iPad Air နှင့် Mac ကွန်ပျူတာများ အက်ပဲလ်က မိတ်ဆက်ပြသ

iPad Air နှင့် Mac ကွန်ပျူတာများ အက်ပဲလ်က မိတ်ဆက်ပြသ

ဆန်ဖရန်စစ္စကို - အပြိုင်အဆိုင် များသည့်အားလပ်ရက် ဈေးဝယ်ရာသီ အကြိုအဖြစ်
အက်ပဲလ်ကုမ္ပဏီက iPad Air အပါအဝင် ပိုပြီးပါးလွှာ ပေါ့ပါးသည့် တက်ဘလက်များနျင့် ပိုပြီး
မြန်ဆန်သည့် Mac ကွန်ပျူတာများကို အောက်တိုဘာလ ၂၂ ရက်နေ့က ပွဲထုတ်ပြသခဲ့ပြီး
အက်ပဲလ်၏ OS X Mavericks နှင့် စီးပွားရေးဆော့ဖ်ဝဲ တို့ကို အခမဲ့ upgrade လုပ်ခွင့်များ
လည်းပေးခဲ့သည်။

လုံးလုံးလျားလျား ပစ္စည်းအသစ် များထက် မကြာသေးမီက မိတ်ဆက်ပေး ခဲ့သည့် ပစ္စည်းများ
ကို ပိုပြီးကောင်းမွန် အောင် အဆင့်မြှင့်ထားသည့် ပစ္စည်း များကို အက်ပဲလ် ကုမ္ပဏီက ပွဲထုတ်
ပြသခဲ့ခြင်းဖြစ်သည်။

ပြသခဲ့သည့် ပစ္စည်းများထဲတွင် ယခင် အိုင်ပက်ထက် ပိုပြီးပါးလွှာပေါ့ပါးကာ တစ်ပေါင်သာ
အလေးချိန်ရှိသည့် iPad Air နျင့် ရုပ်ပုံများကို မျက်စိအမြင် ပုံရိပ်များနှင့် မခြား တွေ့မြင်ရမည့်
retina display ပါပြီး ပိုပြီးပါးလွှာမြန်ဆန်ကာ ယခင် ကထက် ဘက်ထရီသက်တမ်းလည်း
ပိုပြီးကြာကြာခံသည့် Macbook Pro တို့ကို ပြသခဲ့သည်။

အဆိုပါပစ္စည်းအသစ်များမှာ ယခင် PC ကွန်ပျူတာများကို ကျော်တက်ကာ မိုဘိုင်းပစ္စည်းများကို
လူကြိုက်များ ရေပန်းစားနေခြင်းအား အထောက်အပံ့ ဖြစ်ကောင်းဖြစ်လာနိုင်သော်လည်း
ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင် ခြင်းမရှိသည့်အတွက် ထိုနေ့တွင် အက်ပဲလ်ကုမ္ပဏီ၏
ရှယ်ယာဈေးနှုန်း များမှာလည်း သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ Office အပလီကေးရှင်း ဆော့ဖ်ဝဲနှင့်အပြိုင် အက်ပဲလ်က ယင်း၏ Mac
ကွန်ပျူတာ များ၊ အိုင်ပက်များနှင့် အိုင်ဖုန်းများ အတွက် ထုတ်လုပ်ထားသည့် ငျွှသမု အပလီကေး
ရှင်းဆော့ဖ်ဝဲနျင့် ယင်း၏ Mac Operating System တို့ကိုလည်း အဆင့်မြှင့်ထားကြောင်း
အက်ပဲလ် ကုမ္ပဏီကပြောကြားခဲ့သည်။


 

အက်ပဲလ် ၏ Mac ကွန်ပျူတာ အသစ်တစ်လုံး၊ သို့မဟုတ် မိုဘိုင်း ပစ္စည်းတစ်မျိုး ကို ၀ယ်ယူ
သူတိုင်းအတွက် ငျွှသမု အပလီကေးရှင်းဆော့ဖ်ဝဲကို အခမဲ့ ပေးခဲ့သည်။ လက်ရှိဗားရှင်းများနှင့်
အတူ အိုင်ပက် အသစ်များကို ကမ္ဘာတစ်ဝန်းရှိဈေးကွက် ၄၀ ကျော်၌ နိုဝင်ဘာလ ၁ ရက်နေ့တွင်
စတင်ရောင်းချပေးမည်ဖြစ်သည်။

