ပြည်တွင်း၌ ကျင်းပသည့် ပွဲများကို မိုဘိုင်း ဖုန်းများတွင် ကြည့်ရှုနိုင်ရန်အတွက် Lgnite ကုမ္မဏီမှ
MMJunction မိုဘိုင်း အက်ပလီကေးရှင်းကို ထုတ်လုပ်ဖြန့်ချိ ထားသည်။ အန်းဒရိုက်နှင့် အိုင်အို
အက်စ်စနစ်သုံးဟန်းဆက်များတွင် အသုံးပြုနိုင် သည့် အဆိုပါအက်ပလီကေးရှင်းတွင် စီးပွားရေး
သမားများအတွက် စီးပွား ရေးနှင့်ဆိုင်သော ဟောပြောပွဲများ၊ ဂီတ ချစ်သူများအတွက် ဂီတမိတ်
ဆက်ပွဲ များ၊ အရောင်းမြှင့်တင်ပွဲများစသည့် တို့ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
"ဒီအက်ပလီကေးရှင်းကို ကိုယ်နဲ့ တစ်ပါတည်းယူဆောင်နိုင်ပြီး အချိန်မကုန်၊ ငွေမကုန်ဘဲ ခဏတာ
အတွင်း လွယ်ကူလျင်မြန်စွာနဲ ့ ပွဲသတင်းများကို သိရှိနိုင်မှာပါ။ ဒါ့ပြင် အက်ပလီကေးရှင်း တွင် လို
အပ်သည့် အချိန်၊ နေရာ၊ နေ့ရက် တို့ကို ရွေးချယ်ကြည့်နိုင်သည့်အချက် က ဒီအက်ပလီကေးရှင်း
ရဲ့ အဓိကအားသာချက်ပါ" ဟု Lgnite ကုမ္မဏီမှ မကြည် ပြာဝင်းက ပြောသည်။
အက်ပလီကေးရှင်းကိုလည်း ခြောက် လတစ်ကြိမ် update များပြုလုပ်သွား မည်ဖြစ်ပြီး ကျင်းပရာ
ပွဲများ၏ လက်မှတ် များကိုမှာယူလိုပါက ၀၁ ၂၃၀၀၈၀၇ သို့ ဆက်သွယ်၍ မှာယူနိုင်မည့် ၀န်ဆောင်
မှုလည်းပါ၀င်သည်ဟု ဆိုသည်။
"ရန်ကုန်၊ မန္တလေးမှာကျင်းပတဲ့ ရှိုးပွဲများရဲ့ လက်မှတ်များကို မူရင်းနှုန်း ထားအတိုင်း မှာယူနိုင်ပါ
တယ်။ ကျွန်မ တို့ ငါးစောင်နဲ့အထက် မှာယူရင်တော့ အိမ်တိုင်ရာရောက် ပို့ပေးနေပါတယ်။ ဒါ့ပြင်
အွန်လိုင်းကနေမှ တစ်ဆင့် လည်း မှာယူနိုင်ပါတယ်" ဟု မကြည် ပြာဝင်းကပြောသည်။
လက်မှတ်ဝယ်ရန် အချိန်မအားလပ် သူများအတွက်အဆင်ပြေမှုရှိစေရန် ဆောင်ရွက်ပေးထားခြင်း
ဖြစ်ပြီး ရန်ကုန် မြို့တွင်အိမ်တိုင်းရာရောက်ပို့ ပေးခြင်း ကို အခမဲ့ဝန်ဆောင်မှုများပေးသွား မည်ဖြစ်
သည်။
"လက်ရှိမှာ မန္တလေးပွဲတွေ မလုပ်ရ သေးတဲ့အတွက် နယ်ဘက်တွေကို ၀န်ဆောင်မှု မပေးရသေးပါ
ဘူး။ နယ် ဘက်တွေကို ၀န်ဆောင်မှုပေးမယ့်ပုံစံ က မန္တလေးက လက်မှတ်မှာတယ်ဆို ရင် မန္တလေး
မှာ ကျွန်မတို့နယ်ခံရှိတယ်။ သူ့ဆီကိုလက်မှတ်ပေးထားမှာပါ။ အဲဒီအတွက် နယ်ဘက်တွေကို
၀န်ဆောင်မှု ပေးတဲအခါမှာလည်း အခမဲ့ဆောင်ရွက် ပေးဖို့တော့ ရည်ရွယ်ထားပါတယ်" ဟု ၎င်းက
ပြောသည်။
အဆိုပါ အက်ပလီကေးရှင်းကို www.mmjunction.com တွင် download ူသေိ ရယူနိုင်ကြောင်း
သိရသည်။ ထို့ပြင် www.mmjunction.com ၀က်ဘ်ဆိုက်တွင်လည်း စီးပွားရေး၊ ဖျော်ဖြေရေး၊
အိုင်တီ၊ လူမှုရေး၊ ့ရဟိတ၊ ့ညာရေး၊ ွှားကစား၊ ဏာပေဟောပြော ပွဲ၊ ျွှရားဓမ္မပွဲ၊ အနုပညာပန်းချီပြပွဲ၊
ကုန်ပစ္စည်းအရောင်းပွဲတော်၊ ရုပ်ရှင် အစရှိသည့် ကဏ္ဍအစုံမှပွဲများကို အချိန် နျင့် တစ်ပြေးညီ
တစ်စုတစ်ဝေးတည်း တင်ပြပေးနေသည်ဟု ဆိုသည်။

















