အွန်လိုင်းဈေးဝယ်ကဏ္ဍ တွင်ကျယ်ရန် လိုအပ်ချက်များ ရှိနေသေး

အွန်လိုင်းဈေးဝယ်ကဏ္ဍ တွင်ကျယ်ရန် လိုအပ်ချက်များ ရှိနေသေး

မြန်မာနိုင်ငံတွင်လည်း အခြားနိုင်ငံများကဲ့သို့ အွန်လိုင်းမှ ဈေးဝယ်နိုင်သည့် ၀က်ဘ်ဆိုက်
အမြောက်အမြား လွှင့်တင်ထားသော်လည်း ငွေပေးချေမှုစနစ်ကဲ့သို့ လိုအပ်ချက်များရှိနေသေး
သဖြင့် ဖွံ့ဖြိုးမှုအားနည်းနေသေးသည်ကို တွေ့ရသည်။

"လက်ရှိ ဈေးသည်ကြီး ၀က်ဘ်ဆိုက်ရဲ့ အရောင်းအဝယ်ကတော့ပုံမှန်ရှိနေပါတယ်။ အွန်လိုင်းက
မှာယူဖူးသူ ၀ယ်ယူသူတွေအနေ နဲ့ အချိန်ကုန်သက်သာတာတွေ၊ ပစ္စည်းအရည် အသွေး စိတ်ချ
ရတာတွေ၊ အာမခံချက်အပြည့် အဝ ပေးထားတာတွေ ကိုယ်တိုင်သိရှိရတဲ့အတွက် ပုံမှန်ဝယ်ယူ
နေပါတယ်။ တချို့က လည်း အွန်လိုင်းပေါ်မှာ စိတ်တိုင်းကျ ရွေးချယ် နိုင်တဲ့အပြင် ပစ္စည်းတစ်ခု
ချင်းရဲ ့အသေးစိတ်အချက်အလက်တွေကို ဖတ်ရှုနိုင်တဲ့အတွက် အွန်လိုင်းကနေ မှာယူတာကို
ပိုမိုကြိုက်နှစ် သက်တာ တွေ့ရပါတယ်" ဟု www.zay-thegyi.com ၀က်ဘ်ဆိုက်မှ တာဝန်ရှိ
သူတစ်ဦး ဖြစ်သူ ဦးထက်ဦးဇော်ကပြောသည်။

အွန်လိုင်းမှ ပစ္စည်းမှာယူသူအများစုမှာ ရုံးချိန်အပြင်ထွက်ရန် အဆင်မပြေသည့် ရုံး ၀န်ထမ်းများ၊
အပင်ပန်းခံပြီးမြို့ထဲသို့ မသွား နိုင်သူများအနေဖြင့် အဓိက အသုံးပြု ၀ယ်ယူနေကြသည်ကိုတွေ့
ရကြောင်း ၎င်းက ပြောသည်။ သို့ရာတွင် အွန်လိုင်းမှ တွင်တွင်ကျယ်ကျယ်ရောင်းဝယ်နိုင်ရန်မှာ
အင်တာနက်ဆက်သွယ်မှုများမြန်လာရန်နှင့် အွန်လိုင်းငွေပေးချေမှု စနစ် တိုးတက်လာရန် လိုအပ်
နေသည်ဟု ဦးထက်ဦးဇော်ကပြောသည်။

"အွန်လိုင်းကနေ ဈေးဝယ်ရတာအားသာ ချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါ တယ်။
ဥပမာ - တီဗီလို၊ ဗရခဲသေတ္တာလို ပစ္စည်း တွေကို အွန်လိုင်းကနေ စိတ်တိုင်းကျ ရွေးချယ် နိုင်တဲ့
အပြင် သူ့ရဲ့ အသေးစိတ်အချက်အလက်တွေကို ဖတ်ရှုနိုင်တာကြောင့် ပိုမို အဆင်ပြေပေမယ့်
အကျႌလို၊ ဗဘာင်းဘီလိုမျိုးဝယ်ချင်ရင် တော့ ကိုယ်တိုင်တိုင်းကြည့်၊ ၀တ်ကြည့်ပြီးမှ ၀ယ်ရင်ပို
အဆင်ပြေတာကြောင့် ဆိုင်တွေကိုသွားနေကြဦးမှာပဲ" ဟု ၎င်းကပြောသည်။

"မှာယူလိုက်တဲ့ ပစ္စည်းရောက်လာရင် ပစ္စည်းမကောင်းမှာကို စိုးရိမ်စိတ်လည်း ပါပါတယ်" ဟု
၎င်းကပြောသည်။

