အီလက်ထရွန်းနစ်စီးကရက်ကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာသက်ရောက် မှုတွေကို
သုတေသနထပ်လုပ်ဖို့ လိုနေ သေးတယ်လို့ ကျွမ်းကျင်သူတချို့က သတိ ပေးပြောကြားနေပေမယ့်
လည်း ဆေးလိပ်စွဲ နေသူတွေက အီလက်ထရွန်းနစ်စီးကရက် ကို ပြောင်းပြီးသောက်သုံးလာကြတဲ့
အတွက် ဆေးလိပ်သောက်သူ သန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ရာရောက်တယ်လို့ နိုဝင်
ဘာလ ၁၂ ရက်နေ့မှာကျင်းပခဲ့တဲ့ လူကြိုက် များ လာနေတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ နဲ့ ပတ်
သက်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ကြ ပါတယ်။
လန်ဒန်က Royal City မှာ တစ်ရက်ကြာကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို သိပ္ပံပညာရှင် တွေ၊ စည်းမျဉ်း
ရေးဆွဲသူတွေ၊ လုပ်ငန်းရှင်တွေ နဲ့ ၀ါသနာရှင်တွေ စုစုပေါင်း ၂၅၀ ကျော် တက် ရောက်ခဲ့ကြပြီး အီ
လက်ထရွန်းနစ်စီးကရက် ရဲ့ ကောင်းကျိုးဆိုးကျိုးနဲ့ ပတ်သက်ပြီး အကြိတ် အနယ်စစ်စစ်ပေါက်
ပေါက် ဆွေးနွေးခဲ့ကြ ပါတယ်။
နီကိုတင်းပါ၀င်တဲ့ ဆေးရည်ကို အပူပေးအငွေ့ပြန်စေခြင်းနည်းနဲ့ ဆေးလိပ်အစစ်လိုပဲ သောက်သုံးနိုင်
တဲ့ ဓာတ်ခဲသုံးအီလက်ထရွန်းနစ်ဆေးလိပ်ကို သောက်သုံးတဲ့သူနှုန်း ထားဟာ အလျင်အမြန်မြင့်
တက်လျက်ရှိနေပြီး ဆေးလိပ်၊ဆေးတံနဲ့ ဆေး ထုတ်လုပ်ရာ ကုမ္ပဏီတွေကလည်း ဒီဈေးကွက်ထဲ
ကို အလျင်အမြန် ၀င်ရောက်နေရာယူလာနေကြတာကိုလည်း တွေ့ရပါတယ်။ လေးနှစ်အတွင်းမှာ
နှစ်အလိုက် အီလက်ထ ရွန်းနစ်ဆေးလိပ်ရောင်းအား နှစ်ဆမြင့်တက် ခဲ့ပြီး ဥရောပတစ်လွှားက
အီလက်ထရွန်းနစ် ဆေးလိပ်သောက်သုံးသူ အရေအတွက်ဟာ ခန့်မှန်းခြေ ခုနစ်သန်းခန့်ရှိတယ်လို့
ဆွေးနွေးပွဲ စီစဉ်သူတွေက ပြောပါတယ်။
ဥရောပက စည်းမျဉ်းရေးဆွဲသူတွေဟာ အီလက်ထရွန်းနစ်ဆေးလိပ်ကို ဆေးဝါးဆိုင်ရာထုတ်ကုန်
တစ်မျိုးအဖြစ်သတ်မှတ်ပြီး အီလက်ထရွန်းနစ် ဆေးလိပ်ရောင်းအားကို ထိန်းချုပ်ဖို့ အောက်တို
ဘာလမှာ အဆိုပြုခဲ့ကြပါတယ်။ လန်ဒန်ဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ သိပ္ပံနည်းပညာ
နဲ့ ဥပဒေပြဋ္ဌာန်းချက်တွေထက် အီလက်ထရွန်းနစ်ဆေးလိပ်ဈေးကွက် ကြီးအလျင်အမြန် တိုးတက်
ကြီးပွားလာပုံနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲအတွင်းမှာလည်း လူတော်တော်
များများဟာ အီလက်ထရွန်းနစ်စီးကရက်ကို ဆွေးနွေးပွဲခန်းမတွင်းမှာ တစ်ချိန်လုံး လွတ်လွတ် လပ်