Retina Display ပါ၀င်သည့် အိုင်ပက်မီနီအသစ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

iPad Air ကို ၄၉၉ ဒေါ်လာဖြင့်လည်းကောင်း၊ retina display ပါ၀င် သည့် အိုင်ပက်မီနီအသစ်ကို ၃၉၉ ဒေါ်လာဖြင့်လည်းကောင်း ရောင်းချ ပေးမည်ဖြစ်ပြီး retina display မပါသည့် ယခင်အိုင်ပက်
မီနီများကို ဒေါ်လာ ၃၀၀ ဖြင့်ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း အက်ပဲလ်က
ပြောကြား ခဲ့သည်။

အက်ပဲလ်၏ယင်း တက်ဘလက် အသစ်နှစ်မျိုးမှာ မိုက်ခရိုဆော့ဖ်၊ နိုကီရာ နျင့် အမ်မဇုန်ဒေါ့ကွန်း
ကုမ္ပဏီတို့၏ လာမည့်လများတွင် တင်ဆက်သွား မည့် ပစ္စည်းအသစ်များနျင့် အစွမ်းကုန် ယှဉ်ပြိုင်
ရဦးမည်ဖြစ်သည်။

"ဒီ အပလီကေးရှင်းတွေက မယုံနိုင် လောက်အောင် ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ အက်ပဲလ်
ပစ္စည်းတွေကို ၀ယ်ယူသူတွေအတွက် နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေနဲ့ အကောင်းဆုံးဖန်တီး ထည့်
သွင်းပေးထားတဲ့ အရာတွေကို အသုံးပြုစေချင်ပါတယ်"ဟု အက်ပဲလ် ကုမ္ပဏီ၏ အမှုဆောင်အရာ
ရှိချုပ် တင်မ် ကွတ်ခ်က မီဒီယာများနှင့် နည်းပညာ အလုပ်အမှုဆောင်များကို ဆန်ဖရန် စစ္စကိုမြို့
ရှိ ယာဘာဘူနာ စင်တာ၌ ပြောခဲ့သည်။

ဈေးကွက်ထဲတွင် ဂူးဂဲလ်ကုမ္ပဏီ၏ အန်းဒရွိုက် ဆော့ဖ်ဝဲအသုံးပြုထား သော ဈေးသက်သာသည့်
တက်ဘလက် များလွှမ်းမိုးလျက်ရှိသည်။ "တက်ဘလက်ဈေးကွက်မှာ အန်း ဒရွိုက်ထက် မိုက်ခရို
ဆော့ဖ်က ပိုကြီးတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ သူတို့က ယူဆ ထားပါတယ်။

iPad Air က သာမန် အရည်အသွေးရှိတဲ့ တက်ဘလက်တွေ နဲ့ ယှဉ်ပြိုင်ရမှာတော့ မဟုတ်ပါဘူး။
မိုက်ခရိုဆော့ဖ်ရဲ့ ှကမ်ခေန ဏမသ နဲ့ ယှဉ်ပြိုင်ရမှာပါ"ဟု ဆန်းစစ်လေ့လာ သူတစ်ဦးက ပြော
သည်။

ယခုနှစ် အန်းဒရွိုက် ဆော့ဖ်ဝဲသုံး တက်ဘလက်များမှာ အက်ပဲလ် တက်ဘလက်များကို ကျော်
တက်သွား မည်ဖြစ်ပြီး အက်ပဲလ်တက်ဘလက်များ ၏ ကမ္ဘာ့ဈေးကွက်ဝေစုမှာ ယခင် မျှော်မှန်း
ထားသည့် ၁ ဒသမ ရ ရာခိုင် နငန်းထက် နျစ်ဆတိုးကာ ၃ ဒသမ ၄ ရာခိုင်နှုန်းဖြစ်လာမည်ဟု
၎င်းက ခန့်မှန်းထားသည်။

"ကျွန်တော်တို့မှာ အလွန်ရှင်းလင်း ပြတ်သားတဲ့ ဦးတည်ချက်တစ်ခုနဲ့ ရည်မှန်းချက်ပန်းတိုင်
တစ်ခုရှိပါတယ်။ ဒီနယ်ပယ်နဲ့ပတ်သက်ပြီး နက်နဲတဲ့ ယုံကြည်မှုလည်းရှိပြီး ကျွန်တော်တို့ရဲ့
တီထွင်မှုကလည်း အရှိန်လျော့သွားမှာ မဟုတ်ပါဘူး" ဟု ကွတ်ခ်က ပြောကြား ခဲ့သည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်