လေယာဉ်စီးခရီးသည်များအား လေယာဉ်ပေါ်တွင် မိုဘိုင်းအီလက်ထရွန်းနစ်ပစ္စည်းများ
အကန့်အသတ်မရှိအသုံးပြုရန် မကြာမီခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း အမေရိကန်လေကြောင်း
အာဏာပိုင်အဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စု လေကြောင်း ပို့ဆောင်ရေးဌာန (အက်ဖ်အေအေ)က အကောင်
အထည်ဖော်လိုက်သည့် အဆိုပါအပြောင်းအလဲသည် အမေရိကန်နိုင်ငံတွင် နှစ်ပေါင်း ၅၀ ကြာ
ကျင့်သုံးနေသည့် လေယာဉ် မြေပြင်တွင် မောင်းနှင်နေစဉ်၊ ပျံတက်နေစဉ်နှင့် မြေပြင်သို့ ဆင်း
သက်စဉ် အချိန်အတောအတွင်း အီလက်ထရွန်းနစ်ပစ္စည်းများအသုံးပြုခြင်းကို တားမြစ်ထား
သော တင်းကျပ်သည့် စည်းကမ်းများကို အဆုံးသတ်သွားစေသည်။
အဆိုပါ စည်းကမ်းများ လျှော့ပေါ့ပေးမှု ကို အမေရိကန်အခြေစိုက် လေယာဉ်ကုမ္ပဏီ အများစု
တွင် ယခုနှစ်ကုန်ပိုင်းမှစပြီး စတင် ကျင့်သုံးတော့မည့်ဖြစ်သည်။ " လေယာဉ်ကုမ္ပဏီတွေဟာ ခရီးသည်တွေကို လေယာဉ်စတင်ဘီးလှိမ့်ချိန်ကစပြီး မြေပြင်ကို ပြန်ဆင်းတဲ့အချိန်အထိ အဆင့်
အားလုံးမှာ အီလက်ထရွန်းနစ်ပစ္စည်းတွေကို စိတ်ချလက်ချ အသုံးပြုခွင့်ပေးနိုင်ပါတယ်" ဟု
အက်ဖ်အေအေ ဌာနမှူး Michael Huerta က သတင်းထောက်များကို Reagan National
လေဆိပ်တွင် ပြောကြားခဲ့သည်။
အဆိုပါ စည်းကမ်းလျှော့ပေါ့မှုနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များသည် ပြီးခဲ့ သည့်နှစ်တွင်
ကျင်းပခဲ့သည့် ကော်မတီစည်းဝေးတစ်ရပ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး လေယာဉ်မှူးများ၊ လေ
ယာဉ်စီးခရီးသည်များ၊ လေယာဉ်အမှုထမ်းများ၊လေယာဉ်ကုမ္ပဏီများနှင့် မိုဘိုင်းနည်းပညာ
ကုမ္ပဏီနယ်ပယ်မှ ကျွမ်းကျင်သူများက ပေးပို့ထားသည့် အချက်အလက်များလည်း ပါ၀င်
သည်ဟု သိရသည်။
"ခရီးသည်တင်လေယာဉ် အများစုဟာ ပေါ်တေဘယ်လ် အီလက်ထရွန်းနစ်ပစ္စည်းတွေကြောင့်
ဖြစ်ပေါ်လာတဲ့ ရေဒီယိုလှိုင်းတွေ ရဲ့ နှောင့်ယှက်မှုဒဏ်ကို ခံနိုင်တယ်လို့ ကော်မတီက ဆုံးဖြတ်
ချက်ချလိုက်ပါတယ်"ဟု ံကနမအေ က ပြောသည်။
"စာအုပ်တို့၊ ပြက္ခဒိန်တို့လို ဒေါင်းလုတ်ဆွဲ ထားတဲ့ဟာတွေကို လေယာဉ်ပေါ်မှာ စိတ်ချ လက်ချ
ဖတ်လို့ရပါတယ်။ ဂိမ်းလည်း ကစားလို့ ရပါတယ်" ဟု ၎င်းက ပြောသည်။ သို့သော် ရာသီဥတု
မကောင်းသည့်အတွက် မြင်ကွင်းမရှင်းသည့်အခါမျိုးတွင် ခရီးသည်များ အား ၎င်းတို့၏ စက်များ
ကို ပိတ်ထားပေးရန် တောင်းဆိုမှုပြုလုပ်ကောင်း ပြုလုပ်နိုင်သည် ဟုဆိုသည်။