လပ်ဖွာရှိုက်နေကြတာကို တွေ့ရပါတယ််။
ဆွေးနွေးပွဲတက်ရောက်လာသူတစ်ယောက်ဆိုရင် တော်တော်ကြီးတဲ့ အီလက်ထရွန်းနစ် ဆေးတံကြီး
ခဲထားတာကိုတွေ့ရသလို အပြာ ရောင်မီးလေးတွေ လင်းနေတဲ့ အီလက်ထရွန်းနစ် ဆေးလိပ်ကို ဖွာ
ရှိုက်နေတဲ့ သူတွေကိုလည်း တွေ့ရပါတယ်။
"ဆေးလိပ်ကြောင့် ကမ္ဘာပေါ်မှာ တစ်နှစ်ကို လူ ငါးဒသမလေးသန်းလောက် သေဆုံးနေပါ တယ်"
လို့ ကျန်းမာရေးစိတ်ပညာ ပါမောက္ခနဲ့ ယူကေ ကင်ဆာသုတေသနရဲ့ ဆေးရွက်ကြီး ဌာန ဒါရိုက်
တာ ရောဘတ်ဝက်စ်က ပြောပါ တယ်။ ဆေးလိပ်သောက်သုံးသူတွေက အီလက်ထရွန်းနစ်ဆေး
လိပ်ကို ပြောင်းသောက်လာကြတာဟာ လူ့အသက်ပေါင်း သန်းပေါင်းများစွာ ကို ကယ်တင်ရာ
ရောက်တယ်လို့ သူက ဆွေးနွေး ပွဲတက်ရောက်လာသူတွေကို ပြောကြားခဲ့ပါ တယ်။
ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြတာ ကတော့ ရည်မှန်းချက် တကယ်ဖြစ်လာပါ့မလား ဆိုတာနဲ့
အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ် ကြမလဲဆိုတဲ့ အချက်တွေပါ။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသူ
သုံးပုံတစ်ပုံနီးပါးလောက်ဟာ အီလက်ထရွန်းနစ်ဆေးလိပ် ကို သောက်သုံးလာကြပါတယ်လို့
ပါမောက္ခက ပြောပါတယ်။
အီလက်ထရွန်းနစ်ဆေးလိပ်တွေက သိပ္ပံနည်းပညာရဲ့ ရှေ့ကို ရောက်နေပြီလား အီလက်ထရွန်းနစ်
ဆေးလိပ်တွေက ဆေးရွက် ကြီးဆေးလိပ်သောက်သုံးတာထက် ၉၅ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်း
ကြား ဘေးကင်းတယ်လို့ သူတို့က ခန့်မှန်းထားကြပေမယ့် တချို့့နိုင်ငံ တွေကတော့ အီလက်ထရွန်း
နစ်ဆေးလိပ် သောက်သုံးမှုကို တားမြစ်ထားကြသလို ဆွေးနွေး ပွဲတက်ရောက်လာသူတွေဟာ
အီလက်ထ ရွန်းနစ်ဆေးလိပ်နဲ့ ပတ်သက်ပြီး ဆေးပညာဆိုင် ရာ စည်းမျဉ်းတွေအရ ဥပဒေသစ်ပြဋ္ဌာန်း
ဖို့ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။
အီလက်ထရွန်းနစ်ဆေးလိပ်ဟာ ဆေးလိပ် ဖြတ်စရာပစ္စည်းတစ်ခု ဖြစ်လာနိုင်သလား။ဆေးလိပ်
မသောက်တတ်တဲ့သူတွေ ဆေးလိပ် သောက်ဖို့ လမ်းစဖြစ်လာနိုင်စေတဲ့အရာများ ဖြစ်လာမလား
ဆိုတာကိုလည်း ဆွေးနွေးပွဲ တက်ရောက်လာသူတွေက ဆွေးနွေးခဲ့ကြပါ တယ်။ ဆေးလိပ်သောက်
ခြင်းနဲ့ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေတဲ့ Action on Smoking and Health pressure
group (အေအက်စ် အိပ်ချ်) အမှုဆောင်အရာရှိချုပ် Deboirah Arnottက အီလက်ထရွန်းနစ်ဆေး
