အမျိုးသားလုံခြံုရေးအေဂျင်စီရဲ့ စောင့်ကြည့်မှုကို တန်ပြန်ဖို့ မိုက်ခရိုဆော့ဖ်က လုံခြံုရေးမြှင့်တင်ဖို့ ကြိုးပမ်းနေ

အမျိုးသားလုံခြံုရေးအေဂျင်စီရဲ့ စောင့်ကြည့်မှုကို တန်ပြန်ဖို့ မိုက်ခရိုဆော့ဖ်က လုံခြံုရေးမြှင့်တင်ဖို့ ကြိုးပမ်းနေ

မိုက်ခရိုဆော့ဖ်ဟာ သူ့ရဲ့ကမ္ဘာ့ ဆက်သွယ်ရေးကွန်ရက်အတွင်းကို အမျိုးသားလုံခြံုရေးအေဂျင်စီ
(အင်န် အက်စ်အေ)က ဖောက်ထွင်းဝင်ရောက် နိုင်မှာကို စိုးရိမ်ပူပန်နေတဲ့ကြားမှာပဲ သူ့ရဲ့ အင်တာ
နက်ဆက်သွယ်ရေးလမ်း ကြောင်းမှာ စကားဝှက်ကုတ်ရေးပြီး လုံခြံုရေးမြှင့်တင်ထားဖို့ ကြိုးပမ်း
ဆောင် ရွက်နေပါတယ်လို့ မိုက်ခရိုဆော့ဖ်ရဲ့ စီမံကိန်းအသစ်နဲ့ ပတ်သက်ပြီး အတွင်း ကျကျသိတဲ့
သူတွေက ပြောပါတယ်။

ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက်နဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံ တွေရှိရာ ပြိုင်ဘက်
ကုမ္ပဏီကြီးနှစ်ခုဖြစ် တဲ့ ဂူးဂဲလ်နဲ့ ယာဟူးရဲ့ ကိုယ်ပိုင်ကွန်ရက် အတွင်းကို အင်န်အက်စ်အေက
ကြား ဖြတ်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်း တွေ ထွက်လာတဲ့အခါမှာ လပေါင်းများ စွာက ဖြစ်
တည်နေခဲ့တဲ့ မိုက်ခရိုဆော့ဖ် ရဲ့ သံသယဟာ အောက်တိုဘာလမှာ ပိုမိုခိုင်မာသွားပါတယ်လို့
မိုက်ခရိုဆော့ဖ်ရဲ့ ဆုံးဖြတ်ချက်ကို တိတိကျကျ သိရှိထားတဲ့သူတွေက ပြောပါတယ်။

မိုက်ခရိုဆော့ဖ်က စိုးရိမ်ပူပန်နေ တာဟာ ဖြစ်သင့်တယ်လို့ အင်န်အက်စ် အေရဲ့ ကန်ထရိုက်တာ
ဟောင်း အက်ဒ်ဝပ်စနိုးဒန်ဆီကရရှိတဲ့ အထောက်အထားတွေက ဖော်ပြနေပါတယ်။

ဂူးဂဲလ်နဲ့ယာဟူးနဲ့ ပတ်သက်တဲ့ သတင်း ကြားဖြတ်ရယူမှုတွေကို ဖော်ပြထားတဲ့ အရင်က
မပြဖြစ်ခဲ့တဲ့ ဆလိုက်ဒ်နှစ်ခု မှာ မိုက်ခရိုဆော့ဖ်ရဲ့ Hotmail နဲ့ Window Live Messenger
၀န်ဆောင်မှု တွေကိုလည်း ရည်ညွှန်းပြောဆိုတာမျိုး တွေ ပါ၀င် ပါတယ်။

