ရန်ကုန်တိုင်းဒေသကြီးအစိုးရက အီလက်ထရွန်းနစ်အစိုးရစနစ် (eGovernment ) လုပ်ငန်းစဉ်
၏ စီမံ ကိန်းတစ်ခုအဖြစ် eYangon Portar ကို ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင် ကာ စမ်းသပ်
ထုတ်လွှင့်ထားပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆက်လက်အကောင်အထည်ဖော်မည့် အီလက်ထရွန်းနစ်
အစိုးရစနစ်များ၏ အခြေခံအဆောက်အအုံတစ်ခုအဖြစ် ရှိနေရန်၊ ပြည်သူ့ဝန်ဆောင်မှုများ ခက်ခဲ
ကြန့်ကြာမှု တစ်စုံတစ်ရာမရှိဘဲ အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးဆောင် ရွက်ပေးစေနိုင်ရန်၊ လိုအပ်
ချက်အသီးသီးကို နည်းပညာစွမ်းအားဖြင့် ဖြေရှင်းပေးနိုင်စေရန်နှင့် ပြည်သူ များနှင့် တိုက်ရိုက်
ထိတွေ့ဆက်ဆံမှု ရရှိပြီး ပြည်သူများ၏ အသံကို ကြားနိုင်စေရန်အတွက် eYangonကို
အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက
စတင်စမ်းသပ် ထုတ်လွှင့်မှု အထိမ်းအမှတ်အဖြစ် ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြား
ထားသည်။
နိုင်ငံတော်အဆင့် eGovernment စီမံကိန်းအောက်မှ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်စမ်း
သပ်ဆောင်ရွက်ခြင်း ဖြစ်သလို eYangonကို စတင်နိုင် သည့် အဆင့်မှ စတင်ပြီး ကြိုတင်
လေ့ကျင့်စမ်းသပ်ပြီး လိုအပ်သည်များကို ဖြည့်စွက်ပြုပြင်ကာ eGovernment စတင်
သည့်အခါ မြန်မာနိုင်ငံ၏ အိုင်စီ တီနှင့် စီးပွားရေးဗဟိုဖြစ်လာမည့် ရန်ကုန်တိုင်းဒေသကြီး
အနေဖြင့် အသင့်ဖြစ်နေစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်သည်ဟု ဦးမြင့်ဆွေက ပြော
ကြားထားသည်။
eYangonစီမံကိန်းကို အဆင့် သုံးဆင့်ခွဲခြားထားရာ ယခု စတင် လွှင့်တင်ထားသည့်
ပထမအဆင့် (Information level) တွင် ပြည်သူ များအား ၀န်ဆောင်မှုပေးနေသည့်
တိုင်းဒေသကြီး အစိုးရလက်အောက် ရှိ ရုံးများ၏ သတင်းအချက်အလက် များကို ပြည်
သူများ အလွယ်တကူ ကိုးကား ရယူသုံးစွဲနိုင်မည်ဖြစ် ကြောင်းသိရသည်။
ဒုတိယအဆင့် (Interactive level) တွင် သတင်းအချက်အလက်သာမက အပြန်အလှန်
ဆက်သွယ်မှုပြုလုပ်နိုင် မည်ဖြစ်ပြီး ဖောင်ပုံစံများ ရယူခြင်း၊ ပြန်လည်ပေးပို့ခြင်း၊ မေးခွန်းများ
မေးမြန်းခြင်း၊ လိုအပ်ချက်များကို တိုင်ကြားခြင်း၊ ပြည်သူများ၏ လိုအပ်ချက် များကို တာဝန်
ခံဖြေကြားပေးခြင်း၊ ပြည်သူများထံမှ သတင်းအချက် အလက်များ ရယူခြင်းများကို ဆောင်
ရွက်နိုင်မည်ဖြစ်သည်။
တတိယအဆင့် (Transactional level) တွင် ပြည်သူများအနေဖြင့် အွန်လိုင်းဝန်ဆောင်မှုများ
ကို ၀က်ဘ်ဆိုက် တွင် အလွယ်တကူ ဆောင်ရွက်သွား နိုင်မည်ဖြစ်သည်ဟုဆိုသည်။ အဆိုပါ
eYangon Portar ၏ ၀က်ဘ် ဆိုက်လိပ်စာမှာ http://eyangon.gov.mm ဖြစ်သည်။

















