ယဉ်ကျေးမှုနှင့် ပညာရေးလုပ်ငန်းအပါအဝင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များကို တစ်ဖက်
တစ်လမ်း က အထောက်အကူပြုပေးနိုင်သည့် လုပ်ငန်းသုံးခုအတွက် ခြေလှမ်းစတင်နိုင်ရန်
ပြည်တွင်းမှ နေကြယ်ဦးကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ ST Electronics ကုမ္ပဏီတို့ သဘော
တူညီခဲ့ကြသည်။
"နေကြယ်ဦးကုမ္ပဏီနဲ့ ST Electronics ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မယ့်လုပ်ငန်းတွေကတော့
သုံးချက်ရှိပါတယ်။ နံပါတ်တစ်က တော့ ယဉ်ကျေးမှုပြတိုက်တွေမှာ မြန်မာ နိုင်ငံရဲ့ အတိတ်၊
ပစ္စုပ္ပန်၊ အနာဂတ်သမိုင်းတွေကို ကမ္ဘာလှည့်ခရီးသည်တွေ၊ ဧည့်သည်တွေ ကြည့်ရှုနိုင် ဖို့
ပြခန်းဆောင်ရွက်ရန်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အနည်းငယ် ရှင်းပြ ရရင်တော့ ကျွန်တော်တို့
မြန်မာနိုင်ငံ ရဲ့ ယဉ်ကျေးမှုသမိုင်းအစဉ်အလာ တွေကို နိုင်ငံတကာက လာရောက် ကြတဲ့
နိုင်ငံခြား ဧည့်သည်တော်တွေ ရော၊ ကမ္ဘာကပါ အလွယ်တကူ သိရှိနိုင် ဖို့အတွက် ယဉ်ကျေး
မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တစ်နေရာတည်း
တစ်ထိုင်တည်းမှာ ရုပ်ရှင် ဇာတ်ကားတစ်ကားကို ကြည့်နေရ သလို မှတ်မိသွားနိုင်ဖို့ မြန်မာ့ယဉ်
ကျးမှုပြတိုက်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု နေကြယ်ဦး ကုမ္ပဏီလီမိတက်
မှ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်လွင် ဦးကပြောသည်။
ဒုတိယလုပ်ငန်းမှာ မြန်မာနိုင်ငံ ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် ကူညီပေးနိုင်မည့်လုပ်ငန်း
များဖြစ် သည့် စာသင်ကျောင်းများတွင် အဆင့်မြင့်နည်းပညာ သင်ကြားရေးနည်းစနစ်များနှင့်
ပညာရေးဆိုင်ရာ အသုံးချမှုနည်းပညာများ ဆောင်ရွက် ရန်ဖြစ်သည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပညာ ရေးစနစ်မှာ စာသင်ခန်းမှာမှ စာသင်ရတာမဟုတ်ဘဲ အဝေး
ကနေလည်း စာသင်နိုင်တဲ့ နည်းစနစ်တွေကို ST Electronics ရဲ့ အိုင်တီနည်းပညာတွေနဲ့
ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ စာသင်တဲ့ အခါမှာလည်း စာတစ်ပုဒ်ကို
အလွတ် ကျက်နေရသလိုမဟုတ်ဘဲနဲ့ စာ တစ်ပုဒ်ကို ရုပ်ရှင်ကားတစ်ကား ကြည့်ရသလို
တစ်ခါကြည့်ရုံနဲ့ ဘဝတစ်သက်တာလုံး မှတ်မိနိုင် မယ့် ဆော့ဖ်ဝဲတွေကို ကျင့်သုံးပြီး သင်ရိုးညွန်း
တမ်းတွေမှာ ကျင့်သုံး သွားဖို့ ရည်ရွယ်ထားပါတယ်" ဟု ဦးဇော်လွင်ဦးကပြောသည်။
တတိယလုပ်ငန်းအနေဖြင့် နိုင်ငံ တော်အဆင့် ပြပွဲပြိုင်ပွဲတိုင်းတွင် အဆင့်မြင့် 3D mapping
and lighting အစရှိသည့် အရည်အသွေးကောင်း ခေတ်မီစက်ပစ္စည်းများ အသုံးပြု ဆောင်
ရွက်ပေးရန်ဖြစ်သည်။ အထက်ပါ လုပ်ငန်းသုံးရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက
လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ နှင့်ပူးပေါင်းပြီး အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်
သွား မည်ဟုဆိုသည်။ု
ကုမ္ပဏီ လုပ်ဆောင်ရန် သဘောတူညီချက် စာချုပ်ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင်
ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ လက်မှတ် ရေးထိုးခဲ့သည်။
"ST Electronics နဲ့ နေကြယ်ဦး တို့ ဆက်ဆံရေးဟာ တစ်နှစ်ခွဲခန့် ရှိခဲ့ ပါပြီ။ ွှှ ကုမ္ပဏီက
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စိတ်စေတနာနဲ့ ၎င်းတို့ရဲ့ နည်းပညာကျွမ်းကျင်မှုတွေကို
သဘောကျနှစ်ကြိုက်တဲ့အတွက် ကြောင့် လက်မှတ်ရေးထိုးရခြင်းဖြစ်ပါ တယ်" ဟု
ဦးဇော်လွင်ဦးကပြောသည်။
စင်ကာပူနိုင်ငံ၏ နည်းပညာပိုင်း ဆိုင်ရာကုမ္ပဏီဖြစ်သည့် ST Electronics ကုမ္ပဏီနှင့် လုပ်ငန်း
များ လုပ်ဆောင်ရန် စဉ်းစားရခြင်းရည်ရွယ် ချက်မှာ မြန်မာနိုင်ငံကို ယခုထက်ပိုပြီး နည်းပညာပိုင်း
ပိုမိုတိုးတက်လာ စေခြင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ အရင်း အနှီး အတွေ့အကြံု ဗဟုသုတနှင့် နည်း
ပညာများ နိုင်ငံအတွင်း စီးဝင်လာစေခြင်း၊ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်၌ နိုင်ငံသား
ကုမ္ပဏီအဖြစ် တစ်စိတ်တစ်ဒေသ ပါ၀င်ဆောင်ရွက်ပေးလိုခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။
















