အိုင်အက်စ်ပီလိုင်စင်ရရှိရန် Redlink ယှဉ်ပြိုင်မည်

အိုင်အက်စ်ပီလိုင်စင်ရရှိရန် Redlink ယှဉ်ပြိုင်မည်

အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် Redlink ကုမ္ပဏီက အိုင်
အက်စ်ပီ လိုင်စင်ရရှိရန် သုံးစွဲသူများထံ ၀န်ဆောင်မှုကို အခြေပြုပြီးပါ၀င်ယှဉ် ပြိုင်သွားမည်ဟု
ဒုတိယဥက္ကဋ္ဌနှင့် ပူးတွဲ တည်ထောင်သူ ဦးသိန်းသန်းတိုးက ပြောသည်။

"Redlink ကုမ္ပဏီမှမဟုတ်ပါဘူး။ တခြားစိတ်ဝင်စားတဲ့ ကုမ္ပဏီတွေက လည်း လာရောက်
လျှောက်ကြမှာပါ။ အခုလက်ရှိမှာလည်း ၀န်ဆောင်မှုတွေ ကိုရတနာပုံ တယ်လီပို့နဲ့ တွဲဖက်ပြီး
ပေး နေပါတယ်။ လက်ရှိကျွန်တော်တို့အနေ နဲ့ ရတနာပုံတယ်လီပို့နဲ့ တွဲဖက်ပြီး လုပ်ကိုင်နေတဲ့
လုပ်ငန်းတွေကို ဆက်လက်ပြီး ချဲ့ထွင်လုပ်ကိုင်သွားမှာ ဖြစ်သလို အများနည်းတူ အိုင်အက်စ်ပီ
လုပ်ငန်းလိုင်စင်ရရှိရေးအတွက်လည်း ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ" ဟု ၎င်း ကပြောသည်။

"ကျွန်တော်တို့ နောက်ပိုင်းမှာလည်း အများအသုံးပြုနိုင်မယ့် နေရာဖြစ်တဲ့ နေရာများမှာ ၀ိုင်ဖိုင်
ဆားဗစ်ပေးဖို့ လည်း စီစဉ်နေပါတယ်။ အခုလည်းဆီးဂိမ်းအတွက် ၀ုိင်ဖိုင်ဆားဗစ်ပေးဖို့ ရှိတယ်။
ကျွန်တော်တို့ တစ်ပြိုင်နက်တည်းမှာပဲ အများအသုံးပြုနိုင်မယ့်နေရာတွေပေါ့" ဟု ၎င်းကပြော
သည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံများတွင် ၀န်ဆောင်မှုပေးနေပြီး လိုင်စင် ကိစ္စများပြီးစီးသည့်
နောက်ပိုင်းတွင် လည်း အခြားမြို့များတွင် ၀န်ဆောင်မှု ပေးရန် ဆက်လက်ဆောင်ရွက်သွား မည်
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်