ဥရောပမှာ ၀င်းဒိုးဖုန်းတွေ ရောင်းအားတက်

ဥရောပမှာ ၀င်းဒိုးဖုန်းတွေ ရောင်းအားတက်

အက်ပဲလ်ရဲ့ အိုင်ဖုန်းတွေ အမေရိကန်နိုင်ငံ မှာ ရောင်းအားကောင်းနေချိန်မှာ ဥရောပ တစ်လွှားမှာ|
တော့ ၀င်းဒိုးစမတ်ဖုန်းတွေ ဈေးကွက်ထဲ သိသိသာသာ နေရာရလာနေတယ်လို့ စက်တင်ဘာလ
၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။

Kantar Worldpanel ComTechရဲ့ ဩဂုတ် လအထိ သုံးလအတွင်း ပြုစုထားတဲ့အချက်အလက်
တွေအရ မိုက်ခရိုဆော့ဖ်ရဲ့ မိုဘိုင်း ပလက်ဖောင်းကို အသုံးပြုထားတဲ့ ၀င်းဒိုးဖုန်း တွေဟာ ဥရောပ
ဈေးကွက်ကြီးငါးခုမှာ ဈေးကွက်ရှယ်ယာ ၉ ဒသမ ၂ ရာခိုင်နှုန်းအထိ ပထမအကြိမ် အမြင့်ဆုံးရရှိခဲ့
ပါတယ်။

၀င်းဒိုးဖုန်းရဲ့ ဈေးကွက်ရှယ်ယာတွေဟာ ဗြိတိန်မှာ ၁၂ ရာခိုင်နှုန်း၊ ပြင်သစ်မှာ ၁၀ ဒသမ ၈ ရာခိုင်နှုန်း၊
အီတလီမှာ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျာမနီမှာ ၈ ဒသမ ၈ ရာခိုင်နှုန်းနဲ့ စပိန်မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရရှိခဲ့တယ်လို့ ဈေးကွက်စစ်တမ်းမှာ ဖော်ပြထားပါတယ်။

"၀င်းဒိုးဖုန်းတွေ အခုလို ဥရောပဈေးကွက် ထဲ နေရာရလာတာဟာ နိုကီယာကုမ္ပဏီက တန်ဖိုးနည်း
ဖုန်းနဲ့ ဈေးနှုန်းအသင့်အတင့်ရှိတဲ့ဖုန်းတွေဖြစ်တဲ့ လူမီယာ ၅၂၀ နဲ့ ၆၂၀ ဟန်းဆက်တွေ ထုတ်လုပ်
ပေးခဲ့တာကြောင့်ပဲ" လို့ Kantar က ဈေးကွက်သုတေသီ Dominic Sunnebo က ပြောပါ
တယ်။

"ဒီဟန်းဆက်နှစ်မျိုးဟာ အသက် ၁၆ နှစ် ကနေ ၂၄ နှစ်အတွင်း အသက်အုပ်စုနဲ့ အသက် ၃၅ နှစ်
ကနေ ၄၉ နှစ်အတွင်း အသက်အုပ်စုနှစ်စု ရဲ့ အားပေးမှုကို ရရှိသွားပါတယ်" လို့ သူက ပြောပါတယ်။
ဆမ်ဆောင်းနဲ့ တခြား ဟန်းဆက်ကုမ္ပဏီ တွေ အသုံးပြုတဲ့ ဂူးဂဲလ်ပလက်ဖောင်း အန်း ဒရွိုက်ကတော့
ဥရောပတစ်လွှားမှာ ဈေးကွက် ရှယ်ယာ ရ၀ ရာခိုင်နှုန်းနဲ့ ဈေးကွက်ထဲ နေရာ အများဆုံး ဆက်လက်
ရရှိထားပါတယ်။

ဒါပေမဲ့ ၀င်းဒိုးနဲ့ အက်ပဲလ်ရဲ့ အိုင်အိုအက်စ် စနစ်တွေ ဈေးကွက်ထဲ တဖြည်းဖြည်းနေရာတွေ ရလာနေ
တဲ့အတွက် စိုးရိမ်နေရပါတယ်။

"ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာ ထိပ်ဆုံး နေရာရလာခဲ့ပြီးတဲ့နောက်မှာ အန်းဒရွိုက်စနစ် ဟာ အခု
တော့ ဖွံ့ဖြိုးပြီးဈေးကွက်တွေထဲမှာ သိသာတဲ့ တိုးတက်မှုရရှိဖို့ ခက်ခဲလာတဲ့အခြေအနေမျိုးကို ရောက်
ရှိနေပါပြီ" လို့ Sunnebo က ပြောပါတယ်။

"ဆမ်ဆောင်းဖုန်းတွေကြောင့် အန်းဒရွိုက် စနစ် ဈေးကွက်ထဲ အောင်မြင်မှု ရနေခဲ့ပေမယ့် ဆိုနီ၊
နိုကီယာနဲ့ အယ်လ်ဂျီတို့ ဈေးကွက်ထဲ နေရာပြန်ရလာနေတဲ့အတွက် အခုတော့ ဆမ်ဆောင်းကုမ္ပဏီ
ဟာ ဥရောပက အဓိကဈေးကွက်ကြီးတွေမှာ တစ်နှစ်ပြီးတစ်နှစ် ရောင်းအားကျလာနေပါတယ်" လို့
သူကပြောပါ တယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်