အင်တာနက် အချက်အလက်ရှာဖွေရေး ပရိုဂရမ် ဘိုင်ဒူကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲခံရ

အင်တာနက် အချက်အလက်ရှာဖွေရေး ပရိုဂရမ် ဘိုင်ဒူကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲခံရ

ဟောလိ၀ုဒ်က ထောက်ခံပေးထားသည့် တရုတ်အင်တာနက်ကုမ္ပဏီကြီးနှစ်ခု သည် အာရှရှိ
အင်တာနက်အချက် အလက်ရှာဖွေရေးပရိုဂရမ် Baidu(ဘိုင်ဒူ) ကို မူပိုင်ခွင့်ချိုးဖောက်မှုများ
အများအပြားရှိရာ တရုတ်နိုင်ငံတွင် ရှားပါးသည့် ပြည်တွင်းတရားစွဲဆိုမှု တစ်ခုဖြစ်သည့် မူပိုင်ခွင့်
ချိုးဖောက် မှုဖြင့် တရားစွဲဆိုထားသည်ဟု အဆိုပါ ကုမ္ပဏီများက ယခုလ ၁၃ ရက်နေ့က ထုတ်ပြန်
ထားသည်။

၀က်ပေါ်တယ်လ် Sohu နှင့် အွန်လိုင်း ဗီဒီယိုကုမ္ပဏီ Youku Tudou တို့က ဘိုင်ဒူသည် ခွင့်ပြုချက်
မပါသည့် ဇာတ်လမ်းနှင့် အကြောင်းအရာများ ကို အွန်လိုင်းတွင် သုံးစွဲသူများအတွက် ပေးထားခြင်း
ဖြင့် ၎င်းတို့၏ မူပိုင်ခွင့် များကို အကြီးအကျယ်ချိုးဖောက်ထား သည်ဟုဆိုကာ ဘိုင်ဒူထံမှ နစ်နာကြေး
ယွမ်သန်း ၃၀၀ (ဒေါ်လာ ၄၉ သန်း) တောင်းခံထားသည်။

"သူခိုးတွေနဲ့ ဓားပြတွေအတွက် အခွင့်အလမ်းတွေရှိနေတဲ့ နေရာမျိုး ဖြစ်နေတဲ့အတွက် ကျွန်တော်
တို့ဆက် ပြီး မယှဉ်နိုင်ပါဘူး။ ဥပဒေကို လိုက်နာ တဲ့ ကုမ္ပဏီတွေဟာ ဒါကို မကျော်လွှား နိုင်ကြပါ
ဘူး" လို့ Sohu အုပ်စု ဥက္ကဋ္ဌ နှင့် စီအီးအို Charles Zhang က ထုတ်ပြန်ချက်တစ်ခုတွင်ပြောသည်။

"တကယ်လို့ ဒီလိုတွေသာ ဆက်ဖြစ် နေမယ်ဆိုရင် ဒီကဏ္ဍမှာ ဘယ်သူမှ ဆက်ပြီး ရင်းနှီးမြှုပ်နှံချင်
ကြတော့မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ အွန်လိုင်း ဗီဒီယိုလုပ်ငန်းလည်း ခိုးကူးဒဏ် ကြောင့် ပျက်
စီးနေတဲ့ ဂီတလုပ်ငန်းလို ပဲ အလားတူဆိုးရွားတဲ့ အခြေအနေမျိုး တွေ ရင်ဆိုင်ရတော့မှာပါ" ဟု
၎င်းက ထပ်လောင်း ပြောကြားထားသည်။

အဆိုပါ ကြိုးပမ်းမှုကို တရုတ် အင်တာနက်ကုမ္ပဏီကြီး Tencent, Wanda ရုပ်ရှင်ထုတ်လုပ်ရေးနှင့်
Huayi Brothers ရုပ်သံထုတ်လုပ်ရေး ကဲ့သို့ပင် အမေရိကန်ရုပ်ရှင်လုပ်ငန်း အသင်းကလည်း
ထောက်ခံခဲ့ကြသည်။

သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဘိုင်ဒူက ၎င်း၏ မူပိုင်ခွင့်ချိုးဖောက်မှု ဆန့်ကျင်ရေးစီမံချက်ကို
ထုတ်ဖော် ပြောကြားခြင်းဖြင့် တရားစွဲဆိုမှုကို ချေပ ပြောဆိုထားသည်။ ဘိုင်ဒူသည် တရား ၀င်ခွင့်
ပြုချက်မပါသည့်အကြောင်း အရာများကို အလိုအလျောက်စစ်ဆေး ပေးသည့် စနစ်ဖြင့် ရွေးချယ်
စစ်ထုတ် ပေးလျက်ရှိပြီး ခွင့်ပြုချက်မပါသည့် အကြောင်းအရာများကို သုံးစွဲသူများ ရယူအသုံးပြု
နေစဉ် ၂၄ နာရီအတွင်း ဖျက်ချရန်လည်း စီစဉ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ဘာသာဖြင့် ရေးသားထား သည့် သတင်းထုတ်ပြန်ချက်တွင် "ခိုးကူးမှုဟာ နိုင်ငံတွင်း ဗီဒီယို
လုပ်ငန်း မှာ အခက်ခဲဆုံးပြဿနာတစ်ရပ်ပါ။ ရှေ့အနာဂတ်တွင်လည်း ဘိုင်ဒူသည် တရားဝင် ဗီဒီယို
လုပ်ငန်းများ ပေါ်ပေါက် ရေးအတွက် အထောက်အပံ့ပေးရန် ကြိုးပမ်းမှုကို အရှိန်အဟုန်မြှင့်ဆောင်
ရွက်ရန် ဆက်လက်ကြိုးပမ်းသွားမည်"ဟုလည်း ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ သည့် ဘိုင်ဒူသည် ယခုနှစ် ပထမသုံးလ ပတ်တွင် တရုတ်နိုင်ငံ
အွန်လိုင်းအချက် အလက်ရှာဖွေရေးပရိုဂရမ်ဈေးကွက် ၏ ၈၀ ရာခိုင်နှုန်းကျော် ရရှိထားကြောင်း ဈေး
ကွက်သုတေသနကုမ္ပဏီ ငျွနျနေ မခ့ က မကြာသေးခင်က ထုတ်ပြန်ခဲ့ သည့် အစီရင်ခံစာအရ သိရ
သည်။

ပြီးခဲ့သည့်လများတွင် တရုတ်နိုင်ငံ မိုဘိုင်းအင်တာနက်ဈေးကွက်ရှိ ၎င်း၏ အနေအထားကို ပိုမိုခိုင်မာ
အောင်ပြု လုပ်ခဲ့သော်လည်း "ဘိုင်ဒူသည် အချက် အလက်ရှာဖွေရေးဝန်ဆောင်မှု နယ် ပယ်ထက်
ကျော်လွန်နေသည့် ဆောင်ရွက်ချက်များ ပြုလုပ်ပေးနေပြီး ခွင့်ပြု ချက်မရှိသည့် အကြောင်းအရာ
များကို ဖြန့်ပေးနေသည်" ဟု အွန်လိုင်းဗီဒီယို ကုမ္ပဏီကြီးများ၏ စွပ်စွဲပြောဆိုမှုများ နှင့် ရင်ဆိုင်နေ
ရသည်။

ဘိုင်ဒူသည် သုံးစွဲသူများအား တိုက် ရိုက်ဆက်သွယ်နိုင်သည့် လင့်ခ်များပေး ထားခြင်းဖြင့် ၎င်းတို့၏
စီးပွားရေးကို ထိခိုက်နစ်နာအောင် ပြုလုပ်နေသည်ဟု ပူးတွဲကြေညာချက်တစ်ရပ်တွင် ဗီဒီယို နှင့် ရုပ်
ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီး များက စွပ်စွဲထားသည်။ ထို့ပြင် ဘိုင်ဒူသည် တရားမဝင်အွန်လိုင်းဗီဒီယို
၀က်ဘ်ဆိုက်များနှင့် ကြော်ငြာဝင်ငွေ ခွဲဝေရယူရေးသဘောတူညီမှုမှလည်း အကျိုးအမြတ်များ ရရှိ
နေသည်ဟုလည်း စွပ်စွဲထားသည်။

"ဒါက နည်းပညာတစ်ခုပါ။ ဒါပေမဲ့ ဘိုင်ဒူရဲ့ လုပ်ရပ်ဟာ ၁၀၀ ရာခိုင်နှုန်း မူပိုင်ခွင့်ချိုးဖောက်နေတယ်
ဆိုတာ လူတွေကို ကျွန်တော်တို့ ရှင်းပြဖို့ လိုပါ တယ်"ဟု Zhang က အေအက်ဖ်ပီကို ပြောသည်။
ထို့ပြင် အကယ်၍ အဆိုပါ အနေအထားအတိုင်း ဆက်သွားနေပါ က အွန်လိုင်းဗီဒီယိုလုပ်ငန်းလည်း
လုံးဝပျက်စီးသွားနိုင်သည်ဟုလည်း ၎င်းက ပြောကြားသည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်