လိပ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့အချက်အလက်တွေ မရှိသေးပါ ဘူး
လို့ သတိပေးပြောကြားထားပြီး ဆေးလိပ် ကုမ္ပဏီတွေဟာ အီလက်ထရွန်းနစ် စီးကရက် ထုတ်လုပ်
တဲ့ ကုမ္ပဏီတွေကို အလုအယက် သိမ်းကျုံးဝယ်ယူနေကြတယ်ဆိုတဲ့ အချက် ကိုလည်း သူက
ထောက်ပြပြောဆိုခဲ့ပါတယ်။
"အီလက်ထရွန်းနစ် ဆေးလိပ်မှာ သိသာ ထင်ရှားတဲ့ အလားအလာကောင်းတွေရှိတယ် လို့
အေအက်စ်အိပ်ချ်က ယူဆထားပါတယ်။ဒါတွေက ဆေးလိပ်ထက်စာရင် ဘေးပိုကင်းပါ တယ်" လို့
သူက အေအက်ဖ်ပီကို ပြောပါတယ်။ ဒါပေမဲ့ "အလေးအနက်ထား စဉ်းစားစရာအချက်တစ်ချက်
ရှိပါတယ်။
အဲဒါကတော့ အီလက်ထရွန်းနစ်ဆေးလိပ်ရဲ့ ဘေးကင်းမှုနဲ့ အကျိုးသက်ရောက်မှုတွေကို ကြိုတင်
ခန့်မှန်းလို့ မရတဲ့အတွက် အာမခံချက် မရှိပါဘူး" လို့ သူက ပြောပါတယ်။
"ဆေးလိပ်ကုမ္ပဏီတွေဟာ ဈေးကွက်သစ် ကို စတင်ပြောင်းလာနေကြပါပြီ။ သူတို့အတွက် ကတော့
အီလက်ထရွန်းနစ်ဆေးလိပ်ရဲ့ အလား အလာဟာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဘာဖြစ်လို့လဲ
ဆိုတော့ လူတိုင်းက အီလက်ထရွန်းနစ်ဆေးလိပ်ကို ပြောင်းသုံးလာကြရင် သူတို့ရဲ့ ဆေးလိပ်ဈေး
ကွက် ပျက်သွားနိုင်တဲ့ အတွက် သူတို့တွေ အီလက်ထရွန်းနစ်ဈေးကွက် ထဲ ရောက်နှင့်နေကြဖို့ လို
ပါတယ်။အီလက် ထရွန်းနစ်ဆေးလိပ်ကုမ္ပဏီကြီး တော်တော် များများကို သူတို့ သိမ်းကျုံးဝယ်ထား
ပြီးကြပြီး ပါပြီ" လို့ သူက ရှင်းပြပါတယ်။
ဒါ့ပြင် သူက " တကယ်လို့ အီလက်ထရွန်းနစ် ဆေးလိပ်မှာ ကင်ဆာဖြစ်စေနိုင်တဲ့အလားအလာတွေ
ရှိတယ်ဆိုရင်လည်း ချက်ချင်းကြီး သိရဦးမှာ မဟုတ်သေးပါဘူး။ ၁၀ နှစ်၊ ၁၅ နှစ်၊ နှစ် ၂၀ လောက်မှ
သိသာလာမှာပါ" လို့ သတိပေး ပြောကြားထားပါတယ်။
"အီလက်ထရွန်းနစ်ဆေးလိပ်ရဲ့ တိုးတက်မှုကတော့ သိပ္ပံနည်းပညာထက်ကို ရှေ့ရောက် လွန်းနေ
ပါတယ်" လို့လည်း သူက ပြောပါတယ်။ ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးနှင့် ဆေးလိပ်စွဲခြင်းဆိုင်
ရာ အကြံပေး Jacques Le Houezec က အီလက်ထရွန်းနစ်ဆေးလိပ် မှာ ဘေးဥပဒ်ဖြစ်စေနိုင်
တဲ့ အရာတချို့ပါ၀င်ပေ မယ့်လည်း သူ့ရဲ့ အဆိပ်ဖြစ်စေတဲ့နှုန်းထားဟာ ဆေးလိပ်ထက် ကိုးဆက
နေ အဆ ၄၅၀ လောက်အထိ လျော့နည်းပါတယ်လို့ ဆွေးနွေး ပွဲတက်ရောက်လာသူတွေကို ပြော
ပါတယ်။
နီကိုတင်းဓာတ်ကို ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုခွင့်ရထားတဲ့ နှုန်းထားအတိုင်း အီလက် ထရွန်းနစ်
ဆေးလိပ်အတွက် ဆေးရည်တွေကို ထုတ်လုပ်တဲ့ အင်္ဂလန်ကုမ္ပဏီ Liberty Flights ရဲ့ ဒါရိုက်တာ
