ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်တာ၊ အီးမေးလ်တွေကို ၀င်ရောက်ဖတ်ရှုတာမျိုးတွေနဲ့
အစိုးရ အဖွဲ့က ပြည်သူတွေကို စောင့်ကြည့်နေတယ်ဆိုတာကို ကျွန်တော်တို့တွေ လက်ခံခဲ့တာ
နှစ်အတော်ကြာပါပြီ။
ဒါပေမဲ့ အခုတော့ တကယ့်စောင့် ကြည့်သူကြီး ပေါ်လာပါပြီ။ သူကတော့ စစ်တပ်ထောက်လှမ်း
ရေးအဖွဲ့လည်းမဟုတ်သလို ဆက်သွယ်ရေး ဒါမှမဟုတ် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိ
သူတွေလည်းမဟုတ်ပါဘူး။
အဲဒါက တော့ ဩစတြေးလျ၊ အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတို့
ပါ၀င်တဲ့ Five Eyes အဖွဲ့ အတွက် အီလက်ထရွန်းနစ်သတင်းအချက်အလက်တွေ ကြားဖြတ်
ရယူပေး နေတဲ့ စင်ကာပူနိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အမျိုးသားလုံခြံုရေးကောင်
စီ(အင်န် အက်စ်အေ) ကန်ထရိုက်တာဟောင်း အက်ဒွပ်စနိုးဒန်ကြောင့် သတင်းပေါက် ကြားခဲ့တဲ့
၂၀၁၂ ပါ၀ါပွိုင့်ဆလိုဒ်ကရ တဲ့ အင်န်အက်စ်အေရဲ့ ထိပ်တန်းလျှို့ဝှက်မြေပုံအရ စင်ကာပူနိုင်ငံ
ဟာ Five Eyes အဖွဲ့ဝင်နိုင်ငံတွေအတွက် သူ့ရဲ့ဒေသတွင်းက ဆက်သွယ်ရေးတွေ ကို စောင့်
ကြည့်ပေးဖို့ အကူအညီပေးနေတာကို သိလိုက်ရပါတယ်။
ဒီပူးပေါင်း မှုဟာ ဥရောပကနေ ဩစတြေးလျနဲ့ ဂျပန်နိုင်ငံအထိ ဆက်သွယ်ထားတဲ့ SEA-ME-
WE 3 ရေအောက်ကေ ဘယ်လ်ကြိုးက သတင်းအချက်အလက် တွေကို ကြားဖြတ်ရယ်စေနိုင်
ပါတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထား ပါတယ်။
ဒီမြေပုံကို ဒတ်ချ်သတင်းစာ NRC Handelsblad မှာ ပြီးခဲ့တဲ့အပတ် က ဖော်ပြထားပါတယ်။
တစ်ခါတလေ ဆက်သွယ်ရေးကြိုးချိတ်ဆက်တဲ့ နိုင်ငံ နှစ်နိုင်ငံ နယ်မြေအပြင် စင်ကာပူနဲ့
တောင်ကိုရီးယားလို တခြားကြားနိုင်ငံ ကိုပါ ဖြတ်ကျော်သွားရတဲ့ မြန်နှုန်းမြင့် ဖန်မျှင်ဆက်
သွယ်ရေးကြိုးတွေကို Five Eyes အဖွဲ့က စောင့်ကြည့်ရာ ကမ္ဘာ တစ်လွှားက နေရာ ၂၀ မှာ
စင်ကာပူနိုင်ငံ ဟာ တစ်ခုအပါအဝင်ဖြစ်ကြောင်း ဒီမြေပုံမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွက် ဒီသတင်းဟာ ဘာကြောင့် အရေးကြီးကိစ္စဖြစ်နေရ ပါသလဲ။ မြန်မာနိုင်ငံရဲ့
အင်တာနက် လိုင်းအားလုံးနီးပါးဟာ ဒီကေဘယ်လ် ကြိုး တစ်ခုတည်းကိုပဲ ဆက်သွယ်အသုံး
ပြုနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ရဲ့ ဆက်သွယ်ရေးကွန်ရက်ဟာ ဒီလို စောင့်ကြည့်မှုမျိုးနဲ့
ပတ်သက်ပြီး အားနည်းချက်ရှိနေပါတယ်။
မြန်မာ နိုင်ငံဟာ SEA-ME-WE 3 နဲ့ ပတ်သက် ပြီး အကြွေးတွေရှိနေသေးတဲ့အတွက်
SEA-ME-WE 4 ကို တိုးချဲ့ချိတ်ဆက် ခွင့်မရသေးပါဘူး။ ဒါပေမဲ့ ကေဘယ်လ် ကြိုးသစ်ဟာ
လည်း ၂၀၁၂ ခုနှစ်ကစပြီး စောင့်ကြည့်ခံနေရပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလိုင်း ဟာ
အဓိက SEA-ME-WE 3 ကေဘယ်လ်ကြိုးကနေ စင်ကာပူနိုင်ငံအနီး က ခွဲထွက်ပြီး ကပ္ပလီပင်
လယ်တစ် လျှောက်ဖြတ်ကာ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဆီ ဆက်သွားပြီး ဖျာပုံမြို့အနီးမှာ
မြေအောက်ကနေ ဆက်လက်ဆက် သွယ်ထားပါတယ်။
ဩစတြေးလျရဲ့ အီလက်ထရွန်းနစ်သတင်းအချက်အလက်စောင့်ကြည့်ရယူရေးအေဂျင်စီဖြစ်တဲ့
Defence Signals Directorate (ဒီအက်စ်ဒီ)ဟာ SEA-ME-WE 3 ကေဘယ်လ်ကြိုး က
သတင်းအချက်အလက်ကြားဖြတ်ရယူဖို့အတွက် စင်ကာပူထောက်လှမ်း ရေးအဖွဲ့နဲ့ ပူးပေါင်း
ဆောင်ရွက်နေတယ်လို့ ဩစတြေးလျသတင်းစာ The Age မှာ အရင်တုန်းက ဖော်ပြ ခဲ့ဖူးပါ
တယ်။
