စမတ်လက်ပတ်နာရီထုတ်လုပ်သည့် Pebble ကုမ္ပဏီသည် အက်ပဲလ်၏ အိုင်အိုအက်စ် ရ
အကြောင်းကြားစနစ်ကို စမတ်လက်ပတ်နာရီတွင် အပြည့်အဝ အသုံးပြုနိုင်ရန် ဆော့ဖ်ဝဲတစ်ခု
ကို အဆင့်မြှင့်တင်ထားပြီဖြစ်ကြောင်း နှင့် ဆော့ဖ်ဝဲရေးသားသူများအတွက် ပရိုဂရမ်ပက်ကေ့ချ်
အသစ်တစ်ခုကိုလည်း ထုတ်လုပ် ထားပြီး Foursquare, Yelp,iControl နှင့် GoPro တို့နှင့်
လည်း ပူးပေါင်းထားကြောင်း ယခုလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
Pebble ၏ ဆော့ဖ်ဝဲအသစ်သည် စမတ် လက်ပတ်နာရီ အသုံးပြုသူများကို အိုင်အို အက်စ် ရ
ပလက်ဖောင်းရှိ အကြောင်းကြားစနစ် များကို အပြည့်အဝ ရရှိမည်ဖြစ်ရာ Notification Center
ရှိ မည်သည့် အကြောင်းကြားအသိပေးချက်မဆို စမတ်နာရီပေါ်ရှိ Calendar ၊ဖေ့စ် ဘွတ်ခ်၊
တွစ်တာ၊ အင်စတာဂရမ်၊ ဒရော့ပ်ဘောက်စ်၊ ဖလစ်ပ်ဘုတ်စသည်တို့တွင်လည်း တွေ့ရမည််
ဖြစ်သည်။
အဆိုပါ ဆော့ဖ်ဝဲအသစ်ကို အက်ပဲလ်က ယခု ပြန်လည်သုံးသပ်နေသည့် အိုင်အိုအက်စ် အက်
ပလီကေးရှင်းအသစ်နှင့် တွဲဖက်အသုံးပြု ရန် စီစဉ်ထားပြီး App Store တွင် မကြာမီ စတင်
ရောင်းချပေးတော့မည် ဖြစ်သည်။
ထို့အပြင် Pebble သည် ဗားရှင်း ၂.၀ ဟု အမည်ပေးထားသည့် Software Development
Kit အသစ်တစ်ခုကိုလည်း ထုတ်လုပ်ထားရာ ပရိုဂရမ် ရေးသားသူများသည် Pebbleနှင့်
လိုက်ဖက်သည့် အက်ပလီကေးရှင်းများ ကို အလွယ်တကူ ရေးသားနိုင်တော့မည်ဖြစ် သည်။
အဆိုပါ ပရိုဂရမ် ပက်ကေ့ချ်တွင် Javascript, Accelerometer, Data Logging နှင့်
Persistent Storage တို့အတွက် အေပီအိုင်များ ပါ၀င်သည်။ အေပီအိုင် အသစ်များကြောင့်
ပရိုဂရမ်ရေးသားသူများသည် ရာသီဥတုခန့်မှန်းချက် များ သို့မဟုတ် ဖြစ်ရပ်မှန်သတင်းအချက်
အလက်များကို အချိန်နှင့် တစ်ပြေးညီဖော်ပြပေးခြင်း စသည်တို့အတွက် ၀က်ဆိုက်နှင့် တိုက်ရိုက်
ဆက်သွယ်နိုင်သည့် အက်ပလီကေးရှင်းအစိတ်အပိုင်းများ (apps)ကို ဖန်တီးနိုင်စေမည်ဖြစ်သည်။
Accelerometer ကို အသုံးပြုနိုင်ခြင်း ဖြင့် ကျန်းမာရေးနှင့် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အချက်
အလက်များကို စောင့်ကြည်နိုင်သည့် apps များကိုလည်း ရေးသားပေးနိုင်စေမည်ဖြစ် ပြီး ဖုန်းနှင့်
ချိတ်ဆက်ထားခြင်းမရှိသည့်အခါများတွင် အချက်အလက်များကို မှတ်တမ်းတင်ပေးထားမည်ဖြစ်
သည်။
(အက်ပဲလ်အင်ဆိုက်ဒါ)
