မက်သယူးမော်ဒန်က ၂၀၀၉ ခုနှစ် ကစပြီး ၀န်ထမ်းသုံးယောက်နဲ့ အွန်လိုင်း လက်လီအရောင်းအဖြစ်
စတင်ခဲ့တဲ့ သူ့လုပ်ငန်း ဟာ ၀ယ်လိုအားတွေ ဆတိုးတက်လာတဲ့ အတွက် အခုအချိန်မှာ ၀န်ထမ်း
၇၅ ယောက် အထိ ရှိလာပြီး ဆိုင်ခွဲ ၁၀ ခုအထိ တိုးချဲ့ဖွင့်လှစ် ထားတယ်လို့ ပြောပါတယ်။
ဆေးရည်ပါ အီလက်ထရွန်းနစ်ဆေးလိပ်တစ်ခုကို ၂၅ ပေါင် (ဒေါ်လာ ၄၀၊ ယူရို ၃၀) နဲ့ ရောင်းချပေး
နေပြီး ဆေးရည်ထပ်ဖြည့်ချင်တယ်ဆိုရင်တော့ ၁၀ မီလီလီတာပါ ဆေးရည် တစ်ဘူးကို လေး ဒသမ
၈၅ ပေါင် ပေးရပါတယ်။
အီလက်ထရွန်းနစ်ဆေးလိပ်သောက်သူတစ်ဦး ဟာ ပျမ်းမျှတစ်ရက်ကို ဆေးရည် တစ်မီလီ လီတာ
ကနေ သုံးမီလီလီတာအထိ အသုံးပြုလေ့ရှိတယ်လို့ သူက ပြောပြပါတယ်။
"ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ အီလက်ထရွန်းနစ်ဆေးလိပ်ကို ဆေးလိပ်ဖြတ်တဲ့ ပစ္စည်း
တစ်ခုအနေနဲ့ အသုံးပြုကြပါတယ်" လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။
"စည်းမျဉ်းသတ်မှတ်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ဘာတွေရောင်းချ ပေးနေ
လဲ၊အဲဒါက ဘယ်လောက် ဘေးကင်းမှု ရှိလဲ၊ ဘယ်ကလာတာလဲ ဆိုတာတွေနဲ့ ပတ်သက် ပြီး ပွင့်
လင်းမြင်သာမှုရှိဖို့ လိုပါတယ်" လို့ သူက ပြောပါတယ်။ အီလက်ထရွန်းနစ်ဆေးလိပ်ဆေးရည်ကို
ပရုတ်နဲ့ သစ်သီးအရသာအပါအဝင် အရသာ အမျိုးမျိုးနဲ့ ရနိုင်ပါတယ်။
"နောက် ၁၀ နှစ်ကနေ အနှစ် ၂၀ လောက်ဆို ရင် နီကိုတင်းကိုလူတွေဘယ်လို အသုံးပြုသင့် သလဲ။
ဘယ်လို သဘောထားသင့်သလဲနဲ့ လူ့ခန္ဓာ ကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်စေသလဲ စတာ
တွေနဲ့ ပတ်သက်ပြီး ကဖိန်းဓာတ်လိုပဲ မြင်လာကြမယ်ထင်ပါတယ်" လို့ မော်ဒန်က ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဝေဖန်ပြော ကြားသူ Clive Bates က လက်ရှိ စည်းမျဉ်းလေး တွေဟာ
ဆေးလိပ်ဈေးကွက်အတွင်းမှာ အလျင်အမြန် တိုးတက်ပြောင်လဲမှုတွေ ဖြစ်ပေါ်စေပြီး အီလက်ထရွန်း
နစ်ဆေးလိပ်ကတော့ တတိယ မျိုးဆက်ပါပဲလို့ ပြောပါတယ်။
"ဒါတွေအားလုံးကို စည်းမျဉ်းတွေ ကန့်သတ် ပြီး နှိပ်ကွပ်မယ်ဆိုရင်လည်း ..ဆေးလိပ်၊ဆေးတံနဲ့
ဆေးရွက်ကြီး ထုတ်လုပ်တဲ့သူတွေကတော့ တစ်နည်းနည်းနဲ့ စွန့်စားကြမှာပဲ။ ဒါက ရုန်းမထွက်နိုင်
တဲ့အနှောင်အဖွဲ့တစ်ခုပါပဲ" လို့ ဆွေးနွေးပွဲ တက်ရောက်လာသူတစ်ဦး က အေအက်ဖ်ပီကိုပြောပါ
တယ်။
(အေအက်ဖ်ပီ)

