SEA-ME-WE 3ကေဘယ်လ်က သတင်းအချက်အလက်တွေ ချိတ်ဆက် ပေးပို့ဖို့အတွက်
စင်ကာပူနိုင်ငံကာကွယ် ရေးဝန်ကြီးဌာနရဲ့ လုံခြံုရေးနဲ့ထောက် လှမ်းရေးဌာနဟာ ဒီအက်စ်ဒီနဲ့
ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဩစတြေးလျ ထောက်လှမ်းရေးဌာနက သတင်း အရင်းအမြစ်
တစ်ဦးက The Age ကို ပြောပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ ကေ ဘယ်လ်ကြိုး ကီလိုမီတာ ၃၉,၀၀၀ အထိ ဆက်သွယ်ပေးခဲ့တဲ့
လုပ်ငန်းစုကြီး မှာပါ၀င်တဲ့ စင်ကာပူအစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီ SingTel က စီစဉ်ပေး
ထားတဲ့ ကေဘယ်လ်ကနေ သတင်းအချက်အလက်တွေ ရယူတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက် ပြီး ဖြေကြားပေးဖို့ Singtel က ပြီးခဲ့ တဲ့အပတ်မှာ ငြင်းဆိုခဲ့သလို ရန်ကုန် မှာရှိတဲ့
စင်ကာပူသံရုံးကလည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဒီသတင်းနဲ့ ပတ်သက်ပြီးအတည်ပြု
ချက်ရယူဖို့ ဒီအက်စ်ဒီကို မြန်မာတိုင်း(မ်) က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ထောက်လှမ်းရေး
သတင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားခြင်းမရှိ တာဟာ ဩစတြေးလျအစိုးရအဆက်
ဆက် အခိုင်အမာကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်တယ်လို့ အဆိုပါပြော ခွင့်ရပုဂ္ဂိုလ်က ပြန်လည်ဖြေ
ကြားခဲ့ ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တော့ ဒီစွပ်စွဲချက်တွေကို မသိပါဘူးလို့ ပြန်လည်ဖြေကြားထား
ခဲ့ပေမယ့် မြန်မာ အစိုးရကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဝေဖန်ပြောကြားဖို့လုပ်
ရဦးမှာပါ။ ဒါပေမဲ့ ဖန်မျှင်ဆက်သွယ်ရေးကြိုး ကို သူလျှို့လုပ်ထောက်လှမ်းနိုင်တဲ့ အလားအလာ
နဲ့ ပတ်သက်တဲ့ ဒီသတင်း ထွက်လာတဲ့အတွက် စင်ကာပူနဲ့ မလေး ရှားနိုင်ငံတွေအတွင်းမှာ
သံတမန်ရေး အရ အချင်းများမှုကို ဖြစ်ပွားစေခဲ့ပါ တယ်။
စင်ကာပူသံအမတ်ကြီး Ong Keng Yong ကို မလေးရှား နိုင်ငံခြား ရေးဝန်ကြီးဌာနမှာ
လာရောက်တွေ့ဆုံ ဖို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဆင့်ဆို မှု ရှိခဲ့ပါတယ်။ မလေးရှားအစိုးရဟာ
ဒီသတင်းနဲ့ ပတ်သက်ပြီး အရမ်းကို စိုးရိမ်ပူပန်နေ တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး
အနီဖာအေမန်က ပြောကြားတာကို အေအက်ဖ်ပီမှာ ကိုးကားဖော်ပြထား ပါတယ်။
"တကယ်လို့ ဒီစွပ်စွဲချက်တွေ သာ မှန်ကန်မယ်ဆိုရင် ဒါဟာ မလေးရှား အစိုးရက စက်ဆုပ်တဲ့၊
အပြင်းအထန် ကန့်ကွက်တဲ့ အရေးကြီးကိစ္စ တစ်ရပ် ဖြစ်လာမှာပါ " လို့ သူက ပြောကြား ထား
ပါတယ်။ အင်န်အက်စ်အေမြေပုံအရ အင်န်အက်စ်အေဟာ ကမ္ဘာတစ်လွှားမှာရှိ တဲ့ ကွန်ပျူတာ
ကွန်ရက်ပေါင်း ၅၀ယဝဝ၀ ကို ာေူတမေန တွေ ကူးစက်စေနိုင်ခဲ့ပြီး လိုအပ်တဲ့အချိန် ၀င်ရောက်
ကာ အချက်အလက်တွေ ခိုးယူနိုင်တယ် လို့လည်း သိရပါတယ်။
ဒီကွန်ရက် အများစုဟာ အဓိကပစ်မှတ်တရုတ် နိုင်ငံလည်း ပါ၀င်ပါတယ်။ မြန်မာတိုင်း(မ်)က
အရင်ကဖော်ပြခဲ့ သလိုပဲ ၂၀၁၂ ခုနှစ်ကစပြီး ရန်ကုန်မှာ အသစ်တည်ဆောက်ခဲ့တဲ့ အမေရိကန်
သံရုံးဟာ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကို စောင့်ကြည့်ရာ အီလက်ထရွန်းနစ်
ထောက်လှမ်းရေးအတွက် အသုံးပြုရာနေရာ ၈၀ ထဲက တစ်ခုဆိုတာကို အင်န်အက်စ်အေရဲ့
အထောက်အထား စာရွက်စာတမ်းတွေအရ သိရပါတယ်။
သီရိမင်းထွန်း ဘာသာပြန်သည်။

















