ဘီဘီစီသတင်း များမိုဘိုင်းဖုန်း မက်ဆေ့ချ်မှ တစ်ဆင့် ဖတ်နိုင်ပြီ

ဘီဘီစီသတင်း များမိုဘိုင်းဖုန်း မက်ဆေ့ချ်မှ တစ်ဆင့် ဖတ်နိုင်ပြီ

ဘီဘီစီသတင်းများကို မြန်မာ ဘာသာဖြင့် မိုဘိုင်းဖုန်းမက်ဆေ့ချ် မှ တစ်ဆင့်ဖတ်ရှုနိုင်ရန်အတွက်
Blue Ocean ကုမ္မဏီက ယခုလ ၁၄ ရက်နေ့မှ စတင်ဝန်ဆောင်မှု ပေးနေသည်။ သတင်းများဖတ်
နိုင်ရန်အတွက် မိုဘိုင်းဖုန်းများတွင် မြန်မာစာရှိရန်လိုအပ်ပြီး တစ်နေ့နှစ်ကြိမ် စာတိုမှတစ်ဆင့်ပေးပို့
ပေးမည်ဖြစ်ကြောင်း Assistant Business Manager ဦးရဲမြတ်အောင်က ပြောသည်။

"ကျွန်တော်တို့ တစ်ရက်ကို ၀န်ဆောင်ခအနေနဲ့ ကျပ် ၆၀ ကောက်ပါတယ်။ တစ်နေ့ကိုနှစ် ကြိမ်ပို့ပေး
ပါတယ်။ နံနက် ၈ နာရီမှတစ်ကြိမ် ညနေ ၆ နာရီမှာ တစ်ကြိမ် ပို့ပါတယ်။ တစ်ကြိမ်မှာ နှစ်စောင်ပို့ပါ
တယ်။ မနက်နှစ်စောင် ညနေနှစ်စောင် ပို့ပေးပါတယ်။ တစ်နေ့ကို လေးစောင်ပို့ပေးပါတယ်။ ပို့တဲ့
မက်ဆေ့ချ်ကလည်း မြန်မာလို ပဲ ပို့တဲ့အတွက် ဖုန်းမှာတော့ မြန်မာဖောင့်ရှိဖို့တော့ လိုပါတယ်" ဟု
၎င်းက ပြောသည်။

"ဦးစားပေးကတော့ ပြည်တွင်း သတင်းတွေကို ပို့ပေးသွားမှာပါ။ ကျန်တာကတော့ နိုင်ငံတကာ
သတင်း၊ အားကစာသတင်း၊ ဖျော်ဖြေရေးသတင်းများကို ပို့ပေး သွား မှာပါ။ သတင်းကတော့ မနက်
နှစ်ပုဒ်၊ ညနေနှစ်ပုဒ် တစ်နေ့ ကို သတင်းလေးပုဒ်ဖတ်ရမယ်။ တကယ်လို့ ပြည်တွင်းသတင်းတွေ
ကများနေမယ်ဆိုရင် ပြည်တွင်း သတင်းကြီးပဲ နှစ်ပုဒ်၊ ပြည်တွင်းသတင်းနည်းမယ်ဆိုရင် ပြည်တွင်း
သတင်းတစ်ပုဒ် ပြည်ပသတင်း တစ်ပုဒ်အဲလို ပို့သွားမှာပါ" ဟု ၎င်း ကပြောသည်။

ဖတ်ရှုလိုပါက မက်ဆေ့ချ် နံပါတ် ၁၈၈၃၃၃ သို့ bbcnews ဆိုသည့် စာရိုက်ထည့်ပြီး မှတ်ပုံတင်နိုင်
သလို ဆက်လက်သုံးစွဲရန် ဆန္ဒမရှိတော့ပါက Customer Hotline နံပါတ် ၀၁ ၂၃၉၉၁၈၈ သို့
ဆက်သွယ်၍ ၀န်ဆောင်မှုကို ရုပ်သိမ်းနိုင်သည်။

ဘီဘီစီသတင်းများကိုလည်းမိုဘိုင်း ဖုန်းများတွင်အသံဖြင့် နားထောင် နိုင်သည့်ဝန်ဆောင်မှုကို
ဆက်လက်ဝန်ဆောင်မှုပေးနေကြောင်းလည်းသိရသည်။ အသံဖြင့်နားထောင်နိုင် သည့်ဝန်ဆောင်မှု
ကိုအသုံးပြုသူ နှစ်သောင်း ခွဲဝန်ကျင်ရှိပြီးလက်ရှိမက်ဆေ့ချ်ဖြင့် ဘီဘီစီသတင်း များကို ဖတ်ရှုနိုင်
သည့် ၀န်ဆောင် မှုကိုသုံးစွဲသူဦးရေ တစ်ထောင်ကျော် ၀န်းကျင်ရှိကြောင်း ဦးရဲမြတ်အောင် က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်