မိုဘိုင်းဖုန်း ဟန်းဆက်များကို မိမိစိတ် ကြိုက်ရွေးချယ်ပြီး ၀ယ်ယူမှာယူနိုင် မည့် ၀က်ဘ်ဆိုက်
တစ်ခုကို ယခုလ ၁၆ ရက်နေ့တွင် စတင်လွှင့်တင်ခဲ့ကြောင်း ၎င်းဝက်ဘ်ဆိုက် တည်ထောင်သူ
ဦးကျော်ရဲပိုင်ကပြောသည်။
လက်ရှိတွင် www.onlinem-obileshowroom.omctc.com သို့ ၀င်ရောက်ကာ iPhone,
Huawei, Sony နှင့် Samsung ဟန်းဆက်များ ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
မိမိကြိုက်သည့် ဟန်းဆက်ကို ရွေးချယ် ပြီး ဖုန်းဖြင့် ဆက်သွယ်ဝယ်ယူရမည် ဖြစ်သည်။
ဟန်းဆက်များနှင့်ပတ်သက်သည့် ဈေးနှုန်းများ၊ အရည်အသွေးများကိုဖော်ပြထားမည်ဖြစ်ပြီး
ဈေးနှုန်းအားဖြင့်လည်း ချိုသာကြောင်း ဦးကျော်ရဲပိုင်က ပြောသည်။
"ကျွန်တော်တို့ ဖုန်းရောင်းနေကြတဲ့ ဈေးနှုန်းက တစ်ဆိုင်နဲ့ တစ်ဆိုင်မတူ ကြဘူး။ ကျွန်တော်တို့
၀က်ဘ်ဆိုက်က ဟန်းဆက်တွေကတော့ အပြင်ကဆိုင် တွေထက် နည်းတာများတယ်။
ကျွန်တော်တို့ ၀က်ဘ်ဆိုက်လွှင့်တင်လိုက်တာ တစ်ပတ်လောက်ပဲရှိသေး တယ်ဆိုတော့
အခုမှာယူတဲ့ဦးရေက တော့ ၁၀ ယောက်ကျော်ကျော်လောက် တော့ရှိမယ်"ဟု ၎င်းကပြော
သည်။
"ကျွန်တော်တို့က မှာယူလိုတဲ့ ဟန်းဆက်ကို အိမ်တိုင်ရာရောက်ပို့ ဆောင်ပေးပြီး ငွေပေးချေမှု
ဆောင် ရွက်ရမှာဖြစ်ပါတယ်။ အဲဒီအိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်ခ
ကိုလည်း အခမဲ့ ၀န်ဆောင်မှုပေးနေပါတယ်"ဟု ၎င်းကပြောသည်။ နယ်က ၀ယ်ယူလိုသူများ
အနေဖြင့် မိမိမှာယူလိုသော ဟန်းဆက်၏တန်ဖိုးကို ဘဏ်က ငွေလွှဲပေးရမည်ဖြစ်ပြီး ငွေလွှဲ
ပေးပြီးကြောင်း ဘဏ်ကအကြောင်းပြန်သည့် အချိန်တွင် ဟန်းဆက်ကို အဝေးပြေးကားဂိတ်
သို့ လိပ်စာနှင့်တကွ သွားရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။
အာမခံကိုလည်း လက်ရှိဖွင့်လှစ် ထားသည့် တရားဝင်ဆိုင်များတွင်ပါရှိ သော အာမခံပုံစံအတိုင်း
ပေးသွားမည်ဖြစ်ကာ တစ်စုံတစ်ခုချို့ယွင်းမှုဖြစ် ပေါ်ပါက သက်ဆိုင်ရာကုမ္ပဏီ၌ သွား ရောက်ပြင်
ဆင်နိုင်မည်ဟုဆိုသည်။
















