပဲ ကျသင့်တဲ့အတွက် မက္ကဆီကိုမြို့တော်က ကုမ္ပဏီကြီးတွေရဲ့ ၀န်ဆောင်
ခထက် ၁၃ ဆ သက်သာပါတယ်။
"ကျွန်တော့်ကလေးနှစ်ယောက်က တခြားရွာ မှာပါ။ သူတို့ကို ကျွန်တော် တစ်ပတ်ကို နှစ်ကြိမ်
သုံးကြိမ်လောက် ဖုန်းဆက်ဖြစ်ပါတယ်" လို့ အသက် ၆၀ ရှိပြီဖြစ်တဲ့ Perez က အေအက်ဖ်ပီ
ကို ပြောပြပါတယ်။ ဒေသတွင်း အင်တာနက် ၀န်ဆောင်မှု မရှိခင်ကဆိုရင် အများသုံးတယ်လီ
ဖုန်းရုံကနေ သူ့ကလေးတွေဆီ ဖုန်းသွားဆက်တဲ့အခါ တစ်မိနစ်ကို ၁၀ ပီဆို ပေးရတယ်လို့
သူက ပြောပါတယ်။
မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှု မရှိတဲ့ နေရာတွေမှာ မိုဘိုင်းကွန်ရက်တွေ တည်ထောင် ပေးဖို့
ရည်ရွယ်ထားကြတဲ့ အမေရိကန်၊ ဥရောပနဲ့ မက္ကဆီကိုက ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့
အကျိုးအမြတ် မရှာတဲ့အဖွဲ့ Rhizomatica ရဲ့ အကူအညီနဲ့ ကွန်ရက်တစ်ခု ကို ကော်ဖီစိုက်ပျိုး
ထုတ်လုပ်ရာ ဒီရွာလေးမှာ စတင်ချိတ်ဆက်ပေးခဲ့ပါတယ်။ ဈေးကွက်ဖွင့်ဖို့ အတွက် သမ္မတ
Enrique Pena Nieto က ကွန် ဂရက်ကနေတစ်ဆင့် အကောင်အထည်ဖော်ပေးခဲ့တဲ့ တယ်လီ
ကောမ်ဆိုင်ရာ ဒီအပြောင်း အလဲဟာ ဒီလိုမျိုး လူ့အဖွဲ့အစည်းအခြေခံ စီမံကိန်းတွေ ဖြစ်ပေါ်လာ
စေဖို့ ပိတ်ဆို့နေတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်လို့ တာဝန်ရှိသူတစ်ဦးက
သတင်းထုတ်ပြန်ချက် တစ်ရပ်မှာ ပြောထားပါတယ်။
"ဒေသခံ တိုင်းရင်းသား တော်တော်များများ ဟာ ဒီစီမံကိန်းမှာ ပါ၀င်ဖို့ စိတ်ဝင်စားကြတာ တွေ့ရ
ပါတယ်။ ဒီအစီအစဉ်အတွက် တော်တော် များများ ပူးပေါင်းပါ၀င်လာကြလိမ့်မယ်လို့ မျှော်လင့်ပါ
တယ်"လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် Range Networks က ထောက်ပံ့ပေးထားတဲ့ Talea က စီမံကိန်း
မှာ အသုးပြုထားတဲ့ ကိရိယာတွေ မှာ ၉၀၀ အမ်အိပ်ချ်ဇက်ရှိတဲ့ ရေဒီယိုကွန်ရက် နဲ့ ဖုန်းခေါ်ဆို
မှုတွေ၊ အွန်လိုင်းငွေပေးချေမှု တွေအတွက် ကွန်ပျူတာဆော့ဖ်ဝဲတစ်ခုလည်း ပါ၀င်ပါတယ်။
အမေရိကန်နိုင်ငံကို ခေါ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတွေကိုတော့ အင်တာနက်ပရိုတိုကောလ်ပရိုဗိုင်ဒါက
တစ်ဆင့် ပို့ပေးပါတယ်။ ဒီအစီအစဉ်ကို ဒီရွာလေးမှာ စမ်းသပ်လုပ် ကိုင်ဖို့ ပြည်ထောင်စုဆက်သွယ်
ရေးကော်မရှင် က နှစ်နှစ်လုပ်ကိုင်ခွင့် ချထားပေးထားပါတယ်။
ဆဲလ်ဖုန်းအသုံးပြုတဲ့သူတွေ ရွာကိုရောက်လာတဲ့အခါ သူတို့ရဲ့ဖုန်းမှာ "Talea Cellular Network ု