မိုက်ခရိုဆော့ဖ် အရင်တုန်းက စီစဉ်ပေးခဲ့တဲ့ ၀က်ဘ် ဆိုက်အခြေခံဝန်ဆောင်မှုတစ်ခုဖြစ် တဲ့
Microsoft Passport ကို ၀ါရှင်တန် ပို့စ်က ပြီးခဲ့တဲ့လမှာ ပထမအကြိမ် ဖွင့်ချ ပေးခဲ့တဲ့
MUSCULAR လို့ခေါ်တဲ့ အလားတူ စောင့်ကြည့်ရေးစီမံချက်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်တစ်ခု
အဖြစ် အင်န်အက်စ်အေ သီးခြားအီးမေးလ်တစ်စောင်မှာ ဖော်ပြထားပါတယ်။

အင်န်အက်စ်အေဟာ မိုက်ခရို ဆော့ဖ်ကို ဒီလိုနည်းလမ်းနဲ့ စောင့်ကြည့် နေတယ်ဆိုတာကို
အတည်ပြုပေးနိုင် တဲ့ သီးခြားအထောက်အထားမျိုး သူတို့ မှာ မရှိပါဘူးလို့ မိုက်ခရိုဆော့ဖ်က
တာဝန်ရှိသူတွေက ပြောပေမယ့်လည်း အကျိုးဆောင်ရှေ့နေ ဘရဒ်စမစ်က ဒါက 'အရမ်းကို
စိတ်ပျက်စရာကောင်း' ပြီး သတင်းအချက်အလက်ကြား ဖြတ်ရ ယူတာ တကယ်ဟုတ်နေတယ်
ဆိုရင် ဒါဟာ အခြေခံဥပဒေကို ချိုးဖောက်တာပဲလို့ ပြောပါတယ်။

မိုက်ခရိုဆော့ဖ်ရဲ့ စာဝှက်နဲ့ ပြောင်း လဲရေးသားမယ့် ကြိုးပမ်းမှုဟာ တစ်ခါ က လျှို့ဝှက်ကိစ္စဖြစ်
ခဲ့တဲ့ အင်န်အက်စ် အေစီမံချက်တွေနဲ့ ပတ်သက်တဲ့ သတင်း တွေကို တုံ့ပြန်မှုပြုလုပ်တဲ့အနေနဲ့
နည်းပညာကုမ္ပဏီကြီးတွေရဲ့ ကာကွယ် ရေးအစီအစဉ်တွေကို ပိုမိုကောင်းမွန် အောင် ပြုလုပ်ရာ
မှာ မိုက်ခရိုဆော့ဖ်ကို ဂူးဂဲလ်၊ ယာဟူး၊ ဖေ့စ်ဘွတ်ခ်နဲ့ တခြား နည်းပညာကုမ္ပဏီကြီးတွေနဲ့အတူ
ပူးပေါင်းလုပ်ကိုင်ခွင့်ရစေမှာ ဖြစ်ပါတယ်။

စာဝှက်နဲ့ ပြောင်းလဲရေးသား မယ့်နည်းပညာကို အသုံးပြုခြင်းရဲ့ အကျိုးဆက်ကတော့ (အစိုးရ၊
ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဥပဒေချိုးဖောက်သူတွေ ရဲ့) စောင့်ကြည့်ရေးစီမံချက်တွေကို နှစ်အတော်
အတန် ခက်ခဲသွားစေလိမ့် မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါ တယ်။ အင်န်အက်စ်အေရဲ့
စောင့်ကြည့် ရေးအာဏာစက်ကို ထိန်းချုပ်ဖို့ ဥပဒေ ပြဋ္ဌာန်းမှုတချို့ ပြုလုပ်နေဆဲဖြစ်ပေမယ့်လည်း
ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ စာဝှက်နဲ့ ပြောင်းလဲရေးသားရေးနည်းပညာအသုံးပြုမှုကို ပိုမိုအားကိုး ဖို့
အားလုံးက ကြိုးပမ်းလာကြတာဟာ ၀ါရှင်တန်ပို့စ်နဲ့ ဗြိတိန်ရဲ့ ဂါးဒီးယန်းသတင်းစာကို စနိုးဒန်က
ပေးခဲ့တဲ့ အချက်အလက်တွေကို အခြေခံထားတဲ့ ထုတ်ဖော်ဖွင့်ချမှုတွေရဲ့ လက်ဆုပ် လက်ကိုင်
အပြနိုင်ဆုံးရလဒ်တွေ ဖြစ် ကောင်း ဖြစ်နိုင်ပါတယ်။

