Y-talk သုံးစွဲသူများအတွက် ဆော့ဖ်ဝဲအသစ်ဖြစ်သည့် Y-talk HD New Software ကို
အသုံးပြုနိုင်တော့မည် ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲတွင် အထူးကဏ္ဍအနေဖြင့် ဗေဒင်ကဏ္ဍ၊
ဘောလုံးကဏ္ဍ၊ လစဉ်ကံစမ်းမဲ၊ သတင်းကဏ္ဍ၊ စကားဝိုင်းများ၊ SMS (Messages) ပို့ရန်နှင့်
ငွေဖြည့်ရန်တို့ ပါ၀င်မည် ဖြစ်သည်။
ဗေဒင်ကဏ္ဍတွင် ဗေဒင်မေးရန်၊ တဲရော့ ဗေဒင်၊ ဂဏန်းဗေဒင်တို့ပါ၀င်ပြီး ဗေဒင်ပညာရှင် များနှင့်
ကိုယ်တိုင်တိုက်ရိုက်မေးမြန်နိုင် ကြောင်း VMG Telecoms ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာဦးဝဏ္ဏ
က ပြောသည်။
ဘောလုံးကဏ္ဍတွင် ဘောလုံးပွဲများ၏ နောက် ဆုံးရလဒ်များ၊ ဘောလုံးသတင်းများနှင့် ဘောလုံး
တိုက်ရိုက်ကြည့်ရှုမှု အစီအစဉ်ဟူ၍ရှိပြီး သုံးစွဲ သူများက မိမိကြိုက်နှစ်သက်သည့် အပိုင်းကို ရွေး
ချယ်ကြည့်ရှုနိုင်သည်။
လစဉ်ကံစမ်းမဲကဏ္ဍတွင်လည်း အဆိုပါဆော့ဝဲလ်ကို သုံးစွဲသူများအနေဖြင့် အကြိမ် အရေအတွက်
များများ ကံစမ်းနိုင်ပြီး ပေါက်မဲ များ ရယူနိုင်မည်ဖြစ်သည်။ သတင်းကဏ္ဍတွင် လည်း ပြည်တွင်း
ပြည်ပသတင်း၊ အနုပညာ သတင်း၊ အားကစားသတင်း၊ နည်းပညာသတင်း အစရှိသည်များကို
ဖတ်ရှုနိုင်မည်ဖြစ်သည်။
ထို့ပြင် စကားဝိုင်းကဏ္ဍတွင် တစ်ဦးချင်းစကားဝိုင်းနှင့် အဖွဲ့လိုက်စကားဝိုင်းများကိုလည်း ထည့်
သွင်းပေးထားသည်ဟု ဆိုသည်။ SMS (Messages ) များကိုလည်း ပြည်ပသို့ ဈေးနှုန်းချိုသာစွာ
ပို့နိုင်အောင် ဆောင်ရွက်ပေးထားကြောင်း ဦးဝဏ္ဏက ပြောသည်။
အဆိုပါ ဆော့ဖ်ဝဲကို ရယူလိုပါက www.ytalk.com.mm, www.facebook.com/
-vmgtelecoms, google play နှင့် Apple apps store များတွင် download လုပ်ယူနိုင်
ကြောင်း သိရသည်။
