က ကြိုဆိုပါတယ်။...မှတ်ပုံတင်ဖို့ အတွက် ဒီမက်ဆေ့ချ်ကနေ ရေဒီယိုဆီသွားပါ" ဆိုတဲ့ မက်ဆေ့ချ်
စာသား အလိုအလျောက် ပေါ်လာအောင် စီစဉ်ပေးထားပါတယ်။ လိုင်းကျပ်တာမျိုးမဖြစ်ရအောင်
ဒီစီမံကိန်း မှာ ကန့်သတ်ချက်တစ်ခုတော့ စီစဉ်ပေးထား ပါတယ်။ အဲဒါကတော့ ဖုန်းပြောဆိုမှုကို
အများဆုံး ငါးမိနစ်အထိပဲ ပြောလို့ရတာပါ။ ရွာသားတစ်ဦးလည်းဖြစ်၊ ဒီစီမံကိန်းမှာ လုပ်အားပေး
အဖြစ်လည်း ပါ၀င်ကူညီပေးနေ တဲ့ Israel Hernandez က ဒီစီမံကိန်းမှာ ငွေကြေး အရ အမြတ်
နည်းတဲ့အတွက် စီးပွားရေးသမားတွေ ရှောင်ကြတဲ့ ရေဒီယို အီလက်ထရစ်လှိုင်းကို အသုံးပြုထား
တယ်လို့ ပြောပြပါတယ်။
မက္ကဆီကိုနိုင်ငံ မိုဘိုင်းဖုန်းဈေးကွက်ရဲ့ ရ၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး လက်တင် အမေရိက
တစ်လွှား သုံးစွဲသူ ၂၆၂ သန်း ရှိပေမဲ့ Talea ရွာကလေးမှာတော့ ၀န်ဆောင်မှု ပေးမ ထားတဲ့
ဆလင်းမ်ရဲ့ Telcel ကတော့ သူ့ရဲ့ America Movil အင်ပါယာရဲ့ အစိတ်အပိုင်း တစ်ခုပါ။
မြို့တော် အုပ်ချုပ်ရေးထိပ်တန်းအရာရှိ တစ်ဦးဖြစ်တဲ့ Alejandro Lopez က ဒီရွာလေး ဟာ
တယ်လီကောမ် ၀န်ဆောင်မှုကုမ္ပဏီ ကြီး တွေနဲ့ နီးပေမယ့်လည်း သူတို့အမြတ်ရဖို့ အတွက်
သုံးစွဲသူဦးရေ ၁၀,၀၀၀ ရှိဖို့လိုအပ် သလို အင်တာနာတွေထောင်ဖို့ လမ်းကြောင်းတစ်ခု ဆောက်
လုပ်ဖို့နဲ့ လျှပ်စစ်ဓာတ်အားလိုင်း တွေလည်း သွယ်တန်းပေးဖို့ လိုနေပါတယ်လို့ ပြောပါတယ်။
"အခုအချိန်မှာ စမ်းသပ်ဆဲကာလဖြစ်နေတဲ့အတွက်နည်းပညာဆိုင်ရာ အခက်အခဲတချို့ ရှိပေမဲ့
ဒီစီမံကိန်းမှာ အောင်မြင်မှုရှိပါတယ်။ ပြီးခဲ့တဲ့ သုံးလကစပြီး ၀န်ဆောင်မှုကို စတင်ခဲ့ရာမှာ ရွာသား
၆၀၀ လောက် စာရင်းပေး အသုံးပြုနေကြပါပြီ"လို့ သူက ပြောပါတယ်။
ဒီစီမံကိန်းရဲ့ အောင်မြင်မှုက အားရစရာ အနေအထားမှာရှိတဲ့အတွက် လိုင်း ၃၅ လိုင်း တစ်ပြိုင်
တည်း သုံးစွဲဖို့၊ ဒေသတွင်း အွန်လိုင်းဝန်ဆောင်မှုကို ပေးနိုင်မယ့် ကိရိယာကို ကိုယ်ပိုင် တပ်ဆင်ဖို့
ရွာသားတွေက ဆုံးဖြတ်ထားပြီး ဒီကိရိယာကို မကြာခင် တပ်ဆင်ဖို့လည်း စီစဉ် ထားကြပါတယ်။
နောက်တစ်ဆင့်ကတော့ 'ကျေးလက်ဒေသတွေ မှာ ဆယ်လ်ဖုန်း ဆက်သွယ်ရေးအတွက် အခမဲ့
လိုင်းမရှိတာ'ကို မက္ကဆီကန်အစိုးရက ဖြေရှင်း ပေးရအောင် တောင်းဆိုဖို့အတွက် တခြားရွာ တွေ
နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ရှိတယ်လို့ Hernandez က ပြောပါတယ်။
(အေအက်ဖ်ပီ)

