"တချို့လေယာဉ်တွေရဲ့ မြေပြင်ဆင်းသက်ရေးစနစ်ဟာ အီလက်ထရွန်းနစ်ပစ္စည်းတွေကြောင့်
ရေဒီယိုလှိုင်းအနှောင့်အယှက်ဖြစ်တဲ့ ဒဏ်ကို မခံနိုင်ပါဘူး။ ဒီလိုလေယာဉ်မျိုးက လည်း တစ်
ရာခိုင်နှုန်းလောက်ပဲ ရှိမှာပါ" ဟု ံကနမအေ က ပြောသည်။
"တကယ်လို့ လေယာဉ်မှူးက ခရီးသည်တွေကို အသုံးပြုနေတဲ့စက်တွေ ပိတ်ပေးထား ဖို့ တောင်း
ဆိုလာတယ်ဆိုရင် ဒါဟာ အားလုံး ကောင်းဖို့အတွက်ပါပဲ" ဟု ၎င်းက ပြောသည်။ အခြား ပြည်
ထောင်စု အေဂျင်စီတစ်ခုဖြစ် သည့် အမေရိကန်ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်၏
စည်းမျဉ်းအရ လေယာဉ်ထဲ ရှိနေစဉ် မိုဘိုင်းဖုန်း ခေါ်ဆိုမှုကို ယခုအချိန် အထိ မပြုလုပ်နိုင်သေး
ချေ။
ထို့ကြောင့် လေယာဉ်ထဲတွင် ရှိနေစဉ်အချိန်အတွင်း မိုဘိုင်းဖုန်းများကို airplane mode ပြုလုပ်
ပြီး အသုံးပြုကြရန် ခရီးသည်များကို တောင်းဆိုထားရမည်ဖြစ်သည်။ သို့သော် ခရီးသည်တိုင်း၏
မိုဘိုင်းပစ္စည်း များကို လေယာဉ်ဝန်ထမ်းများက စစ်ဆေးရန် သတ်မှတ်ချက်မရှိသည့်အတွက်
အဆိုပါစည်းမျဉ်းလည်း အကျိုးသက်ရောက်မှု မရှိနိုင်ပေ။
"မိုဘိုင်းဖုန်းတွေကို airplane mode မလုပ် ထားဘူးဆိုရင်လည်း လုံခြံုရေးပြဿနာတော့
မရှိပါဘူး" ဟု Huerta က ပြောသည်။
"ဒါပေမဲ့ လေယာဉ်ပေါ်မှာ အီလက်ထရွန်းနစ်ပစ္စည်းတွေကို သုံးခွင့်ရနေတဲ့အတွက် လေဆိပ်
ကိုရောက်ရင် ဘက်ထရီလည်း အား ကုန်နေတာမျိုး ကြံုရနိုင်ပါတယ်။ ဒါမျိုးတော့ ဘယ်သူမှ
မဖြစ်ချင်ကြပါဘူး"ဟု ၎င်းက ပြောသည်။
အီလက်ထရွန်းနစ်ပစ္စည်းများ လေယာဉ်ပေါ်တွင် အသုံးပြုခွင့်ပေးထားသည့်အတွက် လေယာဉ်
၀န်ထမ်းက လေယာဉ်မထွက်ခင် အရေးပေါ်ကိစ္စအတွက် လုပ်နည်းကိုင်နည်းများကို ပြသနေစဉ်
ခရီးသည်များက အာရုံမစိုက်နိုင်သည့် အလားအလာများလည်း ရှိနိုင်ကြောင်း ၎င်းကပြောသည်။
အဆိုပါ စည်းမျဉ်းသစ်ကို အက်ဖ်အေအေ လက်အောက်ရှိ လေယာဉ်လိုင်းများဖြစ် သည့်
အမေရိကန်လေယာဉ်လိုင်းများတွင် အသုံးပြုမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးစဉ် နှစ်မျိုးစလုံး
တွင် အကျံုးဝင်သည်ဟု ံကနမအေ က ပြောသည်။ အဆိုပါ စည်းမျဉ်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများ
အားလုံးတွင် လက်ခံကျင့်သုံးကြစေရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်
ပူးပေါင်းလုပ်ကိုင်ရန် အက်ဖ်အေအေ ကို ကော်မတီက တောင်းဆိုထားသည်။
လေယာဉ်အတွင်း ပေါ်တေဘယ်အီလက်ထရွန်းနစ်ပစ္စည်းများ အသုံးပြုခွင့်ပေးရန် ဥရောပလေ
ကြောင်းအာဏာပိုင်များကလည်း စီစဉ်နေသည်ဟု ဆိုသည်။
