သမ္မတမှတ်ချက်နှစ်ချက် ပယ်ဖျက်၍ ဆက်သွယ်ရေးဥပဒေကို အတည်ပြု

သမ္မတမှတ်ချက်နှစ်ချက် ပယ်ဖျက်၍ ဆက်သွယ်ရေးဥပဒေကို အတည်ပြု

ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသော မြန်မာ့
ဆက်သွယ်ရေးဥပဒေကြမ်းကို သမ္မတက ၎င်း၏ သဘောထား မှတ်ချက်ငါးချက်ဖြင့် ပြည်ထောင်
စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ပြီး ယခုလ ၃ ရက်နေ့တွင် အဆိုပါ ပြင်ချက်ငါးချက် အနက်နှစ်
ချက်ပယ်ဖျက်၍ အတည်ပြုခဲ့သည်။

ပယ်ဖျက်လိုက်သော သမ္မတ၏ သဘောထား နှစ်ချက်တို့မှာ ဆက်သွယ်ရေးဥပဒေကြမ်း၏ ပုဒ်မ
၃၊ ပုဒ်မခွဲ(ည)တွင်ပါရှိသော 'ဆက်သွယ် ရေးပစ္စည်း'အဓိပ္ပာယ်ဖွင့်ဆိုချက်၌ ပြည်ထောင်စု လွှတ်
တော်က သတ္တမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုခဲ့သော "ဆက်သွယ်ရေး ပစ္စည်းဆို
သည်မှာ ဤဥပဒေအား အထောက် အကူပြုရန်အလို့ငှာ ၀န်ကြီးဌာနက သီးခြား သတ်မှတ်သော
ပစ္စည်းကို ဆိုသည်" ဟူသည့် စာသားများအပေါ် "ဆက်သွယ်ရေးပစ္စည်း အဖြစ် သတ်မှတ်လို
သည့် ပစ္စည်းအားလုံးကို ၀န်ကြီးဌာနက သတ်မှတ်ရန် လက်တွေ့၌ အခက်အခဲရှိနိုင်သောကြောင့်
၀န်ကြီးဌာန က မူလတင်သွင်းသည့် ဥပဒေကြမ်းပါ အဓိပ္ပာယ်ဖွင့်ဆိုချက်က ပို၍ သင့်လျော် နိုင်
ကြောင်း" သမ္မတက သဘောထားမှတ်ချက် ပေးခဲ့သည်။

ဒုတိယအချက်မှာ ဥပဒေကြမ်းပုဒ်မ ၆၄ ၌ ပါရှိသည့် အယူခံခုံရုံး၏ သက်တမ်းသတ်မှတ် ချက်တွင်
ပြည်ထောင်စုလွှတ်တော်က "အယူခံ ခုံရုံး၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှ ပြည်ထောင်
စု အစိုးရအဖွဲ့သို့ အပြီးသတ် ဆုံးဖြတ်ချက်အစီရင်ခံစာတင်ပြီးသည့် ကာလ အထိသာဖြစ်သည်"
ဟု ဆွေးနွေးအတည်ပြု ထားသည်ကို နိုင်ငံတော်ဆောင်ရွက်ရမည့် အဖွဲ့အစည်းမဟုတ်ဘဲ နစ်နာ
သူက တင်သွင်း သော အယူခံမှုများကို စီရင်ဆုံးဖြတ်ရမည့် ကာလရှည်စွာ ဖွဲ့စည်းထားသည့်
အဖွဲ့အစည်း ဖြစ်ရာ အဆိုပါ ပုဒ် ၆၄ ပါ ပြဋ္ဌာန်းချက်သည် ဆီလျော်ခြင်းမရှိသဖြင့် ပယ်ဖျက်သင့်
ကြောင်း သဘောထားမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အချက်နှစ်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း
ကော်မတီက ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲသည့် မူလဥပဒေကြမ်း၏ ပုဒ်မ ၃ (ည) ကို
ထောက်ပြပြီး "သတင်းဆက်သွယ်မှု နည်းပညာဆိုင်ရာ ပစ္စည်းများအတွက် အဓိပ္ပာယ်ဖွင့်ဆိုရန်
မှာ ကျယ်ပြန့်ပြီး အသစ် အသစ်တိုးတက်ပြောင်းလဲလာသော နည်းပညာ များအရ ပစ္စည်းအမည်
သစ်များလည်း ပေါ်ထွက်လာနိုင်သဖြင့် "၀န်ကြီးဌာနက သီးခြား သတ်မှတ်သော ဆက်သွယ်ရေး
ပစ္စည်းကို ဆိုလိုသည်'ဟု ဖော်ပြမှသာ သင့်လျော်မည်"ဟု ရှင်းလင်းခဲ့သည်။

"ဥပဒေကြမ်း၏ ပုဒ်မ ၆၄ သည် အခန်း (၁၇)၊ အယူခံရုံးဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ် ခြင်း၊ ကြား
နာခြင်းနှင့် ဆုံးဖြတ်ခြင်းဟူသော အခန်းခေါင်းစဉ်အောက်၌ ပါရှိပြီး ပုဒ်မ ၅၉ နှင့် ဆက်စပ်ပြဋ္ဌာန်း
ထားခြင်းဖြစ်ကြောင်း၊ ၎င်း ပုဒ်မ ၅၉ အရ "ပြည်ထောင်စုအစိုးရအဖွဲ့ သည် ၀န်ကြီးဌာန၏ ဥပဒေ
အရ ချမှတ်သည့် အငြင်းပွားမှုအပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ် ချက်များနှင့်စပ်လျဉ်း၍ နစ်နာသူ
က တင်ပြ လာသည့်အခါတွင် ထပ်မံ၍ အယူခံနိုင်ခွင့် ရှိစေ မည့် အယူခံခုံရုံးကို ဖွဲ့စည်းတာဝန်
ပေးရ မည်"ဟု ပြဋ္ဌာန်းထားကြောင်း၊ နစ်နာသူက တင်ပြလာမှသာ ထပ်မံ၍ အယူခံနိုင်ခွင့်ရရှိ စေ
မည့် အယူခံခုံရုံးကို ဖွဲ့စည်းခြင်းဖြစ်ရာ ကိစ္စတစ်ခုအဖွဲ့အစည်းမျိုး မဖြစ်သင့်ကြောင်း၊ ထို့ကြောင့်
ဖွဲ့စည်းသည့်နေ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ အပြီးသတ် အစီရင်ခံစာ တင်ပြီးလျှင် ယင်းခုံရုံး၏
သက်တမ်းပြီးဆုံးမည်ဖြစ်သောကြောင့် ပုဒ်မ ၅၉ (က) နှင့် ချိတ်ဆက်ပြဋ္ဌာန်းထားသော ၎င်းပုဒ်မ
၆၄ သည် ပယ်ဖျက်ရန်မဖြစ်ဘဲ ကိစ္စရပ်တစ်ခုချင်းစီအလိုက် အစီရင်ခံစာတင်သွင်းပြီးချိန်ထိသာ
သက်တမ်းသတ်မှတ်ချက်ဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့်အတိုင်း
ဆက်လက်ထားရှိသင့်ကြောင်း" လွှတ်တော် သို့ ရှင်းပြအပြီးတွင် ပြည်ထောင်စုလွှတ်တော် က
ကန့်ကွက်သူမရှိဖြင့် အတည်ပြုနိုင်ခဲ့ ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်