နောက်ထပ်အပြောင်းအလဲကြီး တစ်ခုကတော့ နည်းပညာကုမ္ပဏီကြီး တွေဟာ ဟက်ကာတွေ၊
ဥပဒေချိုးဖောက် သူ ဒါမှမဟုတ် ပြည်ပထောက်လှမ်းရေး အဖွဲ့တွေကို တိုက်ဖျက်ဖို့အပြင် အမေ
ရိကန်အစိုးရရဲ့ စောင့်ကြည့်ရေးအစီ အစဉ်တွေကိုပါ တန်ပြန်ဖို့အတွက် သိသိ သာသာ အကာ
အကွယ်ယူနေကြတာပဲ ဖြစ်ပါတယ်။

"ဒီကုမ္ပဏီတွေ ကြိုးပမ်းနေကြတဲ့ နည်းလမ်းတွေထဲမှာ ဒါက တော်တော် လေးကြီးမားတဲ့ အပြောင်း
အလဲတစ်ရပ် ဖြစ်ပါတယ်။ ပြီးတော့ ဒါက ပညာရပ်ပိုင်း ဆိုင်ရာ ကြိုးပမ်းမှုကြီးတစ်ရပ်လည်းဖြစ် ပါ
တယ်"လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် က ၀ှက်စာရေးနည်၊ ဖော်နည်း ကျွမ်းကျင် သူ မက်သယူး
ဂရင်းက ပြောပါတယ်။

"အင်န်အက်စ်အေဟာ ပြည်ပ ထောက်လှမ်းရေးအဖွဲ့တွေက အသုံးပြု တဲ့ဆက်သွယ်ရေးတွေကို
အဓိကအာရုံ ထားတာဖြစ်ပြီး အမေရိကန်အစိုးရက ပါ၀င်ပတ်သက်တဲ့ ပြည်ပထောက်လှမ်း ရေး
အဖွဲ့သက်သက်မဟုတ်တဲ့ အဖွဲ့ အစည်းတွေ အသုံးပြုနေတဲ့ ဆက်သွယ် ရေးတွေနဲ့ ၀န်ဆောင်မှု
တွေမှာတော့ သတင်းစုဆောင်းတာ၊ အသုံးချတာမျိုး တွေ မလုပ်ပါဘူး" လို့ မိုက်ခရိုဆော့ဖ်ရဲ့
မေးမြန်းမှုကို အင်န်အက်စ်အေက ပြန်လည်ဖြေကြားပေးထားတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

သတင်းအချက်အလက်ရယူစုဆောင်း မှုကို နေရာမျိုးစုံမှာ ပြုလုပ်နိုင်ပြီး ကုမ္ပဏီ တစ်ခုရဲ့ ကိုယ်ပိုင်
ဖန်မျှင်ဆက်သွယ်ရေး ကွန်ရက်တွေကိုမှာတော့ လုပ်ဖို့ မလိုပါ ဘူးလို့ အင်န်အက်စ်အေရဲ့
စောင့်ကြည့် မှုကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြား ဖြေကြားပေးခွင့်မရသေးတဲ့ အမည်မဖော်လိုသူ
ပြည်ထောင်စုအဆင့်တာဝန် ရှိသူတစ်ဦးက နိုဝင်ဘာ၂၆ ရက်နေ့ မှာ ပြောကြားခဲ့ပါတယ်။

(၀ါရှင်တန်ပို့စ်) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်