အစိုးရအဖွဲ့ခေါင်းဆောင် ထိပ်ပိုင်းအရာရှိတွေ ဟာ သူတို့ရဲ့ အလုပ်အတွက် လုံခြံုရေးကုဒ်စနစ်ပါ
မိုဘိုင်းဖုန်းနဲ့ တခြားဖုန်းလိုင်းတွေရှိကြပေမယ့် အများစုကတော့ သူတို့ဆီကနေ သတင်းအချက်
အလက်တွေ စောင့်ကြည့်ခိုးယူခံရစေနိုင်တဲ့ ပုံမှန်စမတ်ဖုန်းတွေကို သူတို့နေ့စဉ် ဘဝအတွက်
အသုံးမပြုဘဲ မနေနိုင်ကြဘူးလို့ သိရပါတယ်။
ဂျာမန်ဝန်ကြီးချုပ် Angela Merkel ရဲ့ ဆဲလ် ဖုန်းကိုလည်း အမေရိကန်အစိုးရက စောင့်ကြည့် ပြီး
သတင်းအချက်အလက်တွေ ခိုးယူကောင်း ခိုးယူနိုင်တယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက်
အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဂျာမန်ဝန်ကြီးချုပ်က အဲဒီသတင်းနဲ့ပတ်သက် ပြီး ပြန်ကြားချက်
တစ်ခုခုပေးဖို့ သမ္မတအိုဘားမားကို ဖုန်းဆက်ပြီး တောင်းဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ဂျာမန်ဝန်ကြီးချုပ်ရဲ့ ဖုန်းအဆက်အသွယ်တွေကို အရင်ကကြား ဖြတ် ခိုးနား
ထောင်ခဲ့ခြင်းမျိုး ရှိမရှိနဲ့ ပတ်သက်ပြီး ဖြေကြားပေးဖို့ အိုဘားမားက ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့
ရဲ့ဖုန်းကို ကြားဖြတ်နားထောင်တာမျိုး နောက်ထပ်မလုပ်တော့ပါဘူးဆိုတဲ့ ကတိကို အိုဘားမားဆီ
က ဂျာမန် ၀န်ကြီးချုပ်က အတင်းတောင်းခံခဲ့ပါတယ်။ သတင်းအချက်အလက်တွေ ကြားဖြတ်ရယူ
တာနဲ့ပတ်သက်ပြီး ဥရောပမှာ အကြီး အကျယ် ဒေါသထွက်နေကြတဲ့ အချိန်မှာပဲ အဆင့်မြင့် အရာ
ရှိကြီးတွေ နည်းပညာကို ဘယ်သို့ဘယ်ပုံအသုံးပြုကြပုံနဲ့ တစ်ကိုယ်ရည်သုံး အိုင်ဖုန်း ဒါမှမဟုတ်
ဘလက်ခ်ဘယ်ရီ တွေဟာ သူ့တို့ရဲ့ အားနည်းချက်ကို တစ်ဖက် သား အလွယ်တကူ ဘယ်လို
သိနိုင်တယ်ဆိုတာတွေကို ဒီသတင်းက မီးမောင်းထိုးပြနေပါတယ်။
ဂျာမန်ဝန်ကြီးချုပ်ရဲ့သတင်းအချက်အလက်ကြားဖြတ်ခိုးယူခံရတယ်လို့ဆိုတဲ့ ဆဲလ်ဖုန်း ဟာ
၀န်ကြီးချုပ်အဖြစ် သူတာဝန်ယူထားတဲ့ သူ့ ရဲ့ အလုပ်မှာ သုံးဖို့အတွက် ကုဒ်စနစ်နဲ့ လုံခြံု မှု
ယူထားတဲ့ ဖုန်းတွေထဲမှာ မပါပါဘူးလို့ Der Tagesspiegel နေ့စဉ်ထုတ်သတင်းစာ မှာ အမည်
မဖော်ထားတဲ့ အစိုးရအဖွဲ့သတင်းရင်းမြစ်တွေက ပြောကြတာကို ကိုးကားဖော်ပြ ထားပါတယ်။
တကယ်တော့ ဒီဖုန်းဟာ ဂျာမနီနိုင်ငံရဲ့ စီဒီယူပါတီခေါင်းဆောင်အနေနဲ့ သူအသုံးပြုတဲ့ ဖုန်းတွေထဲ
