မိုက်ခရိုဆော့ဖ်က အက်ပဲလ်ရဲ့ iWork ဟာ 'အရေးမပါလှကြောင်းနဲ့ ဆွဲဆောင်မှုသိပ်မရှိကြောင်း'
အခိုင်အမာပြောကြားကာ အက်ပဲလ် က သူ့ဆော့ဖ်ဝဲတွေ အလကားပေးနေတာကို မမှုကြောင်း
မိုက်ခရိုဆော့ဖ်က အောက်တိုဘာ လ ၂၃ ရက်နေ့မှာ ပြသလိုက်ပါတယ်။
ဒီလိုတုံ့ပြန်ပြောဆိုမှုဟာ အက်ပဲလ်က သူ့ရဲ့ အိုင်ပက် အမျိုးအစားသစ်ကို ဈေးကွက်ထဲ ဖြန့်ချိပေးပြီး
သူ့ရဲ့ဆော့ဖ်ဝဲတော်တော်များများနဲ့ iWork အပါအဝင် အဆင့်မြှင့်ထားတဲ့ ဆော့ဖ်ဝဲ တွေကို အခမဲ့ပေး
မယ်လို့ ကြေညာပြီး နောက်နေ့မှာ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
iWork ဆိုတာ မိုက်ခရိုဆော့ဖ်ရဲ့ ရောင်းအကောင်းဆုံး office suite လို ဆော့ဖ်ဝဲမျိုးပါ။ "iWork
ဟာ ဆွဲဆောင်မှုသိပ်မရှိတာရယ်၊ အသစ်အဆန်းမဟုတ်တာရယ်ကြောင့် အံ့အားသင့်စရာမကောင်း
လှပါဘူး" လို့ မိုက်ခရိုဆော့ဖ် ဒုတိယဥက္ကဋ္ဌ ဖရန့်ရှောက ကုမ္ပဏီဝက်ဘ်ဆိုက် မှာ ရေးထားပါတယ်။
"အက်ပဲလ်ရဲ့ ကြိုးပမ်းမှုတွေကို အသစ် အဆန်းတွေလို့ ကျွန်တော်မမြင်ပါဘူး။ရှေ့က သွားနေတဲ့သူ
ကို မီအောင်လိုက်လာတာမျိုးလို့ပဲ မြင်ပါတယ်။ တခြားသူတွေလိုပဲ သူတို့လည်း နိုးထလာနေပါတယ်။
ရိုးရှင်းပြီး ဈေးလည်းချိုတဲ့အပြင် သူတို့ရဲ့နေ့စဉ်ဘဝမှာ အထောက်အကူဖြစ်စေမယ့် ပစ္စည်းတစ်ခုကို
လိုချင်နေတဲ့ သူတွေအတွက် ကျွန်တော်တို့ဟာ ပိုကောင်းတဲ့နည်းလမ်းတွေကို ဖန်တီးပေးထားပါ
တယ်" လို့လည်း သူက ရေးထားပါတယ်။
မိုက်ခရိုဆော့ဖ်က ပြီးခဲ့တဲ့နှစ်မှာ ဈေးကွက်ထဲပေးခဲ့တဲ့ တက်ဘလက် ှကမ်ခေန နဲ့ ပတ်သက်ပြီးတော့
လည်း ရှောက ကာကွယ်ပြောဆိုထားပါတယ်။ ဒီတက်ဘလက်ဟာ ဈေးကွက်ထဲမှာ သိပ်ပြီး မရောင်း
ရတဲ့အပြင် ပြီးခဲ့တဲ့လမှာ အပြောင်းအလဲတွေ လုပ်မပေးခင်အချိန်အထိ ျွနိာသညိ ကုမ္ပဏီဟာ ဒါကို
ဈေးလျှော့ပြီး ရောင်းချခဲ့ရပါတယ်။

"Surface နဲ့ Surface ၂ နှစ်မျိုးစလုံးမှာ လူကြိုက်အများဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး အခမဲ့ဆော့ဖ်
၀ဲဖြစ်တဲ့ ဉ််ငခန ကို ထည့်ပေးထားပြီး အိုင်ပက်၂နဲ့ ငဏေိ ဗငမ တွေထက်လည်း ဈေးချိုပါတယ်" လို့
သူက ပြောပါတယ်။
"ဒီပစ္စည်းကို အသုံးပြုတဲ့သူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့သူတွေထက် ဘယ်လောက် ပိုကောင်းအောင်
လုပ်နိုင်တယ်ဆိုတာကို မိုက်ခရိုဆော့ဖ်က သိပါတယ်။ ကမ္ဘာတစ်လွှားက လူတွေအတွက် ဈေးလည်း
ချို၊ စွမ်းဆောင်မှု လည်းကောင်း၊ သုံးရလည်းလွယ်တဲ့ ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးခြင်းနဲ့
တစ်ကိုယ်ရေသုံး ကွန်ပျူတာလောကကို ပြောင်းလဲတိုးတက်မှုရှိအောင် ကျွန်တော်တို့ ဖန်တီးပေး
ခဲ့ပါတယ်" လို့လည်း သူက ပြောပါတယ်။
' Surface မှာပါတဲ့ Office Suite ကြောင့် ဒီပစ္စည်းဟာ ကနေ့ခေတ်မှာ သုံးစွဲသူတွေ ၀ယ်နိုင်တဲ့
စွမ်းဆောင်မှုအရှိဆုံး' တက်ဘလက်ဖြစ်နေပါတယ်။ပိုပြီး တိတိကျကျပြောရမယ်ဆိုရင် ကီးဘုတ်နဲ့
Touch Pad လည်း ပါတဲ့အပြင် အက်ပလီကေးရှင်းနဲ့ ိသခကာနညအျ ကို အတူတွဲသုံးနိုင်စွမ်းလည်း
ရှိပါတယ်လို့ ရှောက ပြောပါတယ်။
ဗီဒီယိုတည်းဖြတ်ရေးကစပြီး အသံထပ်ခြင်း နဲ့ စီးပွားရေးဆိုင်ရာအချက်အလက်တွေတင်ဆက်ခြင်း
အထိ လုပ်ငန်းမျိုးတွေအတွက် iWork နဲ့ ငူင်န ဆော့ဖ်ဝဲတွေကို သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေအား
လုံးမှာ အခမဲ့ပေးထားမယ်လို့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ကုန် ပစ္စည်းအသစ်တွေနဲ့
အဆင့်ပြန်မြှင့်ပေးထားတဲ့ ပစ္စည်းတွေ ထုတ်ပေးခဲ့တဲ့ အက်ပဲလ်က ပြောထားပါတယ်။
"အခုထပ်ထုတ်လိုက်တဲ့ဟာတွေဟာ တကယ့်ကို ထူးကဲတဲ့ အက်ပလီကေးရှင်းတွေပါ။ ဒါတောင်
ကျွန်တော်တို့ အလေးအနက်ကြီး စဉ်းစားပြီး ဖန်တီးပေးထားတာ မဟုတ်သေးပါဘူး" လို့ အက်ပဲလ်
အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို နောက်ဆုံးပေါ်ဆော့ဖ်ဝဲတွေရှိစေချင်ပြီး စွမ်းဆောင်မှုအရမ်း
ကောင်းတဲ့ လုပ်ဆောင်ချက်အသစ်တွေကိုလည်း အသုံးပြုနိုင်စေချင်တဲ့အတွက် အခုလို အပြောင်း
အလဲတွေ လုပ်ပေးခဲ့တာပါ" လို့လည်း သူကပြောပါတယ်။
(အေအက်ဖ်ပီ)

