လက်ရှိတွင် အွန်လိုင်းငွေပေးချေစနစ်မရှိသေးသဖြင့် ၀က်ဘ်ဆိုက်များနျင့် ဖေ့စ်ဘွတ်ခ်စာမျက်
နှာများ၌ ပြသရောင်းချသည့် ပစ္စည်းများကို မှာယူ ၀ယ်ယူလိုပါက ပစ္စည်းလာရောက်ပေးပို့မှသာ
ငွေပေးချေရသည့် စနစ်ကို ကျင့်သုံး နေပြီး နယ်မှ မှာယူသူများအတွက်မူ ဘဏ်မှ ငွေလွှဲပို့ပေးပြီး
မှသာ ပစ္စည်းများကို ပို့ပေးလေ့ရှိ ကြသည်။

အွန်လိုင်းငွေပေးချေစနစ် သုံးသူနည်းပါးနေသဖြင့် အွန်လိုင်းမှ တစ်ဆင့် မိုဘိုင်းဖုန်းများသို့
ငွေဖြည့်နိုင်မည့် တတတ.အသစကစ.ခသာ ၀က်ဘ် ဆိုက်ကိုလည်း အသုံးပြုသူနည်းနေသေး
သည် ဟု ၀က်ဘ်ဆိုက်တာဝန်ရှိသူတစ်ဦးက ပြော သည်။

"အင်တာနက်အမြဲရနေတဲ့သူတို့၊နောက်ပြီး သူများကို တစ်ဆင့်ငွေဖြည့်ပေးတဲ့သူတွေနဲ့ တချို့ရုံး
တွေမှာဆိုရင် ၀န်ထမ်းတွေကို ဖုန်းငွေကတ်ဖြည့်ပေးတာတို့တော့ရှိတယ်။ အဲလို ကျရင် ကုမ္ပဏီ
က Myanpay အကောင့်ဆောက် ပြီးတော့ ၀န်ထမ်းတွေကို ဖုန်းငွေဖြည့်ပေးထား မျိုးတွေလည်း
ရှိတယ်။ ပြညေဏပေအကောင့် သုံးစွဲသူကလည်း မရှိဘူးတော့မဟုတ်ဘူး။ အထိုက်အလျောက်
တော့ရှိတယ်" ဟု အဆိုပါ ၀က်ဘ်ဆိုက်မှမအေးမွန်ဆွေကပြောသည်။

အဆိုပါ Myanpay စနစ်မှာ အင်တာနက်မှငွေပေးချေနိုင်မည့် စနစ်ဖြစ်သော်လည်း အသုံးပြု
သူနည်းပါးနေသေးသည်။

"ကိုယ်ဝယ်ချင်တဲ့ပစ္စည်းကိုမြင်ပြီး စိတ်ကြိုက် ရွေးချယ်ရတာကိုသဘောကြတယ်။ အွန်လိုင်း
ကနေ ၀ယ်တာကျတော့ သူတို့တင်ထားတဲ့ ဓာတ်ပုံတွေရယ်၊ သူ့ရဲ တံဆိပ်နဲ့ ဈေးနငန်းတွေရယ်
ဒါပဲကြည့်လို့ ရတယ်။ ကိုင်ကြည့်လို့ မရဘူး။ သေချာစစ်ဆေးလို့ မရဘူး။ လာပို့ပေး တဲ့အချိန်
ကျမှ မကြိုက်ဘူးဆိုရင် ပြန်လဲတာတွေ ဘာတွေနဲ့ အလုပ်တွေရှုပ်တယ်။ အွန်လိုင်းကမှာရင်
တော့ အချိန်ကုန်သက်သာတယ်။ လူလည်းမပင်ပန်းဘူးပေါ့။ ဒါပေမဲ့ ကျွန်တော် ကတော့ ကိုယ်
လိုချင်တဲ့ပစ္စည်းကို အလုပ်အား ရက်တွေမှာ ရှော့ပင်းမောတွေသွားပြီး ၀ယ်ပါ တယ်။ အွန်လိုင်း
ကနေတော့ တစ်ခါမှမဝယ်ဖူး ဘူး"ဟု ရန်ကုန်မြို့မှ ကိုစိုးသူရက ပြောသည်။

ဘဏ်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ငွေပေး ချေမှုစနစ်နှင့် ဘဏ်ကတ်များအား အွန်လိုင်း
ငွေပေးစနစ်များတွင် အသုံးပြုလာနိုင်မှသာ အွန်လိုင်းဈေးဝယ်စနစ်များ ပိုမိုတွင်ကျယ် လာနိုင်
မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်