ထိပ်ပြောင်တဲ့သူဖြစ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသလား။ ဂျပန်နိုင်ငံကထုတ်လုပ်လိုက် တဲ့
စမတ်ဆံပင်တုကတော့ လိုအပ်ချက်ကို ဖြည့် ဆည်းကောင်း ဖြည့်ဆည်းပေးနိုင်မှာပါ။ ၀တ်ဆင်
ထားသူရဲ့ စိတ်ကူးကို သိနိုင်ပြီး သွားလိုတဲ့နေရာကို ဂျီပီအက်စ်နဲ့ လမ်းညွှန်ပေးနိုင်တဲ့ စမတ်ဆံပင်
တုဟာ ၀တ်ဆင်လို့ရတဲ့ ကွန်ပျူတာပစ္စည်းတွေထဲမှာ နောက်ဆုံးပါ၀င် လာတဲ့ ပစ္စည်းပါ။
ရယ်စရာအကောင်းဆုံး ပစ္စည်း လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နားကြပ်ကက်ဆက်၊
အိတ်ဆောင်ဂဏန်း တွက်စက်၊ ပေါင်မုန့်မီးကင်စက်စတဲ့ ပစ္စည်းတွေ နဲ့ ကမ္ဘာကြီးကို အပြောင်း
အလဲတွေဖန်တီးပေးခဲ့ တဲ့ ဂျပန်နိုင်ငံဟာ အခုတော့ နည်းပညာသုံး ဆံပင်တုကို ဖန်တီးပေးလိုက်
ပြန်ပါပြီ။
ဆံပင်မပေါက်တော့လို့ စိတ်ပျက်နေရတဲ့ သူတွေရဲ့ဘဝမှာ ပိုပြီးအဆင်ပြေချောမွေ့စေ ဖို့အတွက်
အထူးစီစဉ်ထုတ်လုပ်ပေးထားတဲ့ ဆံပင်တုတွေကို အမျိုးအစားသုံးမျိုး ထုတ်လုပ် ပေးထားပါတယ်။
Presentation Wig အမျိုးအစား ဆံပင်တု ကို ၀တ်ဆင်ထားတဲ့သူတွေဟာ သူတို့နဲ့ တခြားစီ ဖြစ်
နေတဲ့ လေဆာညွှန်တံကို သူတို့ရဲ့ ဆံပင်တု ကနေ လှမ်းပြီးထိန်းချုပ်တာမျိုး လုပ်နိုင်မှာပါ။ ညာ
ဘက်နားသယ်စပ်ကဆံပင်ကို ဆွဲလိုက်ရင် ပါ၀ါပွိုင့်ဆလိုက်ရှိုးကို ရှေ့ဆက်သွားစေပြီး ဘယ်ဘက်
နားသယ်စပ်က ဆံပင်ကို ဆွဲလိုက် ရင် နောက်ပြန်ဆုတ်သွားစေပါတယ်။
Navigation Wigt-အမျိုးအစား ဆံပင်တုမှာ တော့ ၀တ်ဆင်ထားသူရဲ့ ဦးခေါင်းအနှံ့က တုန်ခါ မှု
လေးတွေအရ ဆက်သွယ်ရေးဂြိုဟ်တုတွေ ဆီ စကားပြောနိုင်ပြီး သူတို့သွားလိုတဲ့နေရာကို
လမ်းညွှန်ပေးဖို့အတွက် ဂျီပီအက်စ်ကို အသုံးပြု ထားပါတယ်။
Sensing Wigအမျိုးအစား ဆံပင်တုက တော့ ခန္ဓာကိုယ်အပူုချိန်၊ သွေးပေါင်ချိန်နဲ့ ဦးနှောက်အတွင်း
က အချက်ပြမှုတွေကို စောင့်ကြည့်ပေးသလို အသံတွေနဲ့ ရုပ်ပုံတွေကိုလည်း မှတ်ထားပေးပါတယ်။
ဒါကတော့ ၀တ်ဆင်ထား သူရဲ့ တစ်နေ့တာ အဖြစ်အပျက်တွေကို ပြန်လည် သုံးသပ်လို့ရစေသလို
ဘယ်ဖြစ်ရပ်က စိတ်လှုပ် ရှားမှုကို ဖြစ်စေသလဲဆိုတာသိရအောင် ပြန်လည် ဆန်းစစ်နိုင်ပါတယ်။
"ကွန်ပျူတာစနစ်ပါ မျက်မှန်၊ အဝတ်အစား၊ ရှူးဖိနပ်စသဖြင့် ၀တ်ဆင်လို့ရတဲ့ ကွန်ပျူတာ ပစ္စည်း
