ယခုနှစ် တတိယသုံးလပတ်တွင် ဆမ်ဆောင်း သည် အက်ပဲလ်ထက် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်
တွင် ပိုမိုရောင်းချနေရပြီး တရုတ်ကုမ္ပဏီများ လည်း ဈေးကွက်တွင်းထိုးဖောက်ဝင်ရောက်လာနေ
သည်ဟု အောက်တိုဘာ ၂၉ ရက်နေ့ထုတ် ဈေးကွက်စစ်တမ်းတစ်ခုတွင် ဖော်ပြထား သည်။
ကမ္ဘာ့စမတ်ဖုန်းဈေးကွက်သည် ယခုနှစ် တတိယသုံးလပတ်တွင် စံချိန်တင်ရောင်းချခဲ့ ရကြောင်းနှင့်
စမတ်ဖုန်းလုံးရေ ၂၅၈ ဒသမ ၄ သန်း ရောင်းချခဲ့ရပြီး ပြီးခဲ့သည့်နှစ်ကထက် ၃၈ ဒသမ ၈ ရာခိုင်နှုန်း
မြင့်တက်ခဲ့သည်ဟု အိုင်ဒီစီ ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယား အီလက်ထရွန်းနစ်ကုမ္ပဏီ ဆမ်ဆောင်းသည် စမတ်ဖုန်းလုံးရေ ၈၁ ဒသမ ၂ သန်း
တင်ပို့ရောင်းချနိုင်ခဲ့ခြင်းဖြင့် ဈေးကွက် ကို ဦးဆောင်နေပြီး ၎င်း၏ဈေးကွက်ဝေစုမှာ လည်း ၃၁ ဒသ
မ ၄ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့သည်။ အက်ပဲလ်သည် ယခုတတိယသုံးလပတ်တွင် အိုင်ဖုန်း
လုံးရေ ၃၃ ဒသမ ၈ သန်း ရောင်းချခဲ့ရသော်လည်း ဈေးကွက်တစ်ခုလုံးနှင့်ယှဉ်လျှင် ၎င်း၏ တိုးတ
က်မှုသည် ပိုမိုနှေးကွေးသွားပြီး ဈေးကွက်ဝေစုမှာလည်း ပြီးခဲ့သည့်နှစ်တွင် ၁၄ ဒသမ ၄ ရာခိုင်နှုန်း
ရှိရာမှ ၁၃ ဒသမ ၁ ရာခိုင် နှုန်းသို့ ကျဆင်းသွားသည်။
စမတ်ဖုန်းလုံးရေ ၁၂ ဒသမ ၅ သန်း ရောင်းချခဲ့ရပြီး ဈေးကွက်ဝေစု ၄ ဒသမ ၈ ရာခိုင်နှုန်း ရရှိထား
သည့် တရုတ်ကုမ္ပဏီဟွာဝေးသည် နှစ်အလိုက် ရ၆ ရာခိုင်နှုန်း တိုးတက်မှုရှိလာကာ ဈေးကွက်ဦး
ဆောင်မှု တတိယနေရာသို့ရောက်ရှိလာခဲ့သည်။ ယင်း၏နောက်တွင် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်
သည့် လီနိုဗိုကလည်း ဈေးကွက်ဝေစု ၄ ဒသမ ရ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာ တွင် ရပ်တည်နေ
သည်။
တောင်ကိုရီးယားကုမ္ပဏီ အယ်လ်ဂျီသည် ရောင်းအား ရ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သော်
လည်း ဈေးကွက်ဝေစု ၄ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယနေရာမှ ပဥ္စမနေရာသို့ ကျဆင်းသွား
သည်။
"ဆမ်ဆောင်းနဲ့ အက်ပဲလ်ကလွဲပြီး ဈေးကွက်တွင်း ထိပ်ဆုံးကဦးဆောင်နေတဲ့ ကျန်ကုမ္ပဏီတွေ
ကတော့ ဈေးကွက်နေရာရပ်တည်နိုင်ဖို့ အတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေရပါတယ်" ဟု အိုင်
ဒီစီမှ ဈေးကွက်လေ့လာဆန်းစစ်သူ Ramon Llamas က ပြောသည်။ "တရုတ်ကုမ္ပဏီတွေဖြစ်တဲ့
ဟွာဝေးနဲ့ လီနိုဗိုက အယ်လ်ဂျီကို ကျော်တက်သွားသလို အယ်လ်ဂျီရဲ့ နောက်မှာလည်း ကူးလ်
ပက်နဲ့ ဇက်တီအီးဆိုတဲ့ နောက်ထပ်တရုတ်ကုမ္ပဏီနှစ်ခုရှိပါသေးတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါဈေးကွက်စစ်တမ်းတွင် ဂူးဂဲလ်က ပေးထားသည့် အန်းဒရိုက်ဖုန်းများနှင့်ပတ်သက်ပြီး
ဈေးကွက်ဝေစုကို ခွဲခြားမပြထားသော်လည်း ယင်း၏ဈေးကွက်ဝေစု သည် ရ၅ မှ ၈၀ ရာခိုင်နှုန်း
အထိရှိသည်ဟု ဖော်ပြထားသည်။ စမတ်ဖုန်းဈေးကွက်သည် ခိုင်မာသည့်ခြေလှမ်းဖြင့် ဆက်လက်
တိုးတက်နေဆဲဖြစ် သည်ဟု Llamas က ပြောကြားခဲ့ပြီး ၂၀၁၄ ခုနှစ် တွင် စမတ်ဖုန်းလုံးရေ
တစ်ဘီလျံအထိ ရောင်းချနိုင်လိမ့်မည်ဟု Ramon Llamas က ခန့်မှန်း ထားသည်။
"မိုဘိုင်းဖုန်း အမျိုးအစားအားလုံးဈေးကွက် သည် ပြီးခဲ့သည့်နှစ်ကထက် ၅ ဒသမ ရ ရာခိုင် နှုန်း
မြင့်တက်ခဲ့ပြီး ဟန်းဆက်လုံးရေ ၄၆၇ ဒသမ ၉ သန်း ရောင်းချခဲ့ရပြီး ဆမ်ဆောင်း က ဈေးကွက်
ဝေစု ၂၄ ဒသမ ရ ရာခိုင်နှုန်း ဖြင့် ဈေးကွက်ကို ဦးဆောင်ထားသည်"ဟု အိုင်ဒီစီဈေးကွက်စစ်တမ်း
တွင် ဖော်ပြထားသည်။
(အေအက်ဖ်ပီ)
















