မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား
ပြိုင်ပွဲ ပွဲစဉ်များ၊ ရလဒ်များကို ကြည့်ရှုနိုင်ရန် www.27seagames2013.com ၀က်ဘ်ဆိုက်ကို
လွှင့်တင်ထားရုံသာမက မိုဘိုင်းဖုန်းများမှလည်း ကြည့်ရှုနိုင်ရန် ဆီးဂိမ်းမိုဘိုင်းအက်ပလီကေးရှင်း
တစ်ခုကို Redlink ကုမ္ပဏီက ထုတ်လုပ်လိုက်သည်။
"နှစ်ပေါင်း ၄၀ မှတစ်ကြိမ် ကျင်းပ ခွင့်ရတဲ့ နိုင်ငံ့ဂုဏ်ဆောင်ပွဲတော်ကြီး အောင်မြင်စွာ ဖြစ်မြောက်
ရေးအတွက် သတင်းအချက်အလက်နဲ့ ဆက်သွယ် ရေး နည်ပညာနဲ့ ထိရောက်စွာ ပ့ံပိုး နိုင်မှုက
လည်း အရေးကြီးပါတယ်" ဟု ကုမ္ပဏီ Sale and Marketing Department မှ Assistant
General Manager ဖြစ်သူ ဦးမျိုးမြင့်ညွန့်က ပြောသည်။
လက်ရှိတွင် အက်ပဲလ်ဖုန်းများ တွင် အသုံးပြုနိုင်ပြီး အန်းဒရိုက်ဖုန်း များအတွက်လည်း ဆက်လက်
ရေးဆွဲ နေသည်ဆိုသည်။
"လက်ရှိမှာ အိုင်အိုအက်စ်တွေမှာ တော့ သုံးလို့ရပြီ။ အဲဒီအက်ပလီကေး ရှင်ကို အိုင်အိုအက်စ်
အတွက်ဆိုရင် Apple Store တွေမှာ download လုပ်ယူလို့ ရပါပြီ။ အန်းဒရိုက်မှာ သုံးနိုင်ဖို့
ကတော့ တစ်ပတ်လောက် တော့ ကြာဦးမယ်" ဟု ဦးမျိုးမြင့်ညွန့်က ပြောသည်။
















