ဈေးကွက်ထဲ စတင်ရောင်းချပေးတဲ့ ရက်အတွင်း မှာ စံချိန်တင် ရောင်းအားကောင်းခဲ့တဲ့ အက် ပဲလ်
ရဲ့ အိုင်ဖုန်းမော်ဒယ်သစ်တွေကို နိုဝင်ဘာ လ ၁ ရက်နေ့ကစပြီး ရုရှား၊ စပိန်နဲ့ အီတလီ နိုင်ငံအပါ
အဝင် နိုင်ငံပေါင်း ၅၀ ကျော်မှာ ရောင်းချပေးတော့မယ်လို့ အက်ပဲလ်က သတင်းထုတ် ပြန်ထား
ပါတယ်။
အိုင်ဖုန်း ၅ှ နဲ့ ၅ဃ ကို နောက်ထပ် ဈေးကွက်အသစ် ၃၅ ခုမှာ အောက်တိုဘာလ ၂၅ ရက်နေ့
ကစပြီး ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးကွက်အသစ် နောက်ထပ် ၁၆ ခုမှာတော့ နိုဝင်ဘာလ
၁ ရက်နေ့ကစပြီး ရောင်းချပေး သွားမယ်လို့ ဖော်ပြထားပါတယ်။ အိုင်ဖုန်းအသစ်တွေကို ဩစတြီး
ယား၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊
ဖင်လန်၊ ပြင်သစ်ပိုင်အနောက်အိန္ဒိယကျွန်းစု၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ လက် ဗီးယား၊
လစ်ခ်တန်စတိုင်း၊ လစ်သူယေး နီးယား၊ လူဇင်ဘတ်၊ မကာအို၊ မောလ်တာ၊ နယ်သာလန်၊ နယူး
ဇီလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရီယူနီယံကျွန်း၊ ရိုမေးနီးယား၊ ရုရှား၊ ဆလိုဗက်ကီးယား၊ ဆလို
ဗီးနီးယား၊ တောင်ကိုရီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့မှာ အောက်တို
ဘာလ ၂၅ ရက်နေ့ ကစတင်ပြီး ရောင်းချပေးသွားမှာပါ။
နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ရောင်းချပေး မယ့်နိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ အာမေးနီး
ယား၊ ဘာရိန်း၊ ကိုလံဘီယာ၊ အယ်လ်ဆာဗေးဒိုး၊ ဂူအမ်၊ ဂွာတီမာလာ၊ အိန္ဒိယ၊ မက် ဆီဒိုးနီးယား၊
မလေးရှား၊ မက္ကဆီကို၊ မော် ဒိုလ်ဗာ၊ မွန်တီနီဂရိုး၊ ဆော်ဒီအာရေးဗျ၊ တူရကီနဲ့ အာရပ်စော်ဘွား
များနိုင်ငံတို့ပဲ ဖြစ် ပါတယ်။ အိုင်ဖုန်းအသစ်တွေကို အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊
တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဂျပန်၊ ပေါ်တာရီကို နဲ့ စင်ကာပူနိုင်ငံတွေမှာ ပြီးခဲ့တဲ့လ
ကစပြီး ရောင်းချပေးခဲ့တာပါ။
(အေအက်ဖ်ပီ)
