က တစ်ခုဖြစ်တယ်လို့ သတင်းစာမှာ အခိုင်အမာ ပြောကြားထားပါတယ်။ ဒါပေမဲ့ ဒီဖုန်းဟာ ဂျာမန်
၀န်ကြီးချုပ်ရဲ့ လုံခြံု စိတ်ချမှု တော်တော်ရှိတယ်လို့ဆိုတဲ့ ရုံးသုံး မိုဘိုင်းဖုန်းဖြစ်တယ်လို့ တချို့ဂျာ
မန်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဂျာမန်အစိုးရဟာ ပြီးခဲ့တဲ့ လေးငါးလ လောက်မှာ ဘလက်ခ်ဘယ်ရီ Z 10 (ယူရို ၂,၅၀၀၊ ကန်ဒေါ်
လာ ၃,၄၅၀) အမျိုး အစားကို အထူးလုံခြံုရေးကိရိယာတွေ တပ်ဆင် အသုံးပြုခဲ့ကြတာပါ။
ပြင်သစ်နိုင်ငံမှာတော့ အစိုးရထိပ်တန်းအရာရှိကြီးတွေဟာ Teorem ဆဲလ်ဖုန်းတွေကို အစိုးရသုံး
သီးသန့်အတွက် Thales ဆဲလ်ဖုန်းလုံခြံုရေးကုမ္ပဏီက ကုဒ်ရေးသားပေးထားပါတယ်။ ဒီဖုန်းတွေ
ကတော့ တစ်လုံးကို ယူရို ၃,၃၀၀ လောက် ပေးရပါတယ်။ အေအင်န်အက်စ်အက်စ်အိုင် အမျိုးသား
လုံခြံုရေးအေဂျင်စီရဲ့ ထောက်ခံချက်သာရထားရင် 'ထိပ်တန်းလျှို့ဝှက်ချက်' လို့ ယူဆ ရတဲ့
သတင်းအချက်အလက်တွေကို စိတ်ချ လက်ချ ပြောင်းရွှေ့လို့တောင်ရပါတယ်။ တချို့ အရာရှိတွေ
ကတော့ လုံခြံုရေးအဆင့်မြင့်တဲ့ သီးသန့်ကွန်ပျူတာကွန်ရက်ကို အသုံးပြုကြသလို ၀န်ကြီးအချင်း
ချင်း ဆက်သွယ်ထားတဲ့ သီးသန့်ဖုန်းလိုင်းနဲ့ ဖက်စ်ကွန်ရက်တွေကိုလည်း အသုံးပြုကြပါတယ်။
ဒါပေမဲ့ ဒီစနစ်တွေဟာ တင်းကျပ်ပြီး နှေးကွေးတယ်လို့ သူတို့က မြင်ကြပါတယ်။ဥပမာ Teorem
ဖုန်းဟာ လုံခြံုရေးကုဒ်ကြောင့် ဖုန်းတစ်ခါခေါ်နိုင်ဖို့ စက္ကန့် ၃၀ စောင့်ရပါတယ်။ ဒီလို စောင့်ရတာမျိုး
ဟာ မြန်နှုန်းမြင့် ဆက်သွယ်ရေးခေတ်မှာ ရောက်နေတဲ့ အရာရှိကြီးတွေကို စိတ်ပျက်စေပါတယ်။
ဂျီမေးလ်နှင့် ဂူးဂဲလ်ကို ဝေးဝေးကရှောင်
ဥရောပမှာ အမေရိကန်အစိုးရရဲ့ သတင်း အချက်အလက် ကြားဖြတ် ရယူမှုတွေနဲ့ ပတ်သက်ပြီး
အမေရိကန်ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း အက်ဒွပ်စနိုး ဒန်က စတင်ထုတ်ဖော် ပြော
ကြားခဲ့ပြီးတဲ့နောက်မှာ ပြင်သစ်နိုင်ငံ ၀န်ကြီးချုပ်ရုံးကဝန်ကြီးတွေကို သတင်းအချက်အလက်လုံခြံု
ရေးနဲ့ ပတ်သက်ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ် မူကြမ်းထဲမှာ သတိ
ပေးထားပါတယ်။
ဒီစာချုပ်မူကြမ်းမှာ ပြဋ္ဌာန်းထားတဲ့အချက် တွေထဲမှာ "ထောက်ခံချက်မရှိသည့် စမတ် ဖုန်းများဖြင့်
