မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်သည့်ခြင်းလုံး အားကစားနည်းကို နည်းမှန်စနစ်မှန် ကစား ပုံများကို အများ
သိရှိစေရန်နှင့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် ဆီးဂိမ်း
ခြင်းလုံးမိုဘိုင်းဂိမ်း ကို Total Gameplay Studio နှင့် ဆော့ဖ်ဝဲများ ထုတ်လုပ်နေသည့် Zwenexsys
Int'l Ltd ကုမ္ပဏီတို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။
၎င်းဂိမ်းတွင် ဇာတ်ကောင်များအနေဖြင့် မြန်မာနိုင်ငံ ဆီးဂိမ်းအထိမ်းအမှတ်အရုပ်ဖြစ် သည့် ဇီးကွက်
ရုပ်နှင့် ယခင် ဆီးဂိမ်းများမှ အထိမ်းအမှတ်အရုပ်များပါ၀င်ပြီး ကစားရန် level ပေါင်း ၅၀၀ ပါ၀င်သည်။
"မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်ကစတင်တည်ထောင်ခဲ့သော
အဖွဲ့ချုပ်ကြီးဖြစ်ပါတယ်။ မြန်မာ ရိုးရာအားကစားနည်းဖြစ်တဲ့ ခြင်းလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၅၀၀
ခန့်က ပေါ်ပေါက် ခဲ့သော အားကစားနည်းဖြစ်ပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်ရဲ့
ကြိုးစား အားထုတ်မှု၊ Zwenexsys Int'l Ltd ကုမ္ပဏီရဲ့ ပံ့ပိုးမှုကြောင့်လဲ မြန်မာ့ရိုးရာခြင်းလုံးဟာ
အွန်လိုင်းပေါ်လည်း ရောက်ခဲ့ပြီ။
ဆီးဂိမ်းမှာလည်း မကြာခင်မှာ ရွှေတံဆိပ်တွေနဲ့ မြင်တွေ့ရတော့ မှာပါ။ အခုခြင်းလုံးဂိမ်းဟာဆိုလည်း
ကျွန်တော် ကစား ကြည့်ခဲ့ပြီးပါပြီ။ တကယ့်ခြင်းလုံးခတ် နေတဲ့အတိုင်းပါပဲ။ ဒီဂိမ်းဟာလည်း အင်မ
တန် မှ စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းမျိုးလည်းဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူးဦးရဲအောင်က ပြော ကြားသည်။
ကစားသူများအနေဖြင့် မိမိရရှိသောအမှတ် အလိုက် ဆန်းသစ်သည့် ခြင်းလုံးရောင်စုံများ ကို ရွေးချယ်
ကစားနိုင်ပြီး ဆီးဂိမ်းအရုပ်ကောင် လေးများကိုလည်း ရွေးချယ်ကစားနိုင်သည်။
"ကျွန်တော်တို့ ဂိမ်းတွေကိုထုတ်တော့ထုတ် တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီက
International ဂိမ်းတွေထုတ်တာများတယ်။ အခုနောက်ပိုင်း မြန်မာဂိမ်းတွေကို တစ်လှည့် ပြန်ပြီး
လုပ်ပေးသွားစေချင်တယ်။ အဲဒါက တော့ ဒီခြင်းလုံးဂိမ်းလေးလုပ်လိုက်ရတဲ့ ရည်ရွယ်ချက်လေးပါ။
သူများနိုင်ငံတွေမှာ ဆီးဂိမ်း ကျင်းပရင်လည်း ရေးကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဆီးဂိမ်းအတွက်
ဂိမ်းလေးတစ်ခုလုပ် မယ်ဆိုတော့ ဘာဂိမ်းလုပ်မှာလဲလို့ စဉ်စားလိုက် တော့ ခြင်းလုံးလုပ်မယ်လို့
ဆုံးဖြတ်လိုက်ကြ တာပါ" ဟု Total Gameplay Studio မှ Chief Technology Officer
ဦးမြင့်ကျော်သူက ပြောသည်။
ခြင်းလုံးမိုဘိုင်းဂိမ်းကို ကစားကြည့်ခဲ့သူ ကိုမျိုးဆက်က "သူ့ရဲ့ memory ကမြင့်တော့ တချို့မနိုင်တဲ့
ဟန်းဆက်တွေဆိုရင်တော့ နည်းနည်းလေးတယ်။ ဒီဂိမ်းကို မကစားခင်တုန်းကတော့ အများကြီး
မျှော်လင့်ထားတယ်။ ဒါပေမဲ့ တကယ်ကစားကြည့်လိုက်တော့ အရမ်းရိုးစင်းတယ်။ ကျွန်တော်က အဲဒီထက် မျှော်မှန်းထားတာ။ ခြင်းလုံးအလှပြတာထက်စာရင် ခြင်းလုံးကို အပေးအယူခတ်တဲ့
၀ိုင်းခြင်း ခတ်တာတို့ဆိုကောင်းမယ်လို့ထင်တယ်။ အခု ဂိမ်းက ရိုးစင်းတယ်လို့ ပြောတာထက်တောင်
ရိုးစင်းတယ်။ အခုကျွန်တော်က ကိုယ့်မြန်မာဂိမ်း လည်း ဖြစ်တယ်။ ဆီးဂိမ်းအတွက်ထုတ်လိုက်တယ်
ဆိုလို့သာ Facebook မှာ သူငယ်ချင်း တစ်ယောက်က ပေးလို့သာ ယူပြီးကစားကြည့်လိုက်တာ"ဟု
ပြောသည်။
"ဆီဂိမ်းလှုံ့ဆော်တဲ့အနေနဲ့ ထုတ်တဲ့ဒီဂိမ်း ကို ဂုဏ်ယူပါတယ်။ လူတွေက မြန်မာဂိမ်းဆိုရင်
မဆော့ချင်ကြတာ။ အခုကျွန်တော်တွေ့ဘူးတဲ့ မြန်မာဂိမ်းတွေထဲမှာတော့ အဆင့်လည်းမီ တယ်။
ခြင်းလုံးဆိုတာကတော့ မြန်မာနိုင်ငံ ရဲ့ ရိုးရာအာကစားနည်းတစ်ခုကို မီးမောင်း ထိုးပြချင်လို့ ဒီဂိမ်း
လေးကိုထုတ်တဲ့အပြင် ကို နောက်ပိုင်းမှာလည်း အခုလိုဂိမ်းလေးတွေ ထုတ်ပေးစေချင်ပါတယ်" ဟု
၎င်းကပြောသည်။
၎င်းဂိမ်းကို အန်ဒရိုက်စနစ်သုံးဖုန်းများ တွင် စတင်ကစားနိုင်ပြီး iPhone နှင့် iPad များအတွက် နို၀င်
ဘာလဆန်းတွင် ဖြန့်ချိ မည်ဖြစ်သည်။ မိုဘိုင်းဂိမ်းဆိုင်များတွင် အခမဲ့သွင်းယူ နိုင်ပြီး
http://totalgameplaystudio.com/chinlone နှင့် http://zwenex.com/chinlone တွင်လည်း
ရယူနိုင်သည်။

