တွေ အမျိုးမျိုးရှိပါတယ်။ဒါပေမဲ့ ဒီပစ္စည်း အများစုကို သာမန်သုံးပစ္စည်းအဖြစ် မမြင်ကြ သလို
လူကြိုက်များတာမျိုးလည်း မရှိပါဘူး" လို့ ပြီးခဲ့တဲ့နှစ်မှာ ထုတ်ခဲ့တဲ့ အက်ဆေးတစ်ပုဒ်မှာ ပရိုဂရမ်
ရေးတဲ့သူတွေက ပြောထားပါတယ်။
"သေချာတဲ့ အကြောင်းရင်းတစ်ချက်က တော့ စတိုင်ကြောင့်ပဲလို့ ကျွန်တော်တို့ ထင်ပါ တယ်။
ဒီပစ္စည်းတွေကို လုပ်ဆောင်ချက်ကို အဓိကထားပြီး ထုတ်လုပ်ထားတာပါ။ စတိုင်မရှိဘူးလေ" လို
့ ဟီရိုကီတိုဘီတာနဲ့ တာကူယကူဇီ တိုက ပြောပါတယ်။ "စမတ်ဆံပင်တုရဲ့ ရည်ရွယ်ချက်ကတော့
သဘာဝလည်းကျပြီး လက်တွေ့အသုံးဝင်တဲ့ ကွန်ပျူတာပစ္စည်းလည်း ဖြစ်ရမယ်ဆိုတဲ့ အချက်ပါ"
လို့ သူတို့က ပြောပါတယ်။
ဆံပင်တု က ဆံပင်သားတွေဟာ ဆံပင်အစစ်ကနေ လုပ်ထားတာလည်းဖြစ်နိုင်တဲ့ သူတို့ရဲ့
'သဘာဝကျ တယ်ဆိုတဲ့' ဖန်တီးမှုဟာ ၀ယ်လက်တွေအတွက် မက်လုံးလည်း ဖြစ်နိုင်ပါတယ်။
ဆိုနီကုမ္ပဏီဟာ စမတ်ဆံပင်တုကို စီးပွားဖြစ် ထုတ်လုပ်ဖို့ လက်ရှိမှာ အစီအစဉ်မရှိပေမယ့် လည်း
စမတ်ဆံပင်တုနဲ့ပတ်သက်ပြီး ဥရောပ သမဂ္ဂနဲ့ အမေရိကန်နိုင်ငံမှာ မူပိုင်ခွင့်တင်ထားပါတယ်လို့
ဆိုနီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ လ ၂၈ ရက်နေ့မှာ ပြောပါတယ်။ ဆိုနီကုမ္ပဏီဟာ ပုံတူအခိုး
ခံရဆုံး နားကြပ် ကက်ဆက်တွေနဲ့ ထူးထူးခြားခြား အောင်မြင်မှုရ ခဲ့ပေမယ့် သူ့ရဲ့အဓိကစီးပွားရေး
ဖြစ်တဲ့ အီလက် ထရွန်းနစ်ပစ္စည်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့ တဲ့နှစ်တွေအတွင်းမှာ ရင်ဆိုင်ဖြေရှင်း
နေခဲ့ရ ပြီး ထူးထူးခြားခြားအောင်မြင်မှုရတဲ့ ပစ္စည်းတွေ မထုတ်လုပ်နိုင်ခဲ့ပါဘူး။
ကုမ္ပဏီရဲ့ ဒုတိယမျိုးဆက် စမတ်လက်ပတ်နာရီအပါအဝင် ၀တ်ဆင်လို့ရတဲ့ ကွန်ပျူတာပစ္စည်း
ထုတ်လုပ်ရေးတွေမှာ ပုံပြီးရင်းနှီးမြှုပ်နှံ ထားပါတယ်လို့ ဆိုနီရဲ့ အမှုဆောင်အရာရှိချုပ် ကာဇူအို
ဟီရာအီက ပြီးခဲ့တဲ့လမှာ ပြည်တွင်းသတင်းစာတွေကို ပြောကြားခဲ့ပါတယ်။
ဆိုနီရဲ့ပြိုင်ဘက် တောင်ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်းအီလက်ထရွန်းနစ်ကလည်း စမတ်
လက်ပတ်နာရီကို ထုတ်လုပ်ရောင်းချပေးနေ သလို သုံးစွဲသူတွေအသည်းစွဲကုမ္ပဏီ အက်ပဲလ်
ကလည်း သူ့ရဲ့ iWatch ကို ထုတ်လုပ်ရောင်း ချပေးနေပါတယ်။
(အေအက်ဖ်ပီ)

















