မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့်အင်တာနက်မလိုဘဲ ငွေလွှဲနိုင်မည့် Myanmar Mobile Money ၀န်ဆောင်မှု
ကို နိုဝင်ဘာလအတွင်း စတင်နိုင် မည်ဟု Mts ကုမ္ပဏီမှ Chief Operation Manager ဖြစ်သူ
ဦးကောင်းဆက်က ပြောသည်။
"ကျွန်တော်တို ့အဓိကရည်ရွယ်တာကတော့ ဘဏ်တွေမရှိတဲ့နေရာတွေမှာ ATM မရှိဘူး။ မီးမရှိဘူး။
အင်တာနက်မရှိတဲ့နေရာတွေ အတွက်ရည်ရွယ်တာပါ။ မြန်မာတစ်နိုင်ငံလုံး မှာရှိတဲ့ဘယ်သူမဆို
network မိနေတာနဲ့တင် ငွေလွှဲလို့ ရတယ်" ဟု ၎င်းကပြောသည်။ ငွေလွှဲမှုကိစ္စရပ်များကို ၂၄ နာရီ
၀န်ဆောင် မှုပေးရန် ကိုယ်စာလှယ်များကို မြန်မာနိုင်ငံ ၏ နေရာအနှံ့တွင် ခန့်အပ်ထားမည်ဖြစ်ကြောင်း
သိရသည်။
"မက်ဆေ့တစ်စောင်ဝင်သွားတာနဲ့တင် ကိုယ်စားလှယ်တွေဆီမှာသွားထုတ်လို့ရတယ်။ ကျွန်တော်တို့
မြန်မာနိုင်ငံမှာရှိတဲ့ နယ်တိုင်းမြို့ တိုင်းမှာ ကိုယ်စားလှယ်တွေကို ရှယ်ယာရာခိုင် နှုန်းပေးပြီးခန့်ထား
တယ်။ မက်ဆေ့ချ်ပို့လိုက်လို့ ပို့လိုက်တဲ့ သူ့ရဲ့မက်ဆေ့ချ်က Transition code ကို ယူသွားပြီးတော့
ငွေထုတ်လို့ရပါတယ်" ဟု ဦးကောင်းဆက်က ပြောသည်။
ငွေလွှဲလိုပါက MMM(Myanmar Mobile Money ) အက်ပလီကေးရှင်းဖြင့်ဝင်ကာ လွှဲလို တဲ့ ငွေပမာ
ဏထည့်ပြီး ကိုယ်ပိုင် Transition code ကိုဖြည့်ရမည်ဖြစ်သည်။ ကိုယ်စားလှယ်များတွင်သွားရောက်
၍ မိုဘိုင်း ဖုန်း အတွင်းသို့ မိမိဖြည့်သွင်းလိုသည့် ငွေ ပမာဏကို သွားရောက်သွင်းနိုင်သည်။
ငွေလွှဲမှုကို ကျပ် သိန်း ၅၀ အထိသတ်မှတ်ထားပြီး တစ်ကြိမ်လွှဲလျင် ကျပ် ၁၀ သိန်းဖြင့် ငါးကြိမ်
လွှဲနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဦးကောင်းဆက်က ပြောသည်။
"၀န်ဆောင်ခအနေနဲ့ကတော့ ဘဏ်ရဲ့ ၀န်ဆောင်ခထက်တော့ နည်းသွားမယ်" ဟု ၎င်းကပြောသည်။
















