အားကစားကွင်းများအတွင်း ဆင်းကတ်များ ရောင်းချ

အားကစားကွင်းများအတွင်း ဆင်းကတ်များ ရောင်းချ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြည်တွင်း ပြည်ပသတင်းမီဒီယာများနှင့် နိုင်ငံခြားသားများသာမက
အားကစားပွဲများ လာရောက်ကြည့်ရှုသော ပရိသတ် များအတွက် သတင်းနှင့် ဆက်သွယ် ရေး
အခက်အခဲမရှိစေရန် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက နည်းအမျိုး မျိုးဖြင့် ၀န်ဆောင်မှုပေးနေ
သည်ကို တွေ့ရသည်။

နေပြည်တော် ဇေယျာသီရိအားကစား ကွင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားရွာများ
တွင် နိုင်ငံခြားသား များအတွက် မိုဘိုင်းဖုန်းဆင်းကတ်များ ကို ကျပ်နှစ်သောင်းနှင့် ရောင်းချပေး
နေ ပြီး ထိုဆင်းကတ်များကို ထည့်သွင်း အသုံးပြုနိုင်သော ဈေးနှုန်းချိုသာ သည့် ဟန်းဆက်များ
ကိုပါ ရောင်းချပေး နေသည်ကို တွေ့ရသည်။

ထို့ပြင်ငွေ ဖြည့်ကတ်များကိုပါ ရောင်းချပေးလျက် ရှိသည်။ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အား
ကစားရွာများတွင် ၎င်းဟန်းဆက်များ နှင့် ငွေဖြည့်ကတ်များနှင့် ဆင်းကတ်များ ရောင်းအားကောင်း
လျက်ရှိကြောင်း နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရောင်းဝန်ထမ်းများက ပြော
သည်။

"ဇေယျာသီရိအားကစားကွင်းမှာ က ရောင်းအားနည်းတယ်။ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာတော့
ရောင်းရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ လူလည်းများတယ်။ ပွဲတွေကလည်း ကျင်းပတာ
များတော့ အဲဒီမှာ နိုင်ငံခြား သားတွေ ၀ယ်ကြတယ်" ဟု အရောင်း ၀န်ထမ်းတစ်ဦးက
ပြောသည်။

"အားကစားပွဲကျင်းပတဲ့ နေရာတွေ မှာလိုက်ပြီး ရောင်းချပေးနေပါတယ်။ ကျွန်မတို့အဖွဲ့တွေ
ခွဲပြီးတော့ အားကစား ကွင်း နေရာတိုင်းမှာရောင်းနိုင်အောင် ဆောင်ရွက်နေပါတယ်" ဟု ၎င်းက
ပြော သည်။

ယခုဝန်ဆောင်မှုကို အရှေ့တောင် အာရှအားကစားပြိုင်ပွဲပြီးဆုံးချိန် အထိသာဝန်ဆောင်မှုပေး
မည်ဖြစ်ကြောင်းလည်း သိရသည်။ အရှေ့တောင်အာရှအားကစားပြိုင် ပွဲကို ရန်ကုန်မြို ့မှလာ
ရောက်ကြည့်ရှု သူ ဦးအောင်ဝင်းက "အခုလို မြန်မာ့ဆက်သွယ်ရေးကပေးတဲ့ ၀န်ဆောင်မှု ကို
ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က နယ်ခံတွေမဟုတ်တော့ ဒီအားကစား
ကွင်းဘယ်နားတွေမှာ ငွေဖြည့်ကဒ်တွေဝယ်လို့ရမယ့် နေရာတွေကို မသိဘူး" ဟု ၎င်းကပြော
သည်။

ပျဉ်းမနားမြို့ ဈေးကွက်တွင်လည်း ငွေဖြည့်ကတ်ရောင်းချရမှု မြင့်တက် လာသည်ဟု မိုဘိုင်း
အရောင်းဆိုင်များ မှ ပြောသည်။ ပျဉ်းမနားမြို ့ပေါ်ရှိ ှုပ ူငါ့အ မိုဘိုင်း ဆိုင်မှ ဆိုင်ပိုင်ရှင် မရတနာ
က "ကျွန်မ တို့ ဆိုင်မှာတော့ ငွေဖြည့်ကတ်တွေ လက်ရှိမှာ ပိုရောင်းရတယ်။ အခုက လည်း
ဆင်းကတ်တွေက ကျေးလက် အထိရောက်နေကြပြီဆိုတော့ ငွေဖြည့် ကတ်တွေကရောင်းရ
တယ်။ ကျွန်မတို့ နိုဝင်ဘာလောက်ကဆိုရင် ရောင်းအား ၂၀ ရာခိုင်နှုန်းလောက် ရောင်းရပေမယ့်
ယခုဆီးဂိမ်းကာလဖြစ်တဲ့ ဒီဇင်ဘာလ မှာတော့ ငွေဖြည့်ကတ်ရောင်းအား ပုံမှန်ထက် ၃၀ ရာခိုင်
နှုန်းလောက်တော့ တက်လာတယ်" ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်