အားကစားသမားများ နိုင်ငံခြားသို့ ဖုန်း အခမဲ့ခေါ်ဆိုနိုင်ရန် ၀န်ဆောင်မှုပေးမည်

အားကစားသမားများ နိုင်ငံခြားသို့ ဖုန်း အခမဲ့ခေါ်ဆိုနိုင်ရန် ၀န်ဆောင်မှုပေးမည်

မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစား
ပြိုင်ပွဲတွင် အားကစားသမားများ မိမိတို့ သက်ဆိုင် ရာနိုင်ငံများသို့ အဆက်အသွယ်ရှိစေ ရန် VMG
Telecom ကုမ္ပဏီက နိုင်ငံ ခြားသို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် ၀န်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်း
ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဦးခမ်းအောင်က ပြောသည်။

"ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိကျင်းပမယ့် ၂၇ ကြိမ် မြောက်အရှေ့တောင်အာရှ
အားကစား ပြိုင်ပွဲကလည်း အရမ်းလည်းအရေးကြီး ပါတယ်။ ဒါလည်း နိုင်ငံတော်ရဲ့ လုပ်ရှား မှုကြီး
ကို အရှိန်အဟုန်နဲ့လုပ်နေတဲ့ကာလမှာ ့အေူု က ကဏ္ဍတစ်ခုအဖြစ် လုပ်ဆောင်နိုင်ရန် စဉ်းစားခဲ့ပါ
တယ်။ ဆီးဂိမ်းကာလအတွင်းမှာ လာရောက် ယှဉ်ပြိုင်ကြတဲ့ အာဆီယံအားကစား သမား ပေါင်း
ငါးသောင်းကျော်ဆိုတာ မနည်းပါဘူး။ ကစားမည့်ပြိုင်ပွဲတွေ ကလည်း ၃၅ မျိုးရှိပြီး အဲဒီပြိုင်ပွဲတွေ
ကို ကျင်းပတဲ့ နေရာတွေကလည်းမတူဘူး။ အဲဒါကြောင့်မြန်မာနိုင်ငံမှာ လာရောက် ယှဉ်ပြိုင်ကြ
မယ့် အားကစားသမားတွေ အတွက် သူတို့မိသားစုနဲ့ အဆက် အသွယ်မပြတ်အောင် ကျွန်တော်
တို့ Ytalk ကနေ သူတို့ရဲ့ မိသားစုတွေ သူတို့ရဲ့ နိုင်ငံကို ဖုန်းခေါ်ဆိုနိုင်ဖို့ Free Call ကိုလည်း
စီစဉ်ပေးထားပါတယ်"ဟု ဦးခမ်းအောင်က ပြောသည်။

မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ ဦးမျိုး ဇော်မင်းက "အခုလို ပြည်ပအားကစားသမားတွေအတွက်
ဆက်သွယ်ရေးကောင်းအောင် လုပ်ပေးတယ်ဆိုတာ ကောင်းပါတယ်။ ဒီမှာဘာတွေလုပ် တယ်။
ဘယ်လိုတွေ ပြိုင်ရတယ်ဆိုတာ တွေကို သူတို့နိုင်ငံကိုပြန်ပြီး ဆက်သွယ် ပြီး ပြောလို့ရတယ်။
ကျွန်တော်တို့လည်း တခြားနိုင်ငံတွေကိုသွားရင် ကိုယ့်နိုင်ငံ ကို ဆက်သွယ်ပြီးပြောရတာပဲ။

အခုလို ၀န်ဆောင်မှုပေးတာ ကောင်းပါတယ်" ဟု ပြောသည်။ အဆိုပါ၀န်ဆောင်မှုပေးရန်ကိုလည်း
အားကစားဝန်ကြီးဌာန၏ သဘောတူညီ မှုကိုလည်း ရရှိထားပြီးဖြစ်ကြောင်း ဦးခမ်း အောင်ကပြော
သည်။

"ကျွန်တော်တို့အနေနဲ့ နိုင်ငံတော် ရဲ့လှုပ်ရှားမှုများထဲမှာ တစ်ခုအနေနဲ့ ပါ၀င်ပြီး ၀န်ဆောင်မှုပေးရ
တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဘယ်ဆီးဂိမ်းမှာမှ အခမဲ့ဆိုတဲ့ ၀န်ဆောင်မှုပေးတာမျိုး ကို မတွေ့ဖူး
ပါဘူး" ဟု ဦးခမ်းအောင် က ပြောသည်။

ပြည်ပအားကစားသမားများ သာမက အားကစားသမားများ၏ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ
ဒိုင်လူကြီးများကို စာရင်းကောက်ခံပြီး ၀န်ဆောင်မှုများ ပေးသွားဖြစ်ခါ ဖုန်းခေါ်ဆိုဆက်သွယ်ရာ
တွင်လည်း မိနစ်အကန့်အသတ်မရှိကြောင်းသိရသည်။ ဖုန်းခေါ်ဆိုနိုင်မည့် Y-talk ဖုန်းစင်တာများ
ကို အားကစား ၀န်ကြီးဌာနမှ ချပေးထားသည့်နေရာများတွင်ထားရှိသွားမည် ဖြစ်သည်။

ပြည်ပအားကစားသမားများအနေနှင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ဖုန်းခေါ်ဆို ရန် အခက်အခဲများရှိနိုင်
သည့်အတွက် ၀န်ဆောင်မှုပေးခြင်းဖြစ်ကြောင်းသိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်