အင်တာနက်ကွန်ရက်ချဲ့ထွင်နိုင်ရန် Redlink က တာဝါတိုင်များ တိုးချဲ့နေ

အင်တာနက်ကွန်ရက်ချဲ့ထွင်နိုင်ရန် Redlink က တာဝါတိုင်များ တိုးချဲ့နေ

ရန်ကုန်၊ မန္တလေးနှင့် ပုဂံတို့တွင် WiMax အင်တာနက်ကွန်ရက်များချဲ့ထွင် ခြင်းလုပ်ငန်းများကို
လုပ်ကိုင်လျက် ရှိကြောင်း Redlink ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌနှင့် ပူးတွဲတည်ထောင်သူ ဦးသိန်းသန်း
တိုးကပြောသည်။

"ကျွန်တော်တို့ ဒီနက်ဝေါ့တွေ များ လာလေ ၀န်ဆောင်မှုကလည်း ကောင်း လာလေပေါ့။
ဒီအတွက်ကြောင့် ကျွန်တော် တို့ ချဲ့ထွင်နေပါတယ်။ နောက်ပြီး တော့ ကျွန်တော်တို့ အရောင်း
ဆိုင် တွေ Service Center တွေကိုလည်း အသစ်တိုးချဲ့ ဖွင်လှစ်ဖို့ စီစဉ်နေပါ တယ်။ ကျွန်တော်
တို့ကတော့ Customer service ကိုအလေးပေးပြီး လုပ်ဆောင်နေပါတယ်"ဟု ၎င်းကပြော သည်။

"ကျွန်တော်တို့ အခုနက်ဝေါ့တွေချဲ့ တယ်ဆိုတာက အရင်တုန်းကရန်ကုန် မှာ တာဝါတိုင် ၄၀
ကျော်ရှိတာအခု ကျွန်တော်တို့က တိုင်၂၀ ထပ် ထည့် တာပါ။ ဒီလို လုပ်လိုက်တော့ လိုင်းမိ
အားတွေ ဒီထက်ပိုပြီးကောင်းလာမယ်။ အဆောက်အအုံတွေရဲ့ အတွင်းပိုင်း အထိကို အင်တာ
နက်လိုင်းတွေ ရလာ နိုင်ပါတယ်"ဟု ၎င်းကပြောသည်။

ထို့ကြောင့် ယခုနှစ်အကုန်တွင် တာဝါတိုင်ပေါင်း ၅၀ ကျော်ဖြစ်လာ မည်ဟု လက်ထောက်အထွေ
ထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်ကပြောသည်။

"လက်ရှိမှာ တာဝါတိုင်ပေါင်း ၄၅ တိုင်ကျော်ရှိသွားပြီ။အရင်တုန်းကဆို ကျွန်တော်တို့ စလုပ်ခဲ့တဲ့
၂၀၀၈ တုန်း ကဆို တာဝါတိုင်က ငါးခုလောက်ပဲ ရှိတယ်။ အဲဒီငါးခုလောက်က စလာ တာ တစ်
နှစ်တစ်နှစ် တိုးတိုးလာ တာအခု ၄၅ ခုလောက်ရှိသွားပြီး။ ဒီ ၂၀၁၃ နှစ်မကုန်ခင်မှာလည်း ဆက်
ပြီး တိုးချဲ့သွားမှာပါ။ ထပ်ပြီးချဲ့ရင် ၂၀၁၃ နှစ်အကုန်မှာတော့ တာဝါတိုင် ပေါင်း အနည်းဆုံး ၅၀
ကျော်လောက် အထိ ဖြစ်သွားနိုင်ပါတယ်"ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်