"စည်းမျဉ်းတွေ အာဏာသက်ရောက်မှု ရှိဖို့နဲ့ ခရီးသည်တွေရဲ့ မိုဘိုင်ပစ္စည်း အသုံးပြု မှုနဲ့
ပတ်သက်ပြီး သတ်မှတ်ချက်တွေ ရှိစေဖို့ တော့ လိုတယ်ဆိုတာ သေချာပါတယ်" ဟု ဥရောပ
လေကြောင်း လုံခြံုရေးအေဂျင်စီ (အီးအေအက်စ်အေ)မှ ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီကို
ပြောသည်။
အက်ဖ်အေအေ၏ လမ်းညွှန်ချက်များ ကို လေကြောင်းကုမ္ပဏီများသို့ ပေးပို့ ထားပြီးဖြစ်သည်။
Delta လေကြောင်းကုမ္ပဏီတွင် အပြောင်းအလဲများပြုလုပ်ပြီးဖြစ်သည့်အတွက် လေယာဉ်
အမြင့်ပေ ၁၀,၀၀၀ (မီတာ ၃,၀၀၀) အောက် တွင် ပျံသန်းနေစဉ် ခရီးသည်များအား မိုဘိုင်း
ပစ္စည်း အသုံးပြုခွင့်ပေးရန် အဆင်သင့်ဖြစ်နေသည်ဟု အဆိုပါလေကြောင်းကုမ္ပဏီက
သတင်းထုတ်ပြန်ထားသည်။
အက်ဖ်အမ်ရေဒီယိုဖမ်းစက်များကြောင့် လေယာဉ်အချို့၏ မောင်းနှင်ရေးစနစ် အနှောင့်အယှက်
ဖြစ်စေသည်ကို လေ့လာတွေ့ရှိရပြီးနောက်ပိုင်းတွင် တစ်ကိုယ်ရည်သုံး အီလက်ထရွန်းနစ်ပစ္စည်း
များ လေယာဉ်တွင်း အသုံးပြုခြင်းကို အက်ဖ်အေအေက ၁၉၆၆ ခုနှစ် တွင် ပထမအကြိမ်
တားမြစ်ခဲ့သည်။
သို့သော် ကုန်သွယ်ရေး၊ သိပ္ပံပညာနှင့် ပို့ ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဖြစ်သူ
ဥပဒေပြုအထက်လွှတ်တော်အမတ် ဲသ့ည (ဲပေ) ျွသခုန်နူူနမ က လေယာဉ်တွင်း ပေါ်တေဘယ်
အီလက်ထရွန်းနစ်ပစ္စည်းများ အသုံးပြုခွင့်ပေးထားခြင်းနှင့်ပတ်သက်ပြီး ကိစ္စအချို့ကို ပြောကြား
ထားသည်။
"အီးမေးလ်းစစ်တာ ဒါမှမဟုတ် ရုပ်ရှင်ကြည့် တာလေးနဲ့ လေယာဉ်ရဲ့ ဘေးကင်းရေးကို ထိခိုက်
စေတာမျိုးတော့ မဖြစ်သင့်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့ပြီး အက်ဖ်အေအေ၏ စည်းမျဉ်းသစ်
အတိုင်း အပြည့်အဝ လိုက်နာကြရန်လည်း တောင်းဆိုထားသည်။ စည်းမျဉ်းသစ်အရ အရွယ်
အစားကြီးမားသည့် အီလက်ထရွန်းနစ်ပစ္စည်းများကို လေယာဉ်ကောင်းကင်သို့ ပျံတက်နေချိန်
နှင့် မြေပြင်သို့ ဆင်းသက်နေသည့်အချိန်တွင် ခေါင်းပေါ်ရှိစင် သို့မဟုတ် ခုံအောက်တွင် ထားရ
မည်ဖြစ်ပြီး ဆိုက်သေးမိုဘိုင်းပစ္စည်း များကို ထိုင်ခုံနောက်ပါ အိတ်အတွင်း ထည့် ထားရမည်ဖြစ်
သည်။
အင်တာနက် အသုံးပြုခြင်း ကို ၀ိုင်ဖိုင်လွှင့်ပေးထားသည့် လေယာဉ်များ တွင် ပြုလုပ်နိုင်မည်
ဖြစ်ပြီး ကြိုးမဲ့ကီးဘုတ် များအတွက် ဘလူးတုသ်ကို အသုံးပြုခွင့်ပေး ထားမည်ဖြစ်သည်။
"ဒီစဉ်းမျဉ်းသစ်က ကောင်းတယ်လို့ ကျွန်တော်ထင်တယ်" ဟု အသက် ၆၂ နှစ်ရှိပြီဖြစ် သည့်
မကြာခဏ ခရီးသွားလေ့ရှိသူ ငြုန ှကူူငလညေ က ပြောသည်။
(အေအက်ဖ်ပီ)

