အတိမ်းအစောင်း မခံသည့် သတင်းအချက်အလက်များအတွက် ဆက်သွယ်ပြောဆိုခြင်း မပြုလုပ်
ရ" ဆိုတဲ့ အချက်လည်း ပါ၀င်ပါတယ်။ ဒါတင်မကသေးပါဘူး။ လုပ်ငန်းသဘော အရ ကန့်သတ်
စာရင်းထဲ မဝင်ရင်တောင် အတိမ်းအစောင်း မခံတဲ့ သတင်းအချက်အလက်တွေကို လုံခြံုရေးစနစ်
တပ်ဆင်ထားတဲ့ ဗဟိုကွန်ပျူတာစနစ်နဲ့သုံးစွဲသူကြား ချိတ်ဆက်ထားတဲ့ တာမင်နယ်ကနေ အေ
အင်န်အက်စ်အက်စ်အိုင်ခွင့်ပြုချက်ရယူပြီး ပေးပို့ရမယ်လို့ လည်း ပြဋ္ဌာန်းထားပါတယ်။
လုံခြံုရေးကုဒ်စနစ်ပါ ဆဲလ်ဖုန်းပိုင်ရှင် တွေဖြစ်တဲ့ နိုင်ငံရေးသမားတွေ၊ ကုမ္ပဏီစီအီးအို တွေ၊ ရှေ့နေ
တွေ ဒါမှမဟုတ် ဂျာနယ်လစ်တွေ ဟာ အနည်းဆုံး အိုင်ဖုန်း ဒါမှမဟုတ် ဘလက်ခ်ဘယ်ရီ တစ်လုံး
လုံး ပိုင်ဆိုင်ထားကြပါတယ်လို့ Cryptofrance ကုမ္ပဏီတည်ထောင်သူ Robert Avril က
အေအက်ဖ်ပီကို ပြောပါတယ်။
ဒီကုမ္ပဏီဟာ သူ့ရဲ့ ပထမဦးဆုံး လုံခြံုရေး ကုဒ်စနစ်ပါ ဖုန်းကို ၂၀၀၈ ခုနှစ်မှာ စတင် ထုတ်လုပ်
ပေးခဲ့ပါတယ်။ လုံခြံုရေးကုဒ်စနစ်ပါဖုန်း အသုံးပြုတဲ့သူ တွေကို လိုအပ်တဲ့သင်တန်းတွေ ပေးလိုက်
ပေ မယ့်လည်း သူတို့အိမ်ရောက်တဲ့အခါ သတင်း အချက်အလက် ခိုးယူခံရအောင် သူတို့ ကိုယ်
တိုင် ဖန်တီးယူကြပါတယ်လို့ သူက ပြော ပါတယ်။
"အလုပ်နဲ့ဆိုင်တဲ့ စကားတွေ ပြောရာမှာ၊ မေးလ်တွေ ပေးပို့ရာမှာ နေ့စဉ်သုံးနေကျဖုန်း တွေကို
မသုံးဖို့ ကျွန်တော်တို့ရဲ့ ဖောက်သည် တွေ အမြဲပြောနေရပါတယ်"လို့ သူက ပြောပါ တယ်။
အထူးသဖြင့် နိုင်ငံရေးသမားတွေကို ပြော ရတာ အခက်ခဲဆုံးလို့ ပြင်သစ်သတင်းအချက်အလက်
လုံခြံုရေးဆိုင်ရာ CLUSIF က Herve Schauer က ပြောပါတယ်။ "လုံခြံုရေးကုဒ်စနစ်ပါ ဖုန်းတွေ
ကို သူတို့ အသုံးပြုနေရတယ် ဆိုတဲ့အသိအမြဲရှိနေဖို့ သူတို့ တကယ်အခက်တွေ့နေကြပါတယ်။
သူတို့ရဲ့ အန္တရာယ်ကို သူတို့ သတိမထားမိကြ ပါဘူး။ သူတို့မှာ ဖုန်းတွေ အများကြီးရှိပြီး ဂူးဂဲလ်နဲ့
ဂျီမေးလ်လိုမျိုးဟာတွေကိုလည်း သုံး တာ အကျင့်ပါနေကြပါတယ်"လို့ သူက ပြော ပါတယ်။
ဆိုက်ဘာပြစ်မှု ကျွမ်းကျင်သူတွေရဲ့ အပြောအရ ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီဟာ
Teorem ဖုန်းကို အသုံးပြုဖို့ ၀န်လေးသလို သူ့နောက်မှာ သမ္မတဖြစ်လာတဲ့ ဖရန်ဆွာအိုလန်းကို
လည်း သမ္မတတာဝန်ယူပြီး ပြီးချင်းမှာဘဲ သူ့ကိုယ်ရေးကိုယ်တာအတွက် သီးသန့်ဖုန်းတစ်လုံးထား
ဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
ဒီလိုသာမန်ဖုန်းကို အသုံးပြုတဲ့အတွက် သတင်းအချက်အလက် ခိုးယူခံရမှာ၊ သူရှိနေ တဲ့ နေရာ
ကို သိနိုင်တာစတဲ့ အန္တရာယ်တွေ ရှိနေပေမယ့် ဘားရက်အိုဘားမားကတော့ သူ တာဝန်စတင်
လက်ခံခဲ့တဲ့ ရက်အတွင်းမှာ သူ့ရဲ့ ဘလက်ခ်ဘယ်ရီဖုန်းကိုပဲ ဆက်ပြီး အသုံးပြုနေဖြစ်ဖို့ အမေရိ
ကန်သမ္မတရဲ့ ဘေးကင်းလုံခြံုရေးအတွက် အဓိကတာဝန်ယူ ထားရတဲ့ Secret Service ဌာနက
ခွင့်ပြုပေး ခဲ့ရပါတယ်။ သူရေးတင်သမျှတွေဟာ နောက်ဆုံးမှာ လွှတ်တော် စုံစမ်းစစ်ဆေးမှုတစ်ခု
တည်းအတွက်ပဲ ဖြစ်သွားမှာကို တချို့က စိုးရိမ်ပူပန်ကြပါတယ်။
အိုဘားမားရဲ့ ခါးမှာ ပုံမှန်ထက်ပိုကြီးတဲ့ ဖုန်းတစ်လုံး ချိတ်ထားတာကို မကြာခဏတွေ့ရပြီး
သူ့ရဲ့ ဇိမ်ခံမှန်လုံကားကြီးနဲ့ ခရီးသွားတဲ့အခါ မက်ဆေ့ချ်တွေကို အဲဒီဖုန်းနဲ့ ဖတ်ရှုနေတတ်တဲ့
ပုံတွေလည်း တစ်ခါတစ်ရံ တွေ့ရတတ်ပါတယ်။ သာမန်လူတွေနဲ့ ဆက်သွယ်ဖို့ခက်ခဲတဲ့၊
အပြင်ကလာတဲ့ စိစစ်မထားတဲ့ သတင်းတွေရဖို့ အရမ်းကို ခက်ခဲစေတဲ့ 'အိမ်ဖြူတော် ပူပေါင်း'လို့
အိုဘားမားကပြောတဲ့ လုံခြံုရေးစနစ်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း အို ဘားမားက မကြာခဏ
ပြောတတ်ပါတယ်။သူ့ရဲ့ ဘလက်ခ်ဘယ်ရီဖုန်းဟာ သူ့ကို အဲဒီပိတ် လှောင်မွန်းကျပ်မှုကနေ
လွတ်မြောက်စေ တဲ့ နည်းလမ်းတစ်ခုပါပဲလို့ Aides က ပြော ပါတယ်။
သမ္မတရဲ့ ကိုယ်ရေးကိုယ်တာသုံး အီးမေးလ် လိပ်စာကို အဆင့်မြင့်အရာရှိတချို့နဲ့ မိတ်ဆွေ ရင်း
တချို့ကိုပဲ ပေးထားပေမယ့် သူ့ရဲ့ အဆက်အသွယ်တွေကို လုံခြံုမှုရှိစေဖို့အတွက် အသုံးပြုထား
တဲ့ လုံခြံုရေးကုဒ်စနစ်ပါ ဖုန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်အပြည့်အစုံကို ဒီလိပ်စာကနေ
သိနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတရုံးက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန် သမ္မတက ပေးပို့လိုက်တဲ့ အီးမေးလ်တွေဟာ သမ္မတရုံးနဲ့ ပတ်သက်တဲ့
အဆက်အသွယ်တွေကို မှတ်တမ်းတင်ထားရမယ်ဆိုတဲ့ ၁၉၇၈ ခုနှစ် ၀ါးတားဂိတ်နောက်ပိုင်း
သမ္မတဆိုင်ရာမှတ်တမ်း အက်ဥပဒေကို လိုက်နာရတဲ့ အနေအထားမှာ ရှိပါတယ်။
(အေအက်ဖ်ပီ